Tuesday, May 25, 2010

Israel-Jordan နယ်စပ်မှကြောက်မက်ဖွယ်ရာပင့်ကူကြီး

Israel-Jordan နယ်စပ်မှကြောက်မက်ဖွယ်ရာပင့်ကူကြီး


သိပ္ပံပညာရှင်တွေဟာ Israel Jordan နယ်စပ်က သဲသောင်ပြင်ပေါ်မှာ ပုန်းအောင်နေတဲ့ ပင့်ကူမျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိနိုင်ခဲ့ပါတယ် ။ ကြောက်မက်ဖွယ်ကောင်းတဲ့ခြေချောင်းတွေနဲ့ ဒီပင့်ကူဟာ ဆွဲဆန့်လိုက်မယ်ဆိုရင် ငါးလက်မတိတိရှိပြီး နာမည်ကတော့ Cerbalus aracensis ပဲဖြစ်ပါတယ် ။ အရှေ့အလယ်ပိုင်းဒေသမှာတော့ အကြီးမားဆုံး ပင့်ကူပဲ ဖြစ်ပါတယ် ။

" ပင့်ကူမျိုးစိတ်သစ်တစ်ခုကို ရှာဖွေတွေ့ရှိဖို့ဆိုတာ အလွန်ပဲ ရှားပါးလှပါတယ် အနည်းဆုံး ဒီကမ္ဘာကြီးရဲ့ အစိတ် အပိုင်းတွေအပေါ်မှာပေါ့ ဒါပေမယ့် ဒီကောင်ကြီးကတော့ တကယ့်ကို ကြီးမားလွန်းပါတယ် "

လို့ Israel နိုင်ငံ Haifa-Oranim တက္ကသိုလ်မှ ဇီဝဗေဒပညာရှင် Uri Shanas ကပြောကြားခဲ့ပါတယ် ။ ပင့်ကူကို ရှာဖွေတွေ့ရှိခဲ့တာလည်း အဲဒီသိပ္ပံပညာရှင်ပဲဖြစ်ပါတယ် ။




ခြေချောင်းတွေကို ဆန့်ကားပြီး အရှေ့ဖက်ကို သွားနေတာဟာ ပုတ်သင်ညို ၊ ပုတတ်တွေနဲ့ဆင်တူလှပါတယ် ။ ဒီပင့်ကူဟာ သူ့ကို မရိပ်မိစေဖို့ ပတ်ဝန်းကျင်ကနေရုပ်ဖျက်ဖို့အတွက် သဲတွေကို စုပုံပြီး ဖုံးကွယ်လေ့ရှိပါတယ် ။

ရှာဖွေလေ့လာသူတွေက ဒီပင့်ကူကောင်တွေဟာ အချိန်တိုင်း သားကောင်ကိုတိုက်ခိုက်ဖို့ ထိုင်ပြီး စောင့်နေ လေ့ရှိကြောင်းယုံကြည်ပါတယ် ။ မမျှော်လင့်ပဲ ပင့်ကူတွေရဲ့စားကျက်ဟာ ဖျက်ဆီးခြင်းခံရပါတော့မယ် ။ Israeli အစိုးရက လက်တလော ဒီနေရာမှာ မိုင်းတွေနဲ့ ဖြိုခွဲဖို့ ထောက်ခံထားပြီး ပင့်ကူတွေကို သုတ်သင်ပစ်ဖို့လို့လည်း ဆိုထားပါတယ် ။

သက်တန့်ချို
25 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ကြောက်စရာကောင်းလိုက်တာ .အသဲယားစရာကြီး
    သူကရော ကိုက်တတ်လား.......

    ReplyDelete
  2. ငါးလက်မရှိတယ်ဆိုတော့ကြီးတယ်လို့ပြောလို့ရတယ်နော်။
    ကြောက်စရာကောင်းလိုက်တာ။။အဆိပ်ရှိလားမသိဘူးနော်။
    ကျန်းမာပျော်ရွှင်ပါစေနော်..
    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  3. ပင့်ကူလူသားကျတော့ကြည့်လို့ကောင်းတယ်..
    ဒီပင့်ကူကြီးကျတော့ကြောက်စရာကြီး..

    ReplyDelete
  4. ပင့်ကူဆိုရင် အသေးရော..အကြီးပါ..ကြောက်တယ်...

    ReplyDelete