Eisriesenwelt Cave

Eisriesenwelt ဟာ သဘာဝ ထုံးကျောက်ရေခဲတွေနဲ့ ဖွဲ့စည်းတည်ရှိနေတာ ဖြစ်ပြီး Australia နိုင်ငံ Werfen မှာ တည်ရှိပါတယ် ။ Salzburg အနီးမှ Tennengebirga တောင်တန်းများ အတွင်းမှာ တည်ရှိပြီး ဒီဂူကြီးရဲ့ အကျယ် ကတော့ ၄၂ ကီလိုမီတာ ရှိပါတယ် ။ ဒီဂူကြီးဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ အကြီးဆုံး ရေခဲ ကျောက်ဂူကြီး လည်း ဖြစ်ပါတယ် ။
Lechuguilla Cave

ကမ္ဘာပေါ်မှာ ရှိတဲ့ ငါးခုမြောက် အရှည်ဆုံး ဂူကြီး ဖြစ်ပြီး Lechuguilla ဂူကြီးဟာ New Mexico မှ Carlsbad Caverns National Park မှာ တည်ရှိပါတယ် ။ ဂျစ်ပဆမ် သတ္တုဒြပ်စင်တွေနဲ့ အ၀ါရောင် ဆာလဖာ တွေ စုပုံမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကျောက်စက် ပန်းဆွဲတွေ ကျောက်စက်မိုးမျှော်တွေကြောင့် ထင်ရှား ကျော်ကြား လှပါတယ် ။ ဒါပေမယ့်လည်း ဒီဂူကြီးထဲကို လေ့လာရှာဖွေသူတွေ တိုင်းတာမှု ပြုလုပ်သူတွေနဲ့ စူးစမ်း ရေးအဖွဲ့ တွေမှလွဲ၍ လူတိုင်းကို ၀င်ခွင့်မပေးထားပါဘူး ။
Crystal Cave

U.S State မှ Sequoia National Park ဟာ ဂူပေါင်း ၂၄၀ ရဲ့ ပင်မနေရာ တစ်ခု ဖြစ်ပါတယ် ။ Crystal Cave ဟာ စကျင်ကျောက်ဂူဖြစ်ပြီး ၃.၄ မိုင်ရှည်လျားတဲ့ ဒုတိယအရှည်ဆုံး ဂူကြီးလည်း ဖြစ်ပါတယ် ။ ကြီးမားတဲ့ သစ်တော အတွင်းမှာ တည်ရှိပြီး Ash တောင်ဝင်ပေါက်နဲ့ ကြီးမားတဲ့ သစ်တော ကြားမှာ တည်ရှိပါတယ် ။ ဒီဂူကြီး ဟာ အပူချိန် 9'C (48'F) ရှိပြီး လမ်းပြနဲ့သာ ၀င်ခွင့်ပေးထားပါတယ် ။
Yellow Dragon Cave

Yellow Dragon Cave ဟာ Hangzhou မြို့ အနောက်ဖက်တိုးရစ်ဇုန်မှ Xixialing တောင်တန်း အနီးမှာ တည်ရှိပါတယ် ။ ဒီဂူကြီးဟာ တကယ်တော့ သဘာဝ တစ်ဝက် လူတွေပြုပြင်ဖန်တီးထားခြင်း တစ်ဝက်ပါ ၀င်ပါတယ် ။ ဒါဟာ အလွန်ကို ရိုးရှင်းလှပါတယ် ။ ဒါပေမယ့် မတူညီတဲ့ ၀ါးလုံးတွေကဲ့သို့ အဖြူရောင်ဝါးလုံး ၊ ခရမ်း ရောင်ဝါးလုံး ၊ အစိမ်းရောင် ၀ါးလုံး နဲ့ ရွှေရောင်အစက်လေးတွေ ၊ လေးထောင့် ကျကျ ၀ါးလုံး စဖြင့် ပုံသဏ္ဍာန် မျိုးစုံပါဝင်ပါတယ် ။
Velebit caves of Craotia

Velebit တောင်ဟာ Lukina Jama , Slovacka Jama , Velebita နဲ့ Meduza လို့ အမည်ရတဲ့ များစွာသော ဂူတွေရဲ့ တည်ရှိရာနေရာ ဖြစ်ပါတယ် ။ ဒီဂူတွေမှာ ကမ္ဘာ့အထင်ရှားဆုံး ဒေါင်လိုက် ကျောက်စက်ပန်းဆွဲတွေ ပါရှိပါတယ် ။ ဒီပုံသဏ္ဍာန်တွေမြင်ရရင် ကျောရိုးတလျောက် သိမ့်သိမ့်တုန်အောင် စွဲဆောင်နိုင်လွန်းပါတယ် ။ Lukina Jama ရဲ့ အောက်ခြေမှာ ကန်တွေ ၊ ရေစီးကြောင်းတွေ ရှိပြီး အဲဒီရေတွေထဲမှာပဲ Subterranean မျှော့ တွေ နေထိုင်ကြပါတယ် ။
စာရေးသူ.....သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

လှိုင်ဂူတွေ အရမ်းလှတယ် တစ်နေ့တော့ အလည်ရောက်ဖြစ်အောင် သွားဦးမယ်...။ ဒါပေမယ့် Lukina Jama အောက်ခြေမှာရှိတဲ့ ရေကန်ထဲကမျှော့ကိုတော့ကြောက်တယ်...။
ReplyDeleteခင်မင်စွာဖြင့်
မိုးငွေ့
လှလိုက်တဲ့ လှိုက်ဂူကြီးတွေပဲနော်။
ReplyDeleteThis comment has been removed by the author.
ReplyDeleteနိုင်ငံတခုမှာ အလှတမျိုးစီရှိတတ်ကြတယ်နော်..
ReplyDeleteမြန်မာနိုင်ငံမှာတော့ ပင်းတယဂူ နဲ့ ကယားပြည်နယ်က နဂါးပတ်ဂူတွေထဲရောက်ဖူးတယ်...ပြက္ခဒိန်အတွက် ဓာတ်ပုံသွားရိုက်တုန်းက ဒေသခံတွေလိုက်ပို့ပေးတာ၊အရမ်းလှတယ်..နောက်တခေါက်ထပ်ရောက်ဖို့မလွယ်တော့ဘူး...