Thursday, December 29, 2011

ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ် :(

ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ် :(



စိတ်မကောင်းပါဘူး . . . ဆေးရုံကို လူနာကားတွေ မနက်ထိရောက်လာတာမပြတ်သေးဘူးလို့ မျက်မြင်တွေ က ပြော ကြတယ် ။ မရှိသင့်တဲ့ လူနေရပ်ကွက်ထဲမှာ ဒီလို ပေါက်ကွဲစေတတ်တဲ့ အရာတွေ ထားစေခဲ့လို့ မဖြစ်သင့် တဲ့ ဖြစ်ရပ်တွေ ဖြစ်ရတာလို့ ကျွန်တော်ကတော့ထင်တယ် ။ မီးလောင်မှုကို ငြိမ်းသက်ရင်း အသက်ပေး သွားရတဲ့ မီးသတ်ရဲဘော်တွေကို မိသားစုတွေ ကိုယ်စား အလွန်စိတ်ထိခိုက်ရကြောင်း ထပ်တူထပ်မျှ ၀မ်းနည်းမိ ပါကြောင်းပြောပါရစေ . . . ဒီအတွက်လည်း နိုင်ငံတော်က အကျိုးခံစားခွင့်တွေးပေးမယ်လို့ မျှော်လင့်မိပါတယ် .. ဒါဏ်ရာ ရနေသော သူတွေလည်း နောက်ထပ် အသက်ဆုံးရှုံးမှုတွေမဖြစ်ကြပါစေနဲ့ ၂၀၁၁ ရဲ့ နောက်ဆုံးနှစ် ကုန်ခါနီးမှာ ဒီဖြစ်ရပ်ဟာ နောက်ဆုံး ၀မ်းနည်းဖွယ်ဖြစ်ရပ်ကြီးလို့ မျှော်လင့်ပါရစေဗျာ . . .တချို့ဆို ဘာ မှန်းတောင် မသိလိုက်ရပဲ သေဆုံးသွားကြရသူတွေရှိပါတယ် ..ဒီလို အက်ဆစ် ကန်ကြီးတွေနဲ့ပေါက် ကွဲစေတတ်သော ဓါတ်ဆီ လောင်စာဆီတွေကို လူနေရပ်ကွက်တွေထဲမှာ တိတ်တိတ်ပုန်းဖြစ်စေ ပေါ်တင်ဖြစ်စေ ထားရှိစေခြင်းကို တားမြစ်ပေးကြပါလို့ . . မကြာခင် ပွင့်လင်းရာသီရောက် လာတော့မှာဖြစ်တဲ့ အတွက်ယခုဖြစ် ရပ်ကို နမူနာထားပြီး မီးလောင်မှုတွေမဖြစ်ရအောင် တားဆီးပေးကြစေလိုပါတယ် ယခုဖြစ်ရပ်အတွက် အလွန်ပဲ ၀မ်းနည်းမိပါကြောင်းပြောပါရစေ . . :(

Photo credit to 7 Day News

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. တကယ်စိတ်မကောင်းဘူး မနက်ကကြားကြားချင်းဆိုဒူးတွေတောင်တုန်တယ်း( နှစ်ကုန်ခါနီးမှမကောင်းလိုက်တာနော်း(
    အားလုံး ဘာမှမဖြစ်ကြပါစေနဲ့

    ReplyDelete
  2. စိတ်မကောင်းလိုက်တာဗျာ

    ReplyDelete
  3. မနက်လင်းတာနဲ့ ဓာတ်ပုံတွေတွေ့ရတာ ရင်ထဲအရမ်းဝမ်းနည်းရပါတယ်...အပြင်ကမြင်ရတဲ့လူတောင် ဒီလောက်ဝမ်းနည်းရရင် .. မိသားစုထဲက အသက်ဆုံးရှုံးသွားရတဲ့လူတွေ...အိုးအိမ်/ပစ္စည်းဆုံးရှုံးသွားရတဲ့လူတွေရဲ့ ရင်ထဲကခံစားချက်ကို စဉ်းတောင်မစဉ်းစားရဲပါဘူး...ကျွန်တော်တို့ တတ်နိုင်သလောက်/လက်လှမ်းမှီသလောက် သူတို့ရဲ့ဘဝတွေအတွက် ကူညီကြရအောင်လားဗျာ....

    ReplyDelete
  4. မနက်လင်းတာနဲ့ ဓာတ်ပုံတွေတွေ့ရတာ ရင်ထဲအရမ်းဝမ်းနည်းရပါတယ်...အပြင်ကမြင်ရတဲ့လူတောင် ဒီလောက်ဝမ်းနည်းရရင် .. မိသားစုထဲက အသက်ဆုံးရှုံးသွားရတဲ့လူတွေ...အိုးအိမ်/ပစ္စည်းဆုံးရှုံးသွားရတဲ့လူတွေရဲ့ ရင်ထဲကခံစားချက်ကို စဉ်းတောင်မစဉ်းစားရဲပါဘူး...ကျွန်တော်တို့ တတ်နိုင်သလောက်/လက်လှမ်းမှီသလောက် သူတို့ရဲ့ဘဝတွေအတွက် ကူညီကြရအောင်လားဗျာ....

    ReplyDelete
  5. ဘာပဲဖြစ်ဖြစ် စိတ်မကောင်းပါဘူး
    ကျန်ရစ်သူများနှင့်အတူ ဝမ်းနည်းကျေကွဲမိပါသည်

    ReplyDelete
  6. ထပ်တူထပ်မျှပါပဲအကို...:(

    ReplyDelete
  7. ဒီဇင်ဘာ(၂၉ )ရက် တစ်မနက်မှာ
    ကြားသိသတင်း ရင်ဝယ်မလှ
    ရှိုက်သံမြည်ဟီး မိုးထိလျှံတက်
    ဂုဏ်ယူမိသည် မီးသတ်ရဲဘော်
    အို.. ရဲဘော်တို့

    သက်စွန့်ဆံဖျား နိုင်ငံဂုဏ်ဆောင် သင်စွမ်းဆောင်ရင်း
    အသက်ကိုစတေး တာဝန်ကျေသည်
    ပေးဆပ်နှလုံးသား ကဗျည်းတင်၏
    အသင်ရဲဘော် ထိုရဲဘော်တို့
    ကောင်းရာဘုံတွင် လားစေသော်..
ေ ကာ င်း ရာ ဘုံ တွ င် လားေ စ သော်...

    ReplyDelete
  8. စိတ်မကောင်းဖြစ်ရပါတယ် အကိုရေ..

    ReplyDelete