Wednesday, May 5, 2010

ကမ္ဘာ့အနက်ဆုံးလှေကားထစ်များ

ကမ္ဘာ့အနက်ဆုံးလှေကားထစ်များ


အိန္ဒိယနိုင်ငံဟာ အလည်လာသူတွေကို သူတို့ရဲ့ လက်မှုပညာ ယဉ်ကျေးမှု အမွေအနှစ် တွေနဲ့ လူတိုင်းကို ဆွဲဆောင်နိုင်တယ်ဆိုတာ သိကြပြီး ဖြစ်ပါတယ် ။ အိန္ဒိယနိုင်ငံရဲ့ ထင်ရှားတဲ့ သမိုင်းဝင်နေရာတစ်ခုကတော့ ရာဇ၀င်တွေထဲထိအောင် ဆွဲဆောင်နိုင်လွန်းတဲ့ Taj Mahal ပဲ ဖြစ်ပါတယ် ။

အလားတူပဲ ထင်ရှားတဲ့ လက်မှုပညာမြောက် အဆောက်အဦးတစ်ခုကတော့ Jaipur အနီးမှာရှိတဲ့ Abhaneri ရွာကလေးမှာ တည်ရှိတဲ့ Chand Baori လို့ခေါ်တဲ့ လှေကားထစ် ရေတွင်းနက်ကြီးပဲ ဖြစ်ပါတယ် ။ ဒီလှေကား ထစ်ရေတွင်းနက်ကြီးကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ် ။ သင်သေချာကြည့်မယ်ဆိုရင် ဒီလှေကားထစ်ပုံစံတွေဟာ ပိရမစ်တစ်ခုကို ပြောင်းပြန် လှန်ထားတာနဲ့ တူနေတယ်ဆိုတာကို သတိထားမိပါလိမ့်မယ် ။ ပေ၁၀၀ ထိတိုင်အောင်နက်ပြီး လှေကားထစ်ပေါင်း ၃၅၀၀ ရှိပါတယ် ။ ဒီလှေကားထစ်တွေနဲ့ ရေတွင်းနက်ကြီးနဲ့ ပတ်သတ်ပြီး ပုံပြင်ပေါင်း ၁၃ ပုဒ်လည်း ရှိနေပါသေးတယ် ။


















သက်တန့်ချို ( 5 May 2010)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. အဲဒီလှေကားထစ်ဟိုး...အောက်ကိုဆင်းသွားရင် စိမ်းနေတဲ့ရေက တော်တော်နက်လားမသိဘူးနော်...။
    အရောင်ကိုကြည့်ရတာနဲ့ အသည်းယားတယ်...
    လှေကားထစ်လေးတွေတော့အရမ်းလှတယ်...။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  2. လှေကားထစ်လေးတွေက လှတယ်နော်
    ဒါပေမယ့်  ဆင်းပြီး ပြန်တတ်ရမှာတော့ 
    ညီမလေးလို ပုံစံမျိုးနဲ့ ဆို
    မူးလဲသွားမှာ အသေအချာပဲ ... ;)

    ReplyDelete
  3. အချိန်ကုန်ခံပြီး ရှာရှာဖွေဖွေဖော်ပြပေးတာ ကျေးဇူးပါ။ ဒီနေရာမှာ ပုံပြင် ၁၃ ပုဒ်မဟုတ်ပါ။ ရေကန်မှာ လှေကားအဆင့် ၁၃ ဆင့်ရှိတာဖြစ်သင့်ပါတယ်။

    ReplyDelete
  4. တစ်ကယ့်ကို ကြောက်ဖို့ ကောင်းတာပဲ..။ အံ့သြဖို့ လဲ ကောင်းတယ်..။

    ReplyDelete
  5. တစ်ကယ့်ကို ကြောက်ဖို့ ကောင်းတာပဲ..။ အံ့သြဖို့ လဲ ကောင်းတယ်..။

    ReplyDelete