Saturday, December 3, 2011

ကျောင်းမှာ စာသွားသင်ဖို့ ဒီတစ်လမ်းပဲရှိသတဲ့ဗျာ

ကျောင်းမှာ စာသွားသင်ဖို့ ဒီတစ်လမ်းပဲရှိသတဲ့ဗျာ



အိုး .. . ကြောက်မက်ဖွယ်ရာပါပဲ ။ ဒီကျောင်းက ကျောင်းသားတွေဟာ သူတို့ အိမ်တွေကနေ ကျောင်းကို စာသွား သင်ဖို့အတွက် အလွယ်ကူဆုံးလမ်းဟာ ဒီတစ်လမ်းပဲရှိပါသတဲ့ ။ ဒီအထက်တန်းကျောင်းကို တက်ရဖို့အတွက် အခက်ခဲတွေအများကြီှးရှိနေပါတယ် ။



တရုတ်ပြည် Pili လို့ခေါ်တဲ့နေရာဟာ Xinjiang Yugur ရဲ့မြောက် ဖက်မှာ ကျောက်ဆောင်ကျောက် ခဲကျောက် တန်းကမ်းပါးယံတွေ ထူထပ်စွာရှိတဲ့နေရာတစ်ခုဖြစ်ပါတယ် ။ ပေ ထောင့်ငါးရာ မြင့်တဲ့ မတ်စောက် တဲ့ ကျောက်ကမ်းပါးယံတွေမှာ တွယ်ကပ်ပြီး တပည့် ၄၂ ယောက်ဟာ သူတို့အိမ်ကနေ ကျောင်းကို ပညာသင်ဖို့ နေ့စဉ်သွားရရှာပါတယ် ။

သူတို့မိဘတွေနဲ့ အကူညီပေးသူ staff တွေကနေပြီး ငယ်ရွယ်သူတွေကို ကျောက်ဆောင်တွေကနေ မကျအောင် ပုံမှာပါတဲ့ အတိုင်း ကူညီပေးကြရပါတယ် ။ လက်တွေ ကို တွဲဆုပ်ကိုင်လို့ ပန်းတိုင်ရှိရာ ကျောင်းတော်ကို သွားကြရရှာပါတယ် ။

“ ဒါဟာ အလွန်ပဲမတ်စောက်ပါတယ် ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီတောင်ပေါ်မှာ နေတဲ့လူတွေပါ ဒီလို လမ်းလျှောက် ပြီးပဲသွားလာကြရပါတယ် ဒီကျောင်းမှာ ကျောင်းပြေးရင်ကြီးလေးတဲ့ ပစ်ဒါဏ်ချ မှတ်ခြင်းခံ ရပါတယ် ” လို့ ဆရာတစ်ယောက် ရယ်မောပြီးပြောဆိုသွားခဲ့ပါတယ် ။

ှSource : http://www.express.co.uk/

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. ကျောင်းသား၊ကျောင်းသူလေးတွေသနားလိုက်တာ။ အစိုးရရဲ့ ညံ့ဖျင်းမှုတွေကြောင့်ခုလိုဖြစ်နေတာပေါ့။ လုံခြုံတဲ့လူသွားလမ်းကလေးတော့ဖောက်ပေးသင့်ပါတယ်။

    ReplyDelete