Friday, December 16, 2011

လှချင်ပါလျှက် . . .(Hirsutism)

လှချင်ပါလျှက် . . .(Hirsutism)



ကမ္ဘာပေါ်မှာ ရှိတဲ့ အမျိုးသမီးထုကြီးကို စစ်တမ်းကောက်ကြည့်မယ်ဆိုရင် မလှချင်တဲ့ အမျိုးသမီးရယ်လို့ တစ်ဦး တစ်ယောက်မှ ရှိမယ်မထင်ပါဘူး ။ အမျိုးသမီးတွေဟာ လှချင်ပါလျှက် တချို့ကလည်း မီးယပ်ရောဂါတွေကြောင့် အခက် ကြုံရသလို တချို့ကလည်း ဟော်မုန်းပြောင်းလဲမှုတွေ ဓမ္မတာ မမှန်မှုတွေေ ကြာင့် သွေးသား ခမ်းခြောက်ပြီး နွမ်းနေတဲ့ ပန်းကလေးတွေလို ဖြစ်နေတတ်ပါတယ်။ ယခုတင်ဆက်ပေး မယ့်အကြောင်း အရာကတော့ လှနေပါလျှက် ခန္ဓာကိုယ်မှာ အမွှေးအမျှင် ထူထပ်တဲ့အခြေအနေတစ်မျိုးဖြစ်တဲ့ Hirsutism အကြောင်း ပဲဖြစ်ပါတယ်။ ဆေးပညာရှုထောင့်ကနေကြည့်မယ်ဆိုရင် ယောင်္ကျားလေးစစ်စစ် မိန်းကလေး စစ်စစ်ရယ် ဆိုပြီး တိတိကျကျ သတ်မှတ်လို့မရတဲ့အခြေအနေ ယူဆလို့မရတဲ့အခြေအနေတွေရှိပါတယ် ။ Sex ဆိုတဲ့ လိင်ကိုသတ်မှတ်ဖို့အတွက် အမျိုးမျိုး standard စံကို သုံးကြတာရှိပါတယ် ။ ဥပမာ ခရိုမိုဆုန်း ( chromosone ) မျိုးပွား အဂါင်္ ( Genital Organ Sex ) ကိုယ်ခန္ဓာအနေအထား ( Body appearance ) ပြီးတော့ စိတ်ဓါတ်ရေး ရာအခြေအနေ ( Pychological sex ) ဆိုပြီး အကြမ်းဖျင်းခွဲကြတာရှိပါတယ် ။ ထူးဆန်းတာတွေ ကမ္ဘာအနှံ့ဖြစ် ပျက်နေတာနဲ့အမျှ တချို့သောသူတွေမှာ က်ားအဂါၤေရာ မအဂါၤေရာ တြဲၿပီး မွေးဖွား လာကြတာတွေရှိပါတယ် ။ တချို့ကတော့ကျား သို့မဟုတ် မ ဖြစ်ပါတယ်လို့ တိတိကျကျ သတ်မှတ်ဖို့ရာ ခက်ခဲတဲ့ အခြေအနေတွေလည်းရှိပါတယ် ။ ဒီလိုမျိုးမှာဆိုရင်တော့ ခရိုမိုဇုန်း တွေကသာလျှင် တရားဝင် တိတိ ကျကျသတ်မှတ်ပေးနိုင်ပါတယ် ။

ကျွန်တော်တို့ ကျား နဲ့ မမှာ ရှိတဲ့ ဟော်မုန်းတွေကို အကြမ်းဖျင်းလည်း ပြန်လည်လေ့လာကြည့်ရအောင် ။ ယောင်္ကျားလေးတွေမှာ ကျားဟော်မုန်း Testorterone နဲ့ မိန်းကလေးတွေမှာ မဟော်မုန်း Estrogen ဆိုပြီး ရှိပါ တယ် ။ အမျိုးသားတွေမှာ ကျားဟော်မုန်းတွေက အများစုရှိနေသော်လည်း မဟော်မုန်း အနည်း ငယ်က လည်း သွေးသားထဲမှာ ရှိနေတတ်ပါတယ် ။ အဲဒီလိုပဲ မိန်းကလေးတွေမှာ မ ဟော်မုန်းက အများစုနေ ရာယူထားပေမယ့်လည်း ကျားဟော်မုန်းတွေကလည်း သွေးသားထဲမှာ အနည်းငယ်ရှိနေပြန်ပါတယ် ။ အကြောင်း အမျိုးမျိုးကြောင့် ဟော်မုန်းဓါတ်ပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ မရှိအပ် တဲ့ ဟော်မုန်းအချိုးအစားဟာ လွန်ကဲစွာ ဖြစ်ပေါ်လာတတ်ပါတယ် ။ ဒီလိုမျိုး မလိုရာ အမွှေးအမျှင် ထူထပ်တဲ့အခြေအနေကြောင့် Hirsutism ဟာ ဟော်မုန်းပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို သိထားဖို့လို ပါတယ် ။ အမျိုးသားတွေအတွက် ကျားဟော်မုန်းကို ဝှေးစေ့ ( Testis ) နဲ့ ကျောက် ကပ်ရဲ့ထိပ်ပိုင်းမှာရှိတဲ့ အကျိတ် ( Adrenal glands ) ကနေ ထုတ်လုပ်ပေးပါတယ် ။ အဲဒီဟော် မုန်းတွေကြောင့် သာ ယောင်္ကျားပီပီသသ ခန့်ခန့်ညားညား နဲ့ကျားကျားယားယား အသွင်း သဏ္ဍာန်တွေ ဖြစ်ပေါ်လာရပါ့တယ် ။ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးတွေမှာ ကျားဟော်မုန်းဓါတ် တွေ ပိုမိုများပြား လာတဲ့အခါ အဲဒီအမျိုးသမီးရဲ့ အသွင်သဏ္ဍာန်နဲ့ စိတ်နေသဘောထားအချို့ကလည်း ပြောင်းလဲလာရပါတယ် ။



အမျိုးသမီး တွေရဲ့ မူလစွမ်းရည်တွေဖြစ်တဲ့ မီးယပ်သွေးပေါ်ခြင်းနဲ့ ရင်သားကြီးထွားလာခြင်း စတဲ့ အရာတွေကို အနှောက် အယှက်ပေးလာပါတယ် ။ ချိုချိုသာသာလေးနဲ့ ဆွဲဆောင်မှု ရှိတဲ့ ဥသြ သံလေး ကနေ ယောင်္ကျား ဆန်တဲ့ အသံသြသြကြီးတွေ ဖြစ်လာရပါတယ် ။ ပခုံးသား သွယ်သွယ်လေးနေရာမှာ ပခုံးကြွက် သားတွေကြီး လာပြီး မူမှန်မဟုတ်တဲ့နေရာတွေ ဥပမာ (ခြေသလုံး ၊ နှုတ်ခမ်း မွှေး ၊ မေးစေ့ ) စတာတွေမှာ အမွှေးအမျှင် တွေ ပေါက်လာပါတယ် ။ ဒီလို ကျားဆန်ခြင်း ကျားအသွင် အပြင်ဖြစ်နေ တဲ့အခြေ အနေကို ဆေးပညာလိုဆိုရင်တော့ Virilism လို့ခေါ်ပါတယ် ။ အမျိုးသမီးရဲ့ အသွင်းအပြင် ၊ အရည် အသွေးတွေမပျောက်သွားပဲနဲ့လည်း အမွှေးအမျှင် အနည်းငယ်များလာခြင်းမျိုးလည်း ကြုံရတတ်ပါတယ် ။

ယနေ့ခေတ်ကြီးမှာ အမျိုးသမီးငယ်လေးတွေ သတ်လက်အရွယ်တွေမှာ နှုတ်ခမ်းမွှေး ရေးရေးပေါ်ခြင်း လက်မွှေး ခြေသလုံးမွှေး ရေးရေးပေါ်လာခြင်း စတဲ့ပြောင်းလဲမှုတွေကြောင့် စိတ်အနှောက်အယှက်များစွာ ဖြစ်နေ ပြီး ပြဿနာတစ်ခုလို တွေ့ကြုံနေရပါတယ် ။ ဘယ်လို အထူးကုနဲ့ပြသပြီး ဘယ်လို နေရာမှာ ကုသရမှန်း တိုင်ပင်ရမှန်းမသိပဲဖြစ်နေတတ်ပါတယ် ။ နဂိုကတည်းက ကျားဆန်ဆန်နေချင်သူတွေအဖို့ က အခက်အခဲ သိပ်မရှိလှသော်လည်း မိန်းကလေးပီပီသသ နေချင်သူတွေအဖို့တော့အခက်ကြုံရလေ့ရှိပါတယ် ။



အမျိုးသမီးတွေမှာ အရွယ်ရောက်ပြီဆိုတာနဲ့ သားဥ အိမ် ( Ovaries ) တွေကနေ မဟော်မုန်း estrogen တွေ ထွက်လာပါတယ် ။ ဒါပေမယ့်အကြောင်းအမျိုးမျိုး ရောဂါမျိုးမျိုးကြောင့် သားဥအိမ်မှလည်း ကျားဟော် မုန်းတွေ ထွက်နိုင်ပါတယ် ။ ကျောက်ကပ်ထိပ်ပိုင်း adreanl gland တွေကနေလည်း ကျားဟော်မုန်းတွေ ထွက်နိုင်ပါတယ် ။ တခါတရံမှာ ဟော်မုန်းထုတ်တဲံ ဇီဝကမ္မလမ်းကြောင်း Steroid pathway ဖောက် ပြန်တဲ့အ တွက် မဟော် မုန်းဖြစ်လုနီးနီး တစ်ဆင့်နှစ်ဆင့်လောက်အလိုမှာ မဟော်မုန်းမဖြစ်ပဲနဲ့ ကျားဟော် မုန်းပြောင်း သွားတာတွေ လည်း ရှိပါတယ် ။ ဒီလိုမျိုး မူမမှန်သော ထုတ်လုပ်မှု အနည်းအများအပေါ်မူတည်ပြီး ကျားအသွင် အနည်းအ များပြောင်းလဲလာကြခြင်းဖြစ်ပါတယ် ။

ဒီလို အမွှေးထူတဲ့ မလိုလားအပ်တဲ့ အမွေးတွေကို ဖယ်ရှားတဲ့နေရာမှာ မှားယွင်းတဲ့နည်းလမ်းတွေကို မသုံးမပြု မိကြဖို့ကလည်း အလွန်ပဲ အရေးကြီးပါတယ် ။ အထူးသဖြင့် ဓါးနဲ့ ရိတ်ခြင်းကို ရှောင်စေချင်ပါတယ် ။ နှုတ်ခမ်းမွှေးပေါက်တဲ့နေရာနဲ့မေးစေ့လိုနေရာမျိုးမှာ ထိမိရှမိသွားခဲ့ရင် ပိုးဝင် အနာ ရင်းပြီး နောက် ဆက် တွဲပြဿနာတွေပေါ်လာတတ်ပါတယ် ။ ဦးနှောက်သွေးကြောတွေ နဲ့ဆက်သွယ်မှုကာ ပိုးဝင်ပြီး ပျံ့နှံ့သွားခဲ့ရင် ပြင်းထန်တဲ့ဝေဒနာတွေခံစားရနိုင်ပါတယ် ။ ပိုးဝင်ဝင်ခြင်း အနာရင်းတာ မဖြစ်တဲ့အ တိုင်အောင် အမွေးတွေ ချက်ချင်းပြောင် သွားသော်လည်း အမြန်ပြန်ပေါက်စေပါတယ် ။ ရိတ်လေပေါက်လေ သန်လေ နဲ့ သံသရာလည်နေ တတ်ပါတယ် ။

ဘာကြောင့်ဖြစ်ရတာလဲ

၁ ။ သားဥရောဂါများ
- သားဥအရေအိတ်များ ( Polycysitic Ovarian Syndrome)
- သားဥအလုံးများ( Ovarian mass , cyst)
- ကျားဟော်မုန်းထုတ်သော သားဥအလုံးများ
- ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော သားဥအလုံး ( Pregnancy Lactomas)

၂ ။ ကျောက်ကပ်ထိပ်ပိုင်း အကျိတ်
- မွေးရာပါအကျိတ် ( CAH)
- အလုံးဖြစ်ခြင်း
- ကျားဟော်မုန်း လွဲကဲစွာထုတ်ခြင်း ( Cushing's syndrome)

၃ ။ အချို့သော ဆေးဝါးများ
- Anabolic steroids
- Danazole
- Phenytoin
- Androgenic Progestrones

၎ ။ မျိုးရိုးစဉ်ဆက်ဖြစ်ပွားခြင်း ( အမွှေးများသည့်မျိုးနွယ်) စတာတွေကြောင့်ဖြစ်ပါတယ် ။ ဒီလိုဖြစ်ရပ် ကို ရောဂါ တစ်ခုဟာ မယူဆပါ ။

ဘယ်လိုစစ်ဆေးမှု တွေပြုလုပ်ရမလဲ

ထုံးစံအတိုင်းပဲ ဆေးမကုသခင်မှာ ဆရာဝန်တွေက လူနာကို ရောဂါရာဇ၀င်အသေးစိတ်မေးခြင်း ၊ စမ်းသပ်ခြင်း ၊ ဆီး ၀မ်း သွေးနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပါလိမ့်မယ် ။ အထူးသဖြင့် သွေးထဲမှာ ကျားဟော်မုန်း testosterone ပမာဏ ကျောက်ကပ်ထိပ်ပိုင်း အကျိတ်မှ ဓါတ်ပေါင်း DEHA ထုတ်လုပ်မှုနဲ့ သား ဥတွေကျောက်ကပ်ထိပ်ပိုင်း တွေမှာ အလုံးအကျိတ်တွေရှိမရှိ Ultrasound ရိုက်တာတွေလုပ်ဖို့လိုပါတယ် ။ လိုအပ် ရင်တော့ CT နဲ့ MRI ပါလုပ်နိုင်ပါတယ် ။

ဘယ်လိုကုသမလဲ

၁ ။ သောက်ဆေးမပါပဲကုသနည်းများ

- ကိုယ်အလေးချိန်များပြီး ၀ နေတဲ့သူတွေကတော့ ကိုယ်အလေးချိန်လျော့ခြင်း
- အမွှေးအမှင်တွေကို ဆေးဆိုးခြင်း ဖယောင်းလိမ်း၍ နှုတ်ခြင်း လျှပ်စစ်ဓါတ် သုံးခြင်း နဲ့ လေဆာရောင်ခြည်ဖြင့် ကုသခြင်းတွေဖြစ်ပါတယ် ။

၂ ။ သောက်ဆေးများဖြင့် ကုသခြင်း

- Non-androgenic progestrones ခြောက်လကနေ ၁၈ လအထိ သောက်ဖို့လိုပါတယ် ။
- ကျားဟော်မုန်း ဆန့်ကျင်သောဆေးများ ( Anti-androgen ) ဥပမာ Cyproterone acetate (CPA)
- CPA နှင့် မဟော်မုန်းပေါင်းစပ်ဆေး ( CPA + Ethinyl estradiol ) များ
- Flutamide
- Sprionolactone စတဲ့ဆေးတွေဖြစ်ပါတယ် ။

၃ ။ ခွဲစိတ်ကုသခြင်း

အချို့အမျိုးသမီးတွေမှာ အမွေးများယံသာမကပဲ သားဥအလုံး ကျောက်ကပ်ထိပ်ပိုင်း အလုံးတွေရှိနေပါက လိုအပ်တဲ့ခွဲစိတ်ကုသမှုတွေပြုလုပ်နိုင်ပါတယ် ။

အများစုဟာ ကျားဆန်ခြင်း နဲ့အမွေးထူခြင်း Virilism မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ် ။ မျိုးပွားဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်တွေ နဲ့ မီးယပ်သွေးမမှန်ခြင်း သွေးထိမ်ခြင်းနဲ့ သားသမီး ရနိုင်တဲ့စွမ်းရည်တွေကိုပါ ထိခိုက်စေနိုင် ပါတယ် ။ မျိုးရိုးအလိုက် အမွေးများခြင်းအတွက် လိုအပ်သရွေ့ကုသဖို့လိုပါတယ် ။ ခေတ်နဲ့ အမီတိုးတက် လာတဲ့ဆေးတွေပေါ်လာတာနဲ့အမျှ ယနေ့ခေတ် အမျိုးသမီးတွေအတွက် ကံကောင်းတဲ့အချက် တစ်ချက်ဖြစ် ပါတယ် ။ သင့်လျှော်တဲ့အထူးကုထံမှာ စိတ်ရှည်ရှည်နဲ့ကုသမှုခံယူစေချင်ပါတယ် ။ ကမ္ဘာပေါ်ရှိ ရှိရှိသမျှ အမျိုးသမီး ထုကြီးအားလုံး အစွမ်းကုန် ပွင့်လန်း လှပနိုင်ကြပါစေ ။

သက်တန့်ချို

Ref : Wikipedia / HE on Reproductive Health bye Prof Myint Mg Mg

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1.ှဆရာသက်တန့်ရေ အင်မတန်မှကိုကျေးဇူးတင်ပါတယ်
    ခြေသလုံးမှာပေါက်နေတဲ့အမွှေးနည်းနည်းကိုရိတ်လိုက်ကတည်းက ပေါက်လာလိုက်တာ တော်တော်စိတ်ညစ်နေရပါ့

    အင်း ဖြစ်နေတဲ့ရောဂါတွေနဲ့လဲတစ်ထပ်ထဲပါပဲ
    ဆရာပြောသလိုကျမလဲအိုဂျီနဲ့ထပ်ပြရလိမ့်မယ်ထင်ပါရဲ့း(

    ReplyDelete
  2. အာဂျီးမားDecember 16, 2011 at 4:03 PM

    အမျိုးသားတွေအတွက်မသိသာပေမဲ့ အမျိုးသမီးတွေအတွက်ကတော့ ပိုဆိုးတာပေါ့နော်။ မျိုးပွားဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်တွေ နဲ့ မီးယပ်သွေးမမှန်ခြင်း သွေးထိမ်ခြင်းနဲ့ သားသမီးရနိုင်တဲ့စွမ်းရည်တွေထိခိုက်တယ်ဆိုတော့။ ပြီးတော့လူမြင်လို့ လဲပိုမကောင်းဘူးလေ။ ဒါမျိုးဖြစ်လာရင်လဲလူတော်တော်များများကဘယ်လိုကုသရမလဲမသိကြဘူး။ ခုလိုမျိုးတင်ပေးတာအရမ်းကောင်းပါတယ်။

    ReplyDelete
  3.ိုမနေ့ကတွေ့လို့ ဒီနေ့များ စောင်းရေးသလား ထင်နေမိလို့ ကိုယ့်ကိုကိုယ် (ခြေ၊လက်၊မေးစေ့) ပြန်ကြည့်နေရသေးတယ်...လွတ်တယ် ထင်တာပဲ... :)

    ReplyDelete
  4. သိထားသင့်တဲ့ ကျန်းမာရေး အသိပညာလေးတွေ အတွက် ကျေးဇူးပါအကို....

    ReplyDelete