Thursday, December 22, 2011

ခရမ်းနက်ရောင် နှင်းဆီ

ခရမ်းနက်ရောင် နှင်းဆီ

“ . . . . . . . . . . . . . . ” တဲ့ . . .
စိတ်တို့ ဟိုး အဝေးဆီ ပြေးထွက်ခဲ့
တရှိုက်မက်မက် အနမ်းတွေနဲ့
တစိုက်မက်မက် အလွမ်းတွေနဲ့
နူးညံ့ အိစက် . .
ငါ့ရဲ့ . . ခရမ်းနက်ရောင် နှင်းဆီ

စကားသံမဲ့ တိတ်ဆိတ်ခြင်းအချို့
စီးမျောလိုက်ပါမိခြင်းအချို့
နှုတ်ခမ်းဖျား မှ နှင်းဆီရနံ့များ
ဆောင်းဦး ရာသီရဲ့ ဥာဉ့်နက်တွေတိုင်း
ရစ်သမ် အချို့ ပျိုးနေမိ
ငါက ခရမ်းရောင် သက်တံ့ တစ်စင်းပါကွယ်

ကြာသပတေးတစ်ရက်ရဲ့ . . . .
နံနက် ၁၁ နာရီခွဲ အချိန်ဟာလည်း
မိုင်ပေါင်းများစွာက ခရီးရှည်သံတွေကြားနေရသလို
ခရမ်းနက်ရောင် ဘာသာဗေဒများ . . .
တခါတခါ . . .ဒီကောင်းကင်ကြီးအောက်
ငါ့ကိုယ်ငါ ထစ်ချုန်းရွာချလိုက်ချင်တယ်

ပြောပြောနေကျ နှင်း နံနက်ခင်းမှာတောင်
တံလျှပ်တွေက အပြိုင်းပြိုင်း တောက်ပလို့
ငါ . . . ကမ်းခြေသံတွေ ကြားနေရဆဲ
ဘယ်လို ရာသီဥတုကမှ
ငါတို့ ကို မဝေးကွာစေနိုင်ပါဘူး
ခရမ်းနက်ရောင် . . . ဒဏ္ဍာရီများအကြား
ပျော်ဝင်စီးဆင်းနေဆဲ တိမ်တိုက်များ . . .

ရင်ခုန်သံ တွေ . . . ကျယ်လောင်မြည်ဟီးနေခိုက်
နှောင်တွယ်ငြိငင် . . .နိုင်စွမ်းထဲ . .
ငါ ခုန်ဝင်လိုက်တယ် . . . .
ကမ်း လည်း မမြင် လမ်းလည်း မမြင်
ကြယ်ရောင် တွေ နဲ့ ရောင်ပြန်ခတ်မှုများနဲ့
ငါ့ . . .ခရမ်းနက်ရောင် နှင်းဆီ . . .

ThEtTaNtCH@

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. ငါ . . . ကမ်းခြေသံတွေ ကြားနေရဆဲ
    ဘယ်လို ရာသီဥတုကမှ
    ငါတို့ ကို မဝေးကွာစေနိုင်ပါဘူး
    ငါ ခုန်ဝင်လိုက်တယ် . . . .
    ကမ်း လည်း မမြင် လမ်းလည်း မမြင်
    ကြယ်ရောင် တွေ နဲ့ ရောင်ပြန်ခတ်မှုများနဲ့
    ငါ့ . . .ခရမ်းနက်ရောင် နှင်းဆီ . . .

    ReplyDelete