ခေတ်နဲ့စနစ်
ကျွန်းကိုင်းမှီကိုင်းကျွန်းမှီတဲ့
လူနဲ့ မာနကလည်းရိုင်းပင်းလို့
ခေတ်လည်းပျက် စနစ်လည်းပျက်
လူရာဝင်သလိုလို မ၀င်သလိုလို
နောက်ဆုံးတော့လည်း အားလုံးဟာ မြေစာပင်..
သမိုင်းဆိုတာကလည်း...
နစ်မျောပျော်ဝင်နေဖို့ထက်
တခုတ်တရ ရှိစေဖို့
ဓါးထက်ထက်တွေ..
ခေတ်သစ်မြေကျွန်စနစ်မှာ
ငါတို့ ၀ိဥာဉ်တွေမြှုပ်နှံခံထားရတယ်..
မြို့ပျက်ညရဲ့ မာကျူရီနဲ့
ဆေးဆိုးပန်းရိုက်တွေ...ဖက်ရှင်ကျလွန်းရဲ့
ရောဂါဆိုး...ကပ်ဆိုး
နောက်ဆုံးခါးသီးလွန်းတဲ့....စနစ်ဆိုး
ဘီလူးမှန်းသိအောင် ..အစွယ်တွေပြ
မိုးကောင်းတုန်းတော့ ၀ုန်းဒိုင်းကိုကြဲလို့
အရိုးစွဲနေတဲ့ လူသားတွေ
မျက်စိတွေမှိတ်..နားတွေပိတ်
ဝါးလုံးခေါင်းထဲပဲ..လသာကြ
မျှော်လင့်ခြင်းမနက်ဖြန်ကတော့
ဘယ်တော့မှ..
ဘယ်...တော့....မှ ......
ရောက်လာလိမ့်မယ်မဟုတ်ဘူး
ကိုယ့်ဓါးကိုယ်သွေး
ကိုယ့်ယုံကြည့်ချက်ကိုယ် ထိုးစိုက်လို့...
တို့တွေ...
တို့ တ တွေ.......
ပြန်လည်မွေးဖွားကြဖို့တော့လိုပြီ ...
သက်တန့်ချို
အင်အားတွေပြည့်ဝစေတဲ့ ကဗျာလေးပါ..
ReplyDeleteကိုယ်တို့လည်း မွေးအုံးမှာ....
“အားအင်”တွေ ပြောပါတယ်...
:P
အကိုရေခောတ်စနစ်တွေပြောင်းပေမဲ.ကျွန်တော်တို.ပြည်သူတွေအထောင်းခံရဆဲပါ။
ReplyDelete