Wednesday, March 23, 2011

ခရမ်းနုရောင် ... ရိုးသားခြင်း

ခရမ်းနုရောင် ... ရိုးသားခြင်း




လူတစ်ချို့က...လူတစ်ချို့ကိုစားသုံးလျှက်
ကောင်းကင်ကြီးကတော့....မီးခိုးတိတ်ဝါဒတွေနဲ့
တိတ်ဆိတ်စွာပဲနေတယ်...
မုသားတွေလိမ်းကျံထားတဲ့
ပုပ်အက်ခြောက်သွေ့တဲ့ နှုတ်ခမ်းတွေမှာ
ချောက်နက်နက်တွေအပြည့်
နေရောင်ကလည်း...အပူပေါ်အပူဆင့်လို့
တန်ခိုးကြီးထွားပြလွန်းတယ်
ရန်ကုန်မြို့ရဲ့ ပလက်ဖောင်းတွေပေါ်က
ဆေးဆိုးပန်းရိုက်ခြေရာတွေ...
ခရမ်းရောင်ဂီတနဲ့ အစွယ်တွေတဖွားဖွား..
ရိုးသားသူများအပြင်မထွက်ရ
တိတ်ဆိတ်တဲ့ညတစ်ညကလည်း
အမှောင်ထုအောက်မှာ ငုတ်တုတ်ကြီးမေ့လို့
မာယာ...မာယာ လို့အော်ရင်း
မီးစွယ်မီးလျှံတွေထဲ...
သရော်ပြုံးတစ်ချက်နဲ့သူ...ခုန်ချလိုက်တယ်
နောက်ဆုံး...ပွဲလဲပြီး မီးလဲသေ ပဲ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. အဖြူရောင်နတ်သမီးMarch 27, 2011 at 4:41 PM

    ရန်ကုန်မြို့ရဲ့ မြင်ကွင်းကို ဖြတ်ခနဲ ပြေးမြင်လိုက်မိတယ်...

    ReplyDelete