Monday, April 19, 2010

ကမ္ဘာပေါ်ရှိ အံ့သြဖွယ်ရာ လှိုက်ဂူကြီးများ ( အပိုင်း ၁)

ကမ္ဘာပေါ်ရှိ အံ့သြဖွယ်ရာ လှိုက်ဂူကြီးများ ( အပိုင်း ၁)

ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ အံ့သြဖွယ်ရာတွေကို နေ့စဉ်ထိုင်ကြည့်နေမယ်ဆိုရင်တောင်မှ မကုန် နိုင်ပါဘူး ။ ဘာလို့လဲဆို ကျွန်တော်တို့ရဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေတောင်မှ မွေးဖွားခြင်း သေဆုံးခြင်းတွေနဲ့ အခြေခံဖွဲ့စည်းလုပ်ဆောင်မှုတွေဟာ ရှုပ်ထွေး များပြားနေလို့ပါပဲ ။ ကဲဒါဆို .. ခန္ဓာကိုယ် အပြင်ဖက် မှာရော အံ့သြဖွယ်ရာ ကမ္ဘာမြေကြီးနဲ့ ဂြိုလ် တွေ နက္ခတ်တာရာတွေ နဲ့ ကောင်းကင်မှာ ပြည့်နှက် နေတဲ့ ကြယ်တွေဟာ အလွန်ကိုပဲ ထူးခြားဆန်းပြားလွန်းလှပါတယ် ။ မြင့်မားတဲ့ တောင်တန်းကြီးတွေ ၊ လကမ္ဘာ ၊ မြစ်တွေ အပင်တွေနဲ့ အံ့သြဖွယ်ရာ ထူးဆန်းမှုတွေဟာ ကုန်နိုင်ဖွယ် မရှိပါဘူး ။ အဲဒီ သဘာဝကပေးတဲ့ လက်ဆောင် အလှတရားတွေထဲကမှ အလွန်တရာ မှောင်မဲ နက်ရှိုင်းပြီး ထူးဆန်တဲ့ ဂူကြီးတွေ ဟာ လေ့လာ သူတွေကို ဆွဲဆောင်နေပြန်ပါတယ်။

Harrison's Cave



ဟာရီဆန် ဂူကြီးကို ကမ္ဘာပေါ်မှာ ရှိတဲ့ အံ့သြဖွယ်တွေထဲက တစ်ခုလို့ ပြောလို့ရပါတယ် ။ ဘာဖြစ်လို့လဲဆို ပုံသဏ္ဍာန် မမှန် ပဲ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ ကျောက်စက်ပန်းဆွဲတွေနဲ့ ကျောက်စက်မိုးမျှော်တွေက အလွန် တရာ အံ့သြဖွယ်ကောင်းပြီး ဒီဂူကြီးနဲ့လည်း ပနာသင့်လှပါတယ် ။ Barbados မှ Caribbean Island မှာ တွေ့နိုင်ပြီး ဒီဂူကြီးဟာ ကမ္ဘာပေါ်မှာ ရေအရှင်စီးဆင်းနေပြီး အရောင်တွေတလက်လက်တောက်ပနေတဲ့ ခရစ်စ တယ် ပုံသဏ္ဍာန်ဖြစ်ပေါ်နေတဲ့ တစ်ခုတည်းသော ရူကြီး ဖြစ်ပါတယ် ။ ထုံးကျောက်တုံးတွေကို ရေတွေ ပွတ်စား တိုက်မှုကြောင့် ဖြစ်ပေါ်လာရပြီး အခန်းပေါင်း ဂူပေါက်ပေါင်းများစွာနဲ့ ပြည့်နှက်လို့နေပါတယ် ။ အဲဒီဂူထဲမှာ ရေကန်တွေ ရေစီးကြောင်းတွေနဲ့ ရေတံခွန်တွေတောင် တည်ရှိပါတယ် ။ သဘာဝလွန်အလှတရားတွေနဲ့ ဆန်းကျယ်တဲ့ ဂူကြီးကို သင် ပုံထဲမှာ တွေ့မြင်နိုင်ပါတယ် ။

Phong Nha Cave



Phong Nha ဂူဟာ ဗီယက်နမ်မှာ ရှိတဲ့အလှဆုံးနဲ့ အကြီးဆုံး ဂူကြီးတစ်လုံး ဖြစ်ပါတယ် ။ ပြီးတော့ ဒီဂူကြီးဟာ Unesco ရဲ့ ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ထားခြင်းလည်း ခံရပါတယ် ။ ဒီဂူကြီးဟာ ၇၇၂၉ မီတာ ရှည်လျား ပြီး အပေါက်ပေါင်းများစွာ ပါဝင်ပါတယ် ။ ပြီးတော့ အောက်ခြေမှာလည်း ၁၃၉၆၉ မီတာ ရှည်လျားတဲ့ မြစ်ကြီး လည်း စီးဆင်းနေပြီး ဂူကြီးတစ်ခုလုံးဟာ ကျောက်စက်ပန်းဆွဲ ကျောက်စက်မိုးမျှော်တွေနဲ့ ပြည့်နှက် လို့နေပါတယ် ။ မြစ်ကြီးမှာလည်း အကျယ်ဆုံးနဲ့ အလှဆုံး သဲမြေတွေ လှပသော ကျောက်တုံး တွေတည် ရှိနေတဲ့အတွက်တစ်ခေါက် လောက်အလည် သွားရောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ။

Waitomo Glowworm Cave



နယူးဇီလန်မှ မြောက်ဖက် ကျွန်းစွယ်မှာ တည်ရှိပြီး သူ့ရဲ့အမည်ဟာ တလက်လက်တောက်ပနေတဲ့ ပိုးစုန်းကြူး တွေကို တင်စားပြီးခေါ်ဝေါ်ခြင်း ဖြစ်ပါတယ် ။ ပိုးစုန်းကြူးကို Glowworms လို့ခေါ်ပြီး ရုက္ခဗေဒ အခေါ်နဲ့ဆို Arachnocampa luminosa လို့ ခေါ်တွင်ပါတယ် ။ သင်အားလပ်ရက်တိုင်း အလည်သွားချင်နေမယ့် နေရာလေး တစ်ခုလည်း ဖြစ်ပါတယ် ။ သာမန် ခြင်တစ်ကောင်လောက် အရွယ်အစားရှိတဲ့ ဒီပိုးစုန်းကြူးသားလောင်းတွေဟာ တောက်ပတဲ့ အလင်းရောင်တွေကို ထုတ်လွှတ်ပြီး ဆုတောင်မှုတွေကို သူတို့ဆီရောက်အောင် ဆွဲယူလေ့ ရှိတယ်လို့ ဆိုပါတယ် ။ စိတ်ဝင်စားဖွယ် ကောင်းတဲ့အချက်က ဗိုက်ဆာလောင်နေတဲ့ ပိုးစုန်းကြူးတွေက ဗိုက်ပြည့် နေတဲ့ ပိုးစုန်းကြူးတွေထက် တောက်ပတဲ့ အလင်းရောင်တွေကို ထုတ်လွှတ်လေ့ရှိတယ်လို့ ဆိုပါတယ် ။ ထောင်ပေါင်း များစွာသော ပိုးစုန်းကြူးသားလောင်တွေက ထုတ်လွှတ်တဲ့ အလင်းရောင်တွေဟာ Panorama ညအလှ ကဲ့သို့ တင်စားကြပါတယ် ။ တကယ်တော့ အပြာရောင်ဟာ သူတို့ အမြီးမှာ ရှိတဲ့ Capsule မှ ဓါတုဓါတ်ပြုခြင်း တစ်ခုကြောင့် ထွက်ပေါ်လာရခြင်း ဖြစ်ပါတယ် ။ ဒီထုံးကျောက်တွေ ဖြစ်ပေါ်လာတဲ့ အသွင် သဏ္ဍာန်ဟာ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ မီလီယံလောက်ကတည်းက ဖြစ်ပေါ်တည်ရှိနေတာလို့ ဆိုခဲ့ကြပါတယ် ။

Cave of the Crystals



မက်ဆီကို နိုင်ငံမှ Chihuahua မှာ ရှိတဲ့ ဂူကို ကမ္ဘာအကြီးဆုံး Crystals လို့ တင်စားကြပါတယ် ။ လှိုက်ဂူဟာ မြင်းခွာ ပုံသဏ္ဍာန်ရှိပြီး ၁၀ မီတာ ကျယ်ပြီး ၃၀ မီတာ ရှည်ပါတယ် ။ ကြီးမားတဲ့ ဆီလီနိုက် ကျောက်တွေတည်ရှိပြီး အချို့ဆိုရင် ၃၀ ပေရှည်ပြီး အချင်း ၄ မီတာ နဲ့ ၅၅ တန်လေးတဲ့ ကျောက်တွေတောင် ရှိကြပါတယ် ။ Naica တောင်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မီးတောင်လှုပ် ရှားမှုတွေ ကြောင့်အ ပူချိန်အလွန်မြင့်မားတဲ့ anhydrite gypsum သတ္တုတွေနဲ့ ပြည့်နှက်လို့နေပါတယ် ။ ကမ္ဘာ့မြေအောက်လွှာမှာ ရှိတဲ့ ကျောက်ရည်ပူတွေကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မြေအောက်ရေတွေဟာ ပွက်ပွက် ဆူ နေပြီး အဲဒီရေတွေထဲက သတ္တုဓါတ်တွေ ဒြပ်စင်တွေကို ပျော်ဝင်သွားစေပြီး အေးခဲတဲ့အခါ ဒီလိုလှပတဲ့ Crystals လေးတွေ ဖြစ်ပေါ်လာပါတယ် ။

Ali Sadr cave, Hamadan Iran



အနောက် အီရန်မှာ ရှိတဲ့ Hamadan ရဲမြောက်ဖက်မှာ ၁၀၀ ကီလိုမီတာလောက်အကွာမှာ Ali Sadr ဂူကြီး တည်ရှိပါတယ် ။ ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးလှိုက်ဂူတွေထဲက တစ်ခုအပါအ၀င်လည်း ဖြစ်ပါတယ် ။ နှစ်ပေါင်း ၇၀ မီလီယံ သက်တမ်းရှိပြီဖြစ်တဲ့ ဒီလှိုက်ဂူကြီးဟာ များစွာသော ကြီးမားသော နက်ရှိုင်းတဲ့ ကန်ကြီးတွေ ကျောက် စက်ပန်းဆွဲတွေနဲ့ အရောင်အသွေးအစုံစုံ ဂူနံရံတွေမှ တွဲလောင်းကျနေတာဟာ ရင်သပ်ရှုမောဖွယ် ကောင်း လှပါတယ် ။ ပန်းပွင့် သဏ္ဍာန် ၊ အပ်ချောင်းသဏ္ဍာန် ၊ ထီးပုံသဏ္ဍာန်နဲ့ အနီရောင် ခရမ်းရောင် အစိမ်းရောင် အပြာရောင် တွေပါဝင်ပြီး တကယ့်ကို စွဲမက်ဖွယ်ရာ မြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ် ။ Ali Sadr ဟာ ရွက်လှေ အပျော်တမ်းတိုက်တဲ့ ဂူဖြစ်တယ်လို့ ဆိုပါတယ် ။ ဒီဂူထဲက ရေတွေဟာ အလွန်ကို ကြည်လင်လှပြီး မိန်ပြပြ အလင်းရောင်နဲ့တောင်မှ အနက် ငါးမီတာလောက်ကို ဖောက်ထွင်းပြီး မြင်ရပါတယ် ။

စာရေးသူ......သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. လှလိုက်တဲ့ ဂူတွေနော် ။ ရောက်ဖူးချင်လိုက်တာ။

    ReplyDelete
  2. လှလိုက်တဲ့ ဂူတွေနော် ။ ရောက်ဖူးချင်လိုက်တာ။

    ReplyDelete
  3. လှလိုက်တဲ့ ဂူတွေနော် ။ ရောက်ဖူးချင်လိုက်တာ။

    ReplyDelete
  4. နှစ်ပေါင်း ၇၀ မီလီယံ တောင် ရှိပြီ ...
    ဘယ်လို စိတ်နဲ့ တွက်ကြည့်ရမှန်းတောင်
    မသိဘူးးး ... >>>

    ReplyDelete
  5. ဟုတ်တယ်နော်။တော်တော်လှပြီး၊တော်တော်လည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။မြန်မာနိုင်ငံမှာလည်းပင်းတယဂူ။မြင်းမထိဂူ၊မုံတ၀ဂူ၊ပိတ်ချင်းမြောင်ဂူနဲ့ထမ့်ဈန်းလှိုင်ဂူတွေရှိပါတယ်။မြန်မမှာတေ့များသောအားဖြင့်ဂူတွေထဲမှာဘုရားတွေတည်ထားတာများပါတယ်။ထမ့်ဈန်းလှိုင်ဂူဟာတော်တော်ထူးခြားပါတယ်။ဟိုပုံးကိုရင်လေးတည်ထားတာပါ။ဂူထဲမှာထူးခြားတဲ့ကျောက်စက်ပန်းဆွဲတွေပုံတွေလဲရှိပါတယ်။ပုံတစ်ချို့တစ်လေတော့ရှိပါတယ်။နောက်မှကိုသက်တန့်ဆီပို့ပေးပါ့မယ်။

    ReplyDelete
  6. မြန်မာပြည်ကဂူတွေကိုလည်းသဘာဝအတိုင်းထိန်းသိမ်းဖို့ပညာပေးနိုင်ရင်ကောင်းမယ်

    ReplyDelete