Thursday, May 13, 2010

အရေပြားရောဂါအတွက် အခက်မတွေ့စေဖို့

အရေပြားရောဂါအတွက် အခက်မတွေ့စေဖို့

အရေပြားရောဂါအတွက် သိသင့်သိထိုက်တဲ့ ဗဟုသုတများကို ကဗျာများအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ။ ဒါပေ မယ့် ဒီကဗျာလေးတွေဟာ ကျွန်တော့်ရဲ့ကိုယ်ပိုင်ကဗျာများ မဟုတ်ပါဘူး ။ ကျွန်တော်တို့ရဲ့ ဆရာမ ဒေါက်တာ မြတ်စန္ဒာကျော်ရဲ့ အရေပြားရောဂါဆိုင်ရာကဗျာများပဲ ဖြစ်ပါတယ် ။ ဆမ မွမ်းမံသင်တန်း တက်တုန်းက ရရှိခဲ့တဲ့ လက်ကမ်းစာစောင်လေးထဲက ကဗျာများပဲ ဖြစ်ပါတယ် ။ မိမိတို့ရဲ့ ကလေးငယ်များနှင့် မသိသေး သူများကို ကဗျာလေးတွေ လက်ဆင့်ကမ်းပေးခြင်းအားဖြင့် အရေပြားရောဂါအတွက် အခက်မတွေ့ကြပါစေနဲ့လို့ ဆုတောင်း ပေးလိုက်ပါတယ် ။


ဝက်ခြံ


အနီဖု အနီစက် ကျောမျက်နှာ
ဆယ်ကျော်သက်တွေ ပိုဆိုးတာ
ထုံး သနပ်ခါး မိတ်ကပ်ဖုံး ပိုကြီးလာ
မမှဲ့မှီက ကုတ်လို့ခြစ်
ပြည်တည်ရောင်တဲ့မျက်နှာဖြစ်
အမည်းစက် အနာရွတ် ပြည့်ကျန်ရစ်
မိတ်ကပ်ထူထူ လိမ်းဖို့ကာ
Skinar ငှက်နှစ်ကောင် ပိုဆိုးနိုင်
သားနှင့်သမီးမပြုံးနိုင်
စနစ်တကျ ကုမှနိုင် ။
မျက်နှာကို သန့်စင်စင်ထား
မှန်မှန်အိပ်ကာမှန်မှန်စား
ဗုဒ္ဓဂုဏ်တော်ရွတ်မှတ်ပွား
ကြည်လင်ရွှင်ပြနေပါလား
ဝက်ခြံဖုတွေထွက်ပြေးသွား။



ဆိုရီးယားစစ်

ဆိုတာဟာ
အကြေးအထပ်နီတဲ့ရောဂါ
ဘာကြောင့်ဖြစ်လဲမမေးနဲ့
Auto Immune တဲ့
(ကိုယ်ဘာကိုယ် မတည့်တဲ့)
ကုတ်ရာခြစ်ရာ ဖြစ်တတ်တာ
Koebner's လို့ခေါ်တာ
ခေါင်းကိုယ်ခြေလက်
လက်သည်းကွက်
နှင်းခူပွေးနဲ့ တူပါရဲ့
ဖြစ်လိုက် ပျောက်လိုက်တပြန်စီ
Pred : Dexa ရှောင်ရမည်
အကြေးအထပ်လှန်ကာကြည့်
သွေးစို့ဟာကိုသိ (Austpitz)
မကူးစက်တာသတိထား
ဗဟုသုတမှတ်ပါလား



ဝဲရောဂါ

ညဆိုယားတာဝဲရောဂါ
ဘရိတ်ဒန့်ကလို့ ကုတ်ရတာ
ယားတိုင်းကုတ်လည်း ကုတ်မပြေ
အသားပြဲထွက်ပြည်စို့နေ
အတူနေ တစ်မိသား ၊ အားလုံးဝဲကူးသွား ။
" ဘက်နိုဗိတ်နဲ့ ငှက်နှစ်ကောင်" ( ယားနာပျောက်ဆေး)
ဝဲကိုခဏ သက်သာသယောင်
တကယ်ဆို မပျောက်ဘဲ
ဝဲသံသရာမှာ နစ်နေဆဲ
ဝဲစွဲသေချာမကုရင်
ကျောက်ကပ်ထိခိုက် ပိုးက၀င်
ဆေးမှန်ရင်တောင်စနစ်မကျ
အရေပြားပိုရောင် ရောဂါကြွ
သန့်ရှင်းသေချာကုပါမှ
တစ်မိသားလုံးကုပါမှ(တစ်ချိန်တည်းလည်းကုပါမှ)
ဝဲပျောက်မည်မုချ ။



ခရုသင်းနှင့် သမင်ဖြူ

အရေပြားကစွတ်စွတ်ဖြူ
ဘေးအသားနဲ့ မူကွဲပြား
ထုံကျင်နာယားမခံစား
ကုတ်ရင်ခြစ်ရင် အသစ်ဝင်
တကယ်ကုရင်မနိုင်ချင်
နုစဉ်ကုရင်ပျောက်နိုင်သည်
လည်ပင်းကြီး ဆီးချိုဖယ်ရမည်
ဖြစ်သူတိုင်းမျိုးရိုးမဟုတ်
ဖြစ်နိုင်သူချည်းအကုန်ဟုတ်
ရောဂါပိုးတွေမဟုတ်ခဲ့
ကူးစက်ပွားမှာမကြောက်နဲ့။



ပွေး

အနားထူတဲ့ပွေးကွက်ကလေး အရေပြားကိုဒုက္ခပေး
ဆေးမြီးတိုနဲ့ ပျောက်သယောင် တကယ်ကျတော့မလွယ်ပေါင်
အကြေးလေးတွေအထပ်ထပ် ရေထိလွန်းရင်အနာမချပ်
ကုတ်လို့ကောင်းလေပိုကုတ်လေ လက်သည်းကူးတာ ဗွေးဆိုးလေ
ဒက်ကုတ်ရင်လည်း လက်သည်းပျက် ဆေးကုငွေကုန်အလုပ်ပျက်
သဲဝဲ ရေ၀ဲ မကုထား ခြေသည်းတွေလည်း ပိုးတွေစား
ဓါးမသန့်ရင် ကိုရင်များ သင်တုန်းဓါးနဲ့ ပွေးတွေပွား
ဘယ်တော့ဖြစ်ဖြစ် ခေါင်းရိတ်ရင် တစ်ခါသုံးကို သုံးစေချင်
ငှက်နှစ်ကောင် ၊ ဘက်နိုဗိတ်
ပွေးဒက် မကုနိုင်မှတ်ပါလိမ့်
မထိတထိ ဆေးကုရင် တစ်ကယ်ကုတော့ မပျောက်ချင်
စနစ်တကျ ကုမှသာ ပွေးဒက် ရောဂါပျောက်တော့မှာ
သန့်သန့်ရှင်းရှင်း နေပါလား ပြန်ဖြစ်တာကို ကာကွယ်ထား ။

Credit : ဒေါက်တာမြတ်စန္ဒာကျော်

သက်တန့်ချို
13 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

16 comments:

  1. ကုတ်ခြစ်ရဲတော့ဘူးး :)

    ReplyDelete
  2. ဟာာ သတိထားရတော့မယ်

    ReplyDelete
  3. ကြည့်ရင်းနဲ့ တောင် ယားလာတယ် ..( အသည်းယား တာ ပါ ) ..
    Seborrheic dermatitis အကြောင်း လေး ရော .. စပ်ထားတာ ရှိသေးလား .. Psoriasis နဲ့  သိပ် မခွဲခြားတတ် လို့  ပါ ။

    အရင်ကတော့ မြွေ နှစ်ကောင် ပွေးဝဲယားနာ ပျောက်ဆေး ဆိုတာ ကြားဖူးတယ် ..ခုတော့ ငှက်နှစ်ကောင် ဆေးပါ ပေါ်နေတာ ကိုး ..
    မှတ်သားသွားပါတယ် သက်တန့် ရေ ..

    ReplyDelete
  4. အသည်းရော အူရောယားတယ်... ချိတ်ညစ်ချာကြီး....

    ReplyDelete
  5. ကိုကြီးသက်ရေ ဗောက်ရောဂါ အကြောင်းလေး ပြောပြ ပါဦးရှင်..

    ReplyDelete
  6. မောင်လေး ဟဲဟဲ။။ မေးဦးမလို့ .... ဆပ်ပြာစားလို့ နဂိုအရေပြားတောင် ပြန်အသစ်မဖြစ်တော့တဲ့ လက်ချောင်းကြားက ဝဲကိုရော ဘယ်လိုဆေးနဲ့ ကုရမလဲ။။။ အစ်မကို ပြောပြပါဦးနော်။

    ReplyDelete
  7. ဆေးဝယ်ရတာ။။ ဆေးဝယ်ပေးရတာ တော်တော်လန့်သွားလို့

    ReplyDelete
  8. ကိုကြီးသက်တန့် ရေ ... ဗောက်ရောဂါနဲ့ အူအတက် ရောင်ခြင်း/ ပေါက်ခြင်း အကြောင်းကိုလဲ သိချင်ပါသေးတယ် .. ကူညီပါဦးနော်..

    ReplyDelete
  9. သက်တန့် ရေ...
    ဂျီပီဘ၀ နဲ့ ဟောက်ဆာဂျင်ဘ၀လေး
    ဆက်ရေးပါဦး
    အားပေးနေမယ်...

    ReplyDelete
  10. ညီလေးရေ ကိုကြီးသင်တန်းသွားနေလို.သတင်းတော်တော်လွတ်ကုန်တယ်။
    အိမ်ကမိန်းမနဲ.ကလေးတောင်သတိမရဘူးကွာ။

    ReplyDelete
  11. Can you post about "Keloid" ? I want to know about it.
    Thank you.

    ReplyDelete
  12. ပွေးဖြစ်တယ် ဆရာ
    ပေါင်ခြံ မှာပါ။
    ပီးခဲ့တဲ့လက မြိတ်မှာ မိုးကလည်းကောင်း ၊ မီးကလည်းပျက်တော့ အတွင်းခံဘောင်းဘီ မီးပူမတိုက်ပဲ တပတ် ဆယ်ရက်လောက် ၀တ်လိုက်ရတယ်။
    မိုးကလည်း မပြတ်ရွာနေတော့ လျော်ထားတဲ့အ၀တ်အစားတွေက နေပူမရပဲ အရိပ်ထဲမှာ စိုထိုင်းထိုင်းနဲ့ ခြောက်တဲ့အ၀တ်အစားတွေဆိုတော့ မှို န့ံ တွေသင်းနေပါတယ် ဆရာ။
    ပွေးဖြစ်ဖို့  အင်မတန်မှကောင်းတဲ့အခြေအနေမျိုးမှာ မီးကလည်း တောက်လျောက် ပျက်နေခဲ့တော့ အတွင်းခံဘောင်းဘီကို မီးပူမတိုက်ရပဲ မှိုန့ံသင်းသင်းနဲ့ တပတ် ဆယ်ရက်လောက် ၀တ်ခဲ့ရာကနေ ပေါင်ခြံမှာ ပွေးတွေထွက်လာပါတယ် ဆရာ။
    ပွေးဆေးတော်တော်များများ လိမ်းပေမယ့် မသက်သာလို့  ဆရာ့ ဆီ ဆေးညွှန်းတောင်းခံရတာပါ။
    အမြန်ဆုံးပျောက်မဲ့ အကောင်းဆုံးဆေးကို ညွှန်ပြပေးပါဆရာ။
    ကျနော် ဆေးညွှန်း စောင့်ယူပါ့မယ်။
    ဆရာ ကျန်းမာပါစေ။

    ReplyDelete
    Replies
    1. ဆစ်ခရွန် လိမ်းကြည့်ပါလား ကျွန်တော် ဖြစ်တုန်းက 2 ရက်လိမ်းရတာ ပျောက်တယ်

      Delete
  13.ိုဇာနီဇာလိုပဲ ကျွန်​​တော်​လည်း​ပေါင်​မှာ အဲဒါ​ဆေးညွှန်း​လေး​ပေးပါဦး

    ReplyDelete
  14. မသိတာသိခွင့်ရလြိ့ ကျေးဇူးပါရှင့်။

    ReplyDelete
  15. ကြိတ်​ ​ပေါက်​လို့

    ReplyDelete