Sunday, May 2, 2010

ကွန်ဖူးစွမ်းရည်ပြသခဲ့တဲ့ဓါးခုတ်ကောင်

ကွန်ဖူးစွမ်းရည်ပြသခဲ့တဲ့ဓါးခုတ်ကောင်


ဒီနေရာမှာ သင့်ရဲ့ နေ့စဉ်ဘ၀မှာ မြင်တွေ့ဖို့ ခက်ခဲတဲ့ ပုံလေးတွေကိုပုံပြင်လေးတစ်ပုဒ်နဲ့ ပြသပေးပါမယ် ။ ဒီပုံပြင်လေး ကိုကြည့်ခြင်းအားဖြင့် ခန္ဓာကိုယ် အရွယ်အစားကအဓိကမဟုတ်ပဲ ရဲရင့်မှုသာ အဓိက ဖြစ်ကြောင်း တွေ့မြင်နိုင်ပါတယ် ။

ရဲရင့်လှတဲ့ ဓါးခုတ်ကောင်ဟာ ခွေးတစ်ကောင်နဲ့ ဆုံတွေ့စဉ်မှာ ကြောက်ရွံ့ထိတ်လန့်မှု မပြပဲ သူ့ရဲ့ ကွန်ဖူးစွမ်း ရည်ကို ပြသခဲ့ပါတယ် ။ ဒီခွေးငယ်လေးဟာ အိမ်ပြင်ဖက်ကို ထွက်လာစဉ် လမ်းမှာ ဓါးခုတ်ကောင်နဲ့ ရင်ဆိုင် တွေ့ခဲ့တာ ဖြစ်ပါတယ် ။ သေးငယ်တဲ့ ဓါးခုတ်ကောင်က ဒုက္ခမရောက်ခဲ့ပါဘူး ဒါပေမယ့် မိုက်မဲတဲ့ ခွေးငယ်လေး ကတော့ သူ့ကို ဆက်လက်ပြီး ဆွပေးခဲ့ပါတယ် ။ ဒါကြောင့် ဓါးခုတ်ကောင်လေးက သူ့ဘာသာအေး အေးနေ ပါရစေလို့ ပြောပါတယ် ။ အဲဒီအခါ ခွေးက ငြင်းဆန်ခဲ့ပြီး ဓါးခုတ်ကောင်ကို ဆက်လက်ရန်စခဲ့ပါတယ် ။ ဒါကြောင့် ဓါးခုတ်ကောင်က ရွေးချယ်စရာ တစ်လမ်းပဲ ရှိပါတော့တယ် ။ ခွေးကို တိုက်ခိုက်ပြီးသူ့ရဲ့ ကွန်ဖူးစွမ်းရည်ကို ထုတ်သုံးဖို့ပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် တိုက်ခိုက်မှုဟာ မိနစ်ပေါင်းများစွာ ကြာခဲ့ပါတယ် ။ ဓါးခုတ်ကောင်ဟာ ခွေးငယ်လေးကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာ မြေပြင်ပေါ် လဲကျအောင်ပြုလုပ်နိုင်ခဲ့ပါတယ် ။ ဓါးခုတ်ကောင်လေး အနိုင်ရရှိ သွားပါတယ် ။

အောင်မြင်မှုဆိုတာ ခန္ဓာကိုယ်အရွယ်အစားနဲ့ မဆိုင်ပဲ ရဲရင့်မှုနဲ့သာ ဆိုင်ပါတယ် ။










သက်တန့်ချို ( 1st May 2010)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. ခွေးသေသွားတာလားဗျ
    တကယ့်ကောင်ပဲ ဓားခုတ်ကောင်ကတော့

    ReplyDelete
  2. မည်သို့ လုပ်လိုက်သည် မသိ ။

    လူလေးယောက် လဲကျသွား ... ဆိုတဲ့

    သိုင်းဝတ္တုထဲက စကားလို ဖြစ်နေပါပေါ့လား ...

    သော်သော်စွမ်းတဲ့ ဓါးခုတ်သောင်ပဲသွယ် ... :D

    ReplyDelete
  3. ဒါးခုတ်ကောင်ရဲ့ ရဲ့ရင်မှု ခုခံကာ
    ကွယ်မှုကတော့ ချီးကျူးပါတယ်ဗျာ ခွေးလေးလဲသနားစရာ

    ReplyDelete
  4. ပေါက်က၇တွေလာပြောနေတယ်.....ခွေးကလဲကျသွားတာမဟုတ်ဘူး....သူလုပ်ချင်၇ာလုပ်လိုက်၇လို့ ပျော်နေတဲ့၇ုပ်ကြီးများ....တကယ်တမ်းလဲကျအသက်ထွက်သွားတာကတော့ ဓါးခုတ်ကောင်လေးလေ....တွေ့ဘူးလား? လက်တဘက်ကလဲ ခွေးပါးစပ်မှာ ပြုတ်ထွက်နေပြီ...နောက်ဆုံးကေ၇၇င် ဒုတိယပုံမှာ....ဟင်းးး...ကို သက်တန့်ချို...နင်ပေါက်က၇တွေ သိပ်ပြောတယ်....

    ReplyDelete
  5. ဟုတ်ဘဲ၊

    ReplyDelete
  6. တော်ပါတယ် ပြောချင်တဲ့လိုရင်းကိုရောက်အောင်ပြောသွားနိုင်တာပဲ
    ဒါပေမဲ့ အဲဒီခွေးလေးကလည်းပြောတယ် ကိုသက်တန့်ချို သူ့ကိုလုပ်ကြံတယ်တဲ့ .......... :P

    ReplyDelete