Friday, December 9, 2011

မျက်ရည်တွေငိုတဲ့မိန်းကလေး Twinkle

မျက်ရည်တွေငိုတဲ့မိန်းကလေး Twinkle



Twinkle Dwivedi ဆိုတာ စိတ်ဝင်စား ပြီး ရှုပ်ထွေးဖို့ကောင်းတဲ့ဘာသာရပ်တစ်ခုဖြစ်လို့နေပါတယ် ။ ယုံကြည်နိုင် ဖို့ ခက်ခဲသလို လက်ခံနိုင်ဖို့လည်း ခက်ခဲလွန်းလှပါတယ် ။ အခု ၁၄ နှစ်အရွယ် Indian မိန်းကလေး ငယ်လေး Twinkle ဟာ သူမမျက်လုံးတွေကနေ သွေးရည်တွေ ခဏခဏ ထွက်ကျလို့နေပါတယ်တဲ့ သူမရဲ့ အရေ ခွံတွေနောက်ဆုံးသူမ ခြေဖ၀ါးပါမကျန် နှာခေါင်းပေါက်တွေကနေလည်း သွေးတွေ ယိုစီးကျ လို့နေပါတယ် ။ Twinkle လေးနဲ့ သူ့မိဘတွေကတော့ ဆေးပညာရပ်ဆိုင်ရာက ဆရာဝန်တွေကိုရော နတ်ဆ ရာတွေရော သူတို့ ကို ကူညီဖို့နဲ့ တွင်ကယ်လေးရဲ့ ထူးဆန်းဖွယ်ကောင်းသော ပြဿနာ ကို ဖြေရှင်းပေး ကြဖို့ မေတ္တာ ရပ်ခံထားပါတယ် ။

National Geographic မှ တွင်ကယ်ဆီမှ အစိတ်အပိုင်း အသားစ သို့ သွေး နမူနာယူစမ်းသပ်ခဲ့ပြီး Dr.George Buchanan ကလည်း ဒီအဖြစ်အပျက်အတွက် တွင်ကယ့်မိဘတွေနဲ့လည်းသက်ဆိုင်လိမ့်မယ်လို့ ဆိုပါတယ် ။ သူပြောတာ ကတော့ တွင်ကယ်ဟာ ဆေးပညာရပ် ဆိုင်ရာ အထူးကုဆရာဝန်တွေနဲပ ၂၄ နာရီပတ်လုံးစောင့် ကြည့်လေ့လာမှုတွေ ပြုလုပ်ရမှာဖြစ်ပြီး ဒါဟာလည်း အရမ်းကို ငွေကုန်ကြေးကျများတဲ့ အခြေအနေ တစ်ခုဖြစ် လို့နေပါတယ် ။ တွင်ကယ့် မိဘတွေက ဆင်းရဲလွန်းပါတယ် ဘယ်သူတစ်ဦးတစ်ယောက်ကမှ တွင်ကယ့်ရဲ့ အခြေအနေကို ကုသဖို့အတွက် ငွေကြေးပေးနိုင်စွမ်းမရှီခဲ့ပါဘူး ။ အကယ်၍ တွင်ကယ့်မှာ ဘာဖြစ်ပျက်နေ သလဲဆိုတာကို ကျွန်တော်တို့ အတိအကျ မပြောနိုင်သေးသရွေ့ ဘာစကား မှပြောစ ရာလည်း မရှိပါဘူး ။



ဒါဟာ ဘယ်လို အခြေအနေမျိုးလဲလို့သင်ထင်ပါသလဲ ? Buchanan ကတော့ ဒါဟာ Munchhausen သို့မဟုတ် Munchhausen-By-Proxy Syndrome လို့ခေါ်တဲ့ အခြေအနေဖြစ်မယ်လို့ ယူဆပါတယ်တဲ့ ။ ဆိုလိုတာ ကတော့ တွင်ကယ် ( ပထမ ပစ်မှတ် ) နဲ့ သူမ အမေ ( ဒုတိယ ပစ်မှတ်) တို့ဟာ အဓိက ဒီသွေးယိုထွက်မှု ပြဿနာ မှာ ပါဝင်ပတ်သတ်နေကြသူတွေပါ ။

လန်ဒန်မှ ဆရာဝန်တစ်ဦးကတော့ သူမဟာ Type II von Willebrand disease ကို ခံစားနေတာ ဖြစ်ပါလိမ့်မယ်လို့ဆိုပါတယ် ။ Type II von Willebrand disease ဆိုတာဟာ သွေးခဲမှု ပြဿနာ တစ်ခုဖြစ် ပါတယ် ။ Von Willebrand ဆိုတာဟာ အလွယ်တကူသွေးခြေဥခြင်း စသည်တို့ကို ဆိုလိုပြီး ဒီလိုမျိုး အကြာကြီး တရပ် စပ် သွေးယိုတဲ့ဖြစ်စဉ်မျိုးကတော့ အခုမှ သူလည်း ကြားဖူးတာပါလို့ဆိုပါတယ် ။ ကဲ ဒါဆို တွင်ကယ်ဟာ Von Willebrand ကြောင့်မဟုတ်ခဲ့ဘူးဆိုရင်ရော သူမဟာဘာတွေ မှားယွင်းနေသလဲဆိုတာ အများကြီး စမ်းသပ် မှုတွေ ပြုလုပ်ရပါဦးမယ် ။

တခြားသူတွေ ယုံကြည်ကြတာကတော့တွင်ကယ်ဟာ နတ်တွေသရဲတွေရဲ့ပြုစားခြင်းကို ခံနေရတာပါတဲ့ ။ သူမ ကျောင်း က သူမ ဒီလို လက္ခဏာတွေ စစကြုံလာခဲ့ခြင်း ကျောင်းနားစေခဲ့ပါတယ် သူမ သူငယ်ချင်းတွေ ကလည်း သူမနဲ့အတူတူသွားမကစားကြတော့ပါဘူး ။ တခါတရံ သူမဘေးပတ်ဝန်းကျင်က လူတွေနဲ့ အတန်းဖော်တွေက ခဲလုံးတွေနဲ့သူမကို ပစ်ပေါက်ကြပြီး သူမလမ်းလျှောက်လာရင်အမျိုးမျိုး နှောက်ယှက်မှုတွေ ပြုလုပ်ခဲ့ကြတာကိုလည်း တွင်ကယ်လေးခမျာ ခံခဲ့ရပါသေးတယ် ။ ဒါ့အပြင်သူမရဲ့ စိတ်ဒါဏ်ရာတွေ နဲ့ အမာရွတ်တွေကိုရော ကျွန်တော်တို့ ဘယ်လိုကုစားပေးကြမှာလဲ ။



သူမ ခြေဖ၀ါးက သွေးတွေထွက်လာတဲ့အခါ တွင်ကယ်ဟာ အလွန်အမင်း ခက်ခဲတဲ့ အခြေအနေတွေ နဲ့ရင် ဆိုင်ရပါတယ် ။

ကဲ ဒီလို ထူးဆန်းတဲ့အခြေအနေအတွက် ကျွန်တော်တို့ ဘယ်သူ့ကို လက်ညှိုးထိုးကြမလဲ ဘယ်သူ့ကို အပစ်တင် ရမလဲ တွင်ကယ်လေးကရော အဖြေတစ်ခု တိတိကျကျ ထွက်လာတဲ့အချိန်အထိ ကြံ့ကြံ့ခိုင်နိုင်ပါ့မလား ။ ကျွန်တော် တို့ တွင်ကယ်လေးအတွက် ရောဂါ ဘယတွေ အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ ၀ိုင်းပြီး ဆုတောင်းပေး လိုက်ကြရအောင်လားဗျာ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ကိုသက်တန့် ရေ........ဒီ post လေး ကို ဘလော့မှာ ပြန်လည်မျှဝေလိုက်ပါတယ်..ဘလော့မှာလာလည်နိုင်ပါတယ်..

    ReplyDelete
  2. သနားပါတယ်နော် အကို...ချစ်စရာလေး...သူလေးက ..

    ReplyDelete
  3. မျက်ရည် ငိုတာလား? သွေး ငိုတာလား?

    ReplyDelete
  4. May GOD with U girl...in the name of Jesus...Amen..

    ReplyDelete