Monday, April 5, 2010

Kaliningrad မှ က နေသော သစ်တော

Kaliningrad မှ က နေသော သစ်တော


သင်ဟာ သစ်တောတစ်ခုထဲကို ၀င်သွားမယ်ဆိုရင် ဖြောင့်တန်းနေတဲ့ သစ်ပင်တွေနဲ့ အလားတူ အပင်တွေကိုပဲ တွေ့မြင် နိုင်ပါတယ် ။ ကောင်းပါပြီ ကျွန်တော်တို့ ဆက်ပြီးလေ့လာကြည့်ရအောင် ။ ကမ္ဘာလောကကြီးပေါ်မှာ ပုံ သဏ္ဍာန် မမှန်တဲ့ သစ်ပင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တောအုပ်လေးကို သင့်ကို အလည်ခေါ်သွားပါ့မယ် ။ သင်ဟာ ဒီ တောအုပ်လေးကို လိုက်မယ်ဆိုရင်တော့ သရဲ တစ္ဆေနဲ့ ကြောက်မက်ဖွယ် ပုံသဏ္ဍာန်တွေကိုတော့ ခံနိုင်ရည် ရှိဖို့ လိုပါတယ် ။





ဒီလို အပင်မျိုးတွေကို သင်တွေ့မြင်ရတဲ့အခါ သင်ထိတ်လန့်မိမှာ အမှန်ပါပဲ ။ ဒီတောအုပ်လေးဟာ Kaliningrad မှာ တည်ရှိပါတယ် ။ သစ်ပင်တွေအကုန်လုံးဟာ အဖုတွေနဲ့ ကွေးကောက်နေပြီး ထူးဆန်းတဲ့ အခွေအခေါက် ပုံ သဏ္ဍာန် တွေ ရှိနေတာကြောင့် ဒေသခံလူတွေက Dancing Forest ( ကနေသောသစ်တော ) လို့ခေါ် တွင်ကြ ပါတယ် ။ ဒီသစ်တောကို သင်သွားချင်တယ်ဆိုရင်တော့ Kaliningrad အနီးမှာ ရှိတဲ့ Curonian Spit မှာ တွေ့နိုင်ပါတယ် ။

စာရေးသူ.....သက်တန့်ချို (၅.၄.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ဟေး တစ်ရတယ်။
    အဲဒီကိုတော့သွားချင်ပါဘူး။ မြွေကြီးတွေနဲ့တူလို့ ကြောက်တယ်။ :)

    ReplyDelete
  2. Kaliningrad ဘယ်မှာလဲ
    အသံ မထွက်တတ်ပါ ..>>>

    ReplyDelete
  3. သက်တံရေ မျှဝေပေးတဲ့ အတွက်ကျေးဇူးပါ။

    ReplyDelete
  4. မိုက်တယ်ဗျ အဲလိုတောအုပ်မျိုးကို ရောက်ဖူးချင်လိုက်တာ ...

    ကျေးဇူး ကိုသက်တန့် ...မျှဝေပေးလို့ ...

    ReplyDelete
  5. “သစ်ပင်ကောက်ရင် မြင်ရတယ်...လူကောက်ရင်မမြင်ရဘူး”..တဲ့..
    လူလောက် ဘယ်အရာမှ ကြောက်ဖို့မကောင်းဘူးနော်....

    ReplyDelete