Tuesday, December 6, 2011

MOBA သို့ ဖိတ်ခေါ်ခြင်း

MOBA သို့ ဖိတ်ခေါ်ခြင်း



Social Network တွေထဲမှာ အောင်အောင်မြင်မြင်နဲ့ ရပ်တည်နိုင်တဲ့ ဆိုက်တွေ ဆိုတာ တကယ်တော့ အခုနောက် ပိုင်း လက်ချိုးရေလို့ရအောင်ကို ရှားပါးသွားခဲ့ပါပြီ ။ စာကောင်းပေကောင်းတွေ ရှားပါးသွားသလို ကိုယ်ပိုင်ရေးစာစုတွေလည်း နည်းပါးသွားလာခဲ့တယ် ။ အထူးသဖြင့် ရသစာပေ စစ်စစ်တွေ ကဗျာ သီး သန့်တွေကို ကဏ္ဍ တွေအလိုက် တကယ့်ကို လှပတဲ့ ဆိုက်လေးတစ်ခုအဖြစ် ဖန်တီးထားတဲ့ မြန်မာအွန် လိုင်းဘလော့ဂါများ စုဝေးရာဆိုက်လေးတစ်ခုကို ညွှန်းပေးချင်ပါတယ် ။ စာရေးအားကောင်းတဲ့ စာရေးသူတွေ စုစည်းနေတဲ့ ဆိုက်လေးတစ်ခုဖြစ်တာနဲ့အညီ ကဗျာကောင်းစာကောင်း နဲ့ ရသစာပေတွေဟာ ဖတ်မ ကုန်နိုင်အောင်ပါပဲ ။ လစဉ်ကဗျာပြိုင်ပွဲ ကဏ္ဍ လေးတွေနဲ့ ရသစာပေ ပြိုင်ပွဲလေးတွေ ပြုလုပ်ပေးတာနဲ့ အညီ ဆုရရှိသူတွေကိုလည်းအမှန်တကယ်ဆုပေးတဲ့ ချစ်စရာ အလေ့အထ လေးတွေရှိတဲ့ ဆိုက်လေးတစ်ခုဖြစ်ပါတယ် ။ ဘလော့ဂ်မှာရေးနေတဲ့ မြန်မာ ဘလော့ဂါတွေ အတော်များများ စာတွေ တင်ပေးတဲ့နေရာဖြစ်တဲ့အပြင် ကဏ္ဍ စုံလင်စွာဖြင့် အောင်မြင်စွာ ရပ်တည်နေတဲ့ ဆိုက်လေးတစ်ခု ဖြစ်ကြောင်း ညွှန်းဆိုပါရစေ ။



Link : www.moba4all.org

Creator : May Theint Theint Kyaw
Link
Hosting : Ning

Member : 2833 (variable)

Features : Blog , Forum , Chat , Group , Photos , Videos

အလည်တစ်ခေါက် လာရောက်ကြဖို့ စာဖတ်သူများကို လေးစားစွာ ဖိတ်ခေါ်ပါတယ် ။ စည်းကမ်းသေ ၀ပ်တဲ့ အက်မင်တွေ ရှိတာနဲ့အညီ စာကောင်း ပေကောင်းတွေ ရှိတဲ့အတွက် ကဗျာချစ်သူ စာချစ်သူတွေအတွက် အထူး သင့်လျှော် တဲ့ စာပေဆိုက်လေးတစ်ခုဖြစ်ပါ့တယ် ။ သတင်းဂျာနယ်ဆိုက်တွေနဲ့ လက်ဆောင်ပေး စရာ ဆော့ဝဲတွေ အကုန်လုံးကို Home Page မှာ တင် လင့်ချိတ်ပေးထားတာနဲ့အညီ ကိုယ်သွား လိုတဲ့ နေရာတွေကို လင့်လေးတွေ နှိပ်ယုံနဲ့ အလွယ်တကူရောက်ရှိသွားနိုင်မှာဖြစ်ပါတယ် ။ ကျွန်တော်တင်သမျှ ပို့စ်တွေကိုလည်း မိုဘာ ဆိုက်လေးမှ တဆင့် ဖတ်မယ်ဆိုရင်လည်း ဖတ်ရှူနိုင်ပါတယ် ။



ရည်ရွယ်ချက်နဲ့ စည်းကမ်းချက်တွေကိုလည်း ဒီလို Home Page မှာတင် လင့်ချိတ်ပေးထားပါတယ် ။



ပျော်စရာကဏ္ဍလေးတွေနဲ့ ဆုလက်ဆောင်တွေပါ ရနိုင်မယ့်အခွင့်အရေး မို့ အခုပဲ သွားရောက် လည်ပတ် ကြပါစို့လား ။

Ok , Let's go to MOBA !!

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment