Monday, December 5, 2011

ကမ္ဘာ့အထူးဆန်းဆုံးစားစရာ များ (အပိုင်း ၁)

ကမ္ဘာ့အထူးဆန်းဆုံးစားစရာ များ (အပိုင်း ၁)

စားသောက် ဖွယ်ရာနဲ့ ပတ်သတ်လာရင် လူသားတွေ ဘယ်လောက်ထိ ရူးသွပ် တပ်မက်နိုင်ကြပါသလဲ ။ ကျွန်တော် ကတော့ ကမ္ဘာ့ အထူးဆန်းဆုံးစားစရာတွေကို အင်တာနက်စာမျက်နှာတွေပေါ်ကနေ ရှာဖွေ တင် ဆက်ပေး လိုက်ပြန်ပါပြီ ။

ဦးနှောက် sandwiches ကင်



နွားရူးရောဂါတွေ ခေတ်စားနေတဲ့အချိန်တုန်းကပေါ့ နွားသားပေါက်လေးတွေရဲ့ ဦးနှောက်ကို ကင်ပြီး အ ပိုင်းသေးသေးလေးတွေလုပ် ပေါင်မုန့်အဖြူနဲ့ရောပြီးစားတဲ့ အစားအသောက်ဖြစ်ပါတယ် ။

သိုး နှလုံး အဆုတ် အသဲ ဟင်း



ရိုးရာအစားအစာတစ်ခုပါပဲ ။ စကော့တလန်လူမျိုးတွေရဲ့ ဟင်းလျာ Haggis ဆိုတာဟာ သိုးရဲ့ နုပ်နုပ် စင်းထား တဲ့ နှလုံး ၊ အသဲ နဲ့ အဆုတ်တွေကို ကြက်သွန်နီ အမွှေးအကြိုင်တွေနဲ့စားချင်စဖွယ် ချက်ထားတဲ့ ဟင်းလျာ တစ်မျိုးဖြစ် ပါတယ် ။

ပိုးကောင်ကြော်များ



အင်းဆက်တွေကို စားတဲ့ အလေ့အကျင့်ကို entamophagy လို့ခေါ်ပါတယ် ။ ကမ္ဘာ တစ်ဝှမ်းမှာ ထင်ရှားကျော် ကြားလှပြီး ဒီလို ပိုးကောင်မျိုးစုံကြော်တွေဟာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်လေ့ရှိပါတယ် ။

ကမာ ၊ မုတ်ကောင်ဟင်း



ကမာ မုတ်ကောင်တွေနဲ့ ပတ်သတ်ပြီး ထူးဆန်းနေပါသလား တကယ်တော့ ပင်လယ် ရေအောက်ကြမ်းပြင်မှာ သင်ရှာတွေ့ နိုင်တဲ့ အကောင်မျိုးမဟုတ်ပါဘူး ။

ဆက်လက်ဖော်ပြပါဦးမည် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. နန်းသက်December 5, 2011 at 5:18 PM

    လူတွေများ ရှာရှာဖွေဖွေကိုစားတတ်လိုက်ကြတာနော်။

    ReplyDelete
  2. မြန်မာထမင်းဟင်းလေးဘဲကောင်းပါတယ်
    ကိုသက်တန့်ရယ်..

    ReplyDelete