Friday, April 23, 2010

ဧပရယ်လ်ပူး@ပူးတေ

ဧပရယ်လ်ပူး@ပူးတေ


ဒီနေ့ April 23 ဟာ သူငယ်ချင်း ပူးတေရဲ့ မွေးနေ့မင်္ဂလာလေး ဖြစ်ပါတယ် ။ သူ့ရဲ့ မွေးနေ့မှာ ကဗျာလေး ရေးပေးပါလို့ ပြောထားတာကြာပါပြီ ။ မွေးနေ့နီးရင် ပြောပါလို့ ပြောပြီး ကျနော်လည်း အလုပ်များနေခဲ့တယ် ( အမှန်တော့ ဒီလ ထဲမှာ မွေးနေ့ရှိတာ မမေ့ပါဘူး ) ဒါနဲ့ blog list ထဲမှာ ဒီနေ့သူ့မွေးနေ့ဆိုတာ သိလိုက်ရတဲ့အတွက် လက်ဆောင် ကဗျာနဲ့ မွေးနေ့ကဒ်လေးတင်လိုက်ပါတယ် ။ မွေးနေ့ရှင်များ လူလည်ကျလိုက်ပုံ ဟွန်း ..ကျွေးတာကို အဖြူရောင် နတ်သမီးဆီသွားစားတဲ့ ဒါနဲ့ပဲ မနမ်းမ၀(အဖြူရောင်နတ်သမီး) ဆီ သွားပြီး နှင်းဆီရောင်မွေးနေ့ပွဲလေး ခံစားခဲ့ပါတယ် ။ (စားချင်စရာတွေ ..တကယ်စားလို့မရတာပဲခက်တယ် အဲဒီနတ်သမီးက လူကို သရေကျအောင် အမြဲလုပ်တယ် ဒီပြန်လာမှ ၀ယ်မကျွေးရင်တော့ငွင်းငွင်း...) ကဲ...ဧပရယ်လ်ပူးလေးရေ..ယနေ့မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်သော သူငယ်ချင်း ၊ ခင်ပွန်း ၊ မိသားစုနဲ့အတူ.. အောင်မြင်ပျော်ရွှင်သောဘ၀ကို လျောက်လှမ်းနိုင်ပါစေဗျာ...း)


ဒါကတော့ ပူးတေအတွက် မွေးနေ့ကဒ်လေးပါ ။


ဒါကတော့ သောကြာပူးအတွက် ကဗျာလက်ဆောင်ပါ ။

ဧပရယ်လ်ပူး@ပူးတေ

ဧပရယ်လ်တဲ့
အေးချမ်းလိုက်တာ
သံစဉ်တွေနဲ့ ကာရံတဲ့
အလင်္ကာတစ်ပုဒ်....

ရင်ထဲမှာ တေးသွားတွေနဲ့
သီကျူးနေတဲ့ ...
ပူးလေးတစ်ကောင်..
နှင်းဆီရနံ့တွေ သင်းပျံ့လို့....
အိုကွယ်...ကမ္ဘာမြေအနှံ့...
မင်းရဲ့...ဖြူစင်မှုတွေ...
ပျံ့နှံ့လို့................

အေးချမ်းတဲ့ရာသီ...
ပိတောက်တို့ ပွင့်ဖူးရာ
ဒီကာလလေးရဲ့ ...
သောကြာမယ်လေးပေါ့....

ပူးတေရေ...
လေလှိုင်းတွေသာ ...ပြောတတ်ကြမယ်ဆိုရင်..
မင်းအတွက်...ဆုတောင်းသံတွေပြည့်နှက်နေမှာပါ...
သူငယ်ချင်း....
နောင်နှစ်ပေါင်းများစွာတိုင်...
တို့ချစ်တဲ့အိမ်လေးတွေနဲ့..
မခွဲမခွာ အတူနေကြစို့....
အရာရာတိုင်းဟာလည်း ဆွတ်ပျံ့လို့...
အေးချမ်းနေပါစေ သူငယ်ချင်း....

ပျော်ရွယ်ဖွယ်မွေးနေ့မှသည် ...
နောင်နှစ်ပေါင်း...အသင်္ချေ....
ချစ်သော မိသားစုတွေနဲ့...
ဆက်လက်ဖြတ်သန်းနိုင်ပါစေ....

သက်တန့်ချို
၂၃ ဧပရယ်လ် ၂၀၁၀

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1.ံHappy Birthday ပူးတေ..ကဗျာလေးဖတ်ပြီး နတ်သမီးဆီက မုန့်သွားစားလိုက်ဦးမယ်နော်...။
    ပျော်ရွှင်ကျန်းမာပြီး မိသားစုနဲ့အတူ ဘ၀တစ်လျှောက်အေးချမ်းစွာ နေနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်...

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  2. သယ်ရင်းရေ...
    ကျေးဇူးအရမ်းတင်တယ်... သယ်ရင်းကို remind လုပ်ဖို့ သတိရပေမယ့် သယ်ရင်းအလုပ်တွေရှုပ်နေမှာဆိုးတာရယ်... ကိုယ်တိုင်အလုပ်တွေရှုပ်နေလို့ရယ်.. မပြောတော့တာပါ။ ကျေးဇူးအထူးတင်ပါတယ်... သယ်ရင်းတယောက် ကျန်းမာပျော်ရွှင် ဘေးအန္တရာယ်ကင်းပြီး ချစ်သူချောချောလေးနဲ့ လိုရာပန်းတိုင်လျှောက်လှမ်းနိုင်ပါစေလို့ ပြန်ဆုတောင်းပေးပါတယ်နော်... အမှတ်တရအတွက်ကျေးဇူးပါနော်...:D

    ReplyDelete
  3. မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အနာရောဂါကင်းရှင်းပြီး စိတ်သွားတိုင်းကိုယ်ပါ...လိုအင်ဆန္ဒ အားလုံးပြည့်စုံနိုင်ပါစေ ပူးတေလေးရေ...

    ReplyDelete
  4. မွေးနေ့မှာ ပျော်ရွှင်ပါစေ

    ReplyDelete