Friday, April 9, 2010

သဘာဝအလျောက် ကြီးမားသော မှိုကျောက်တုံးကြီးများ

သဘာဝအလျောက် ကြီးမားသော မှိုကျောက်တုံးကြီးများ


Bulgaria မှာရှိတဲ့ Beli Plast ရွာကလေးမှာ အလွန်ကို ထူးဆန်းတဲ့ သဘာဝ ဖြစ်ရပ်ဆန်းတွေကို တွေ့မြင်နိုင် ပါတယ် ။ အဲဒီရွာကလေးမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ကြီးများတဲ့ မှိုကျောက်တုံးကြီးတွေကို တွေ့မြင်နိုင်ပါတယ် ။ ဒီမှိုကျောက်တုံးတွေရဲ့ အသွင်သဏ္ဍာန်ဟာ အလွန်ကို ထူးခြားလှပြီး သူတို့ကို ဖုံးအုပ်ထားတဲ့ အကာ ကတော့ ထုံးကျောက်တွေပဲ ဖြစ်ပါတယ် ။ အကြီးဆုံး မှိုကြီးဟာ သုံးမီတာ အမြင့်တောင်ရှိပါတယ် ။

ဒီမှိုကျောက်တုံးကြီးတွေရဲ့ ဖြစ်စဉ်ကတော့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ရေ ၊ မြေ ၊ လေ တို့ရဲ့ ပွတ်တိုက်စားမှုကြောင့် ဒီလို ပုံသဏ္ဍာန်တွေ ဖြစ်ပေါ်လာရတယ်လို့ ခန့်မှန်းရပါတယ် ။ အခုချိန်မှာတော့ အဲဒီနေရာမှာ ရေတွေ ခန်းခြောက်နေပြီး သာဘာဝထုံးကျောက်တွေနဲ့ ဖုံးအုပ်လျှက်ရှိပြီး ဖြစ်ပေါ်လာတဲ့ အသွင် သဏ္ဍာန်တွေက ခရီးသွား ဧည့်သည်များကို ဆွဲဆောင်လျက်ရှိပါတယ် ။







စာရေးသူ.....သက်တန့်ချို (၉.၄.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. မှိုဟင်းချက်စားချင်လိုက်တာ။

    ReplyDelete
  2. အော်...........ထူးဆန်းပါပေ့။

    ReplyDelete