Tuesday, March 15, 2011

Los Angeles အနီး ဆိပ်ကမ်းတွင်သန်းပေါင်းများစွာသောငါးများသေဆုံး

Los Angeles အနီး ဆိပ်ကမ်းတွင်သန်းပေါင်းများစွာသောငါးများသေဆုံး




ဆာဒင်းငါးတွေ ငါးသေးသေးလေးတွေသန်းပေါင်းများစွာ Los Angeles အနီး Redondo Beach's King ဆိပ် ကမ်း မှာ သေဆုံးခဲ့ကြရတာဟာ ရေထဲမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်ဖြစ်နိုင်တယ်လို့ ဗုဒ္ဓဟူးနေ့က တာဝန် ရှိ သူတွေကပြောကြားခဲ့ပါတယ် ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက သန်းပေါင်းများစွာသော ငါးတွေ ဆိပ်ကမ်း မှာသေဆုံးခဲ့ကြရတာဟာ သိပ္ပံပညာတွေကို သတိပေးလိုက်သလိုဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး များ စွာသော ထင်မြင်ချက်တွေရှိလာပါတယ် ။ ကယ်လီဖိုးနီးယား Fish and Game ( CDGF) ဌာနမှ ပညာ ရှင်တွေ ကတော့ ဒီငါးတွေဟာ ရေထဲမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အသက် ရှုကြပ်ကာသေ ဆုံးရ တယ်လို့ ဆိုခဲ့ပါတယ် ။ CDGF မှ တာဝန်ရှိသူ Andrew Hughan ကတော့ ဒါဟာ အမှားအယွင်း တစ်ခုကြောင့် ဖြစ်ရတယ်လို့ ဆိုပြီး ငါးအုပ်ကြီးတွေတောင်ပျောက်ကွယ်နိုင်တယ်လို့ဆိုပါတယ် ။




ပထမအစပိုင်းစမ်းသပ်မှုတွေမှာတော့ သဘာဝအဆိပ်အတောက်တွေ ရှိနေခြင်းလက္ခဏာတွေမတွေ့ရပါဘူး ။ အထူး သဖြင့် domoic acid တို့လိုပေါ့ ဒီလို အက်ဆစ်တွေဟာလည်း ရေနေသတ္တ၀ါတွေကို သေစေနိုင်တယ်လို့ Hughan ကဆက်ပြောခဲ့ပါတယ် ။ ဆက်လက်ပြီးတော့ Hughan က ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ကျန်း မာရေး ဆိုးကျိုးတွေတော့မရှိပါဘူး ဒါပေမယ့် မြို့တော်အနေနဲ့ သန့်ရှင်းရေးလုပ်ဖို့တော့ လိုလာပါပြီလို့ ဆိုပါတယ် ။




သန့်ရှင်းရေးဟာ တစ်ပတ်လောက်ကြာမြင့်နိုင်ပြီး အနည်းဆုံး ၁၀၀ ၀၀၀ ဒေါ်လာ ကုန်ကျနိုင်ပါတယ်လို့ Redondo Beach မှ Mayor Mike Gin က ပြောဆိုခဲ့ပါတယ် ။ ဗုဒ္ဓဟူးမနက်ပိုင်းတုန်းကတော့ ဆိပ်ကမ်း ကိုပိတ် ပင်ထားခြင်းမရှိခဲ့ပါဘူး ဒါပေမယ့် Departement of Public Works ကိုတော့ ကန့်သတ်ထားပြီး သန့်ရှင်းရေး အတွက်လို့ဆိုပါတယ် ။




ရေမျက်နှာပြင်ရဲ့ ဧရိယာအတော်များများဟာ လေးလက်မခန့်ရှိတဲ့ငါးတွေ တန်တဲ့ချီဖုံးအုပ်ခဲ့ပြီး အချို့နေ ရာတွေမှာ ငါးသေကောင်တွေထူထပ်ခဲ့တယ်လို့ ရဲသား Sgt.Phil Keenan က ပြောဆိုပါခဲ့ပါတယ် ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. သဘာဝဘေးအန္တရာယ်တွေက ပုံစံအမျိုးမျိုးနဲ့ပါလားနော်

    ReplyDelete
  2. ရှာရှာဖွေဖွေ ဗဟုသုတလေးတွေအတွက်
    ကျေးဇူးပါအကို။
    အများကြိးပဲနော်....နှမြောစရာ....
    စာလာဖတ်သွားတယ်အကို။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  3. ဒီသတင်းက မတ်လ ၉ရက်နေ့ က ဖြစ်တာလား ဒါမှမဟုတ် လွန်ခဲ့တဲ့၃ပတ်လောက်က သတင်းလား။
    လွန်ခဲ့တဲ့အပတ်မှာ ဖြစ်တာက မက်ဆီကန်ကမ်းစပ်မှာ ငါးအမျိုးစုံ ကမ်းခြေဘက်ကို ပြေးနေတာ ကြည့်လိုက်ရင် ရေနံဆီဂျီးတွေ အလိပ်လိုက် တက်သလိုဖြစ်နေတာ လူတွေ လက်နဲ့ ငါးကို ဖမ်းလို့တောင် ရတယ်။
    ဒီပုံအတိုင်းဆိုရင် ဆူနာမီတခု ထပ်ဖြစ်အုန်းမဲ့ပုံဘဲ ဘယ်နိုင်ငံ ဘယ်နေရာမှာ ဖြစ်မလဲ မသိဘူး မက်ဆီကန်ကမ်းစပ် မှာ ငါးစုနေပြီး နောက်၂ရက် မှာ အင်ဂလန်မှာ ပျံလွှားငှက် တွေအသဲသန် အသိုက်ပြောင်း နေတာ တွေ့ တယ်။ လေမုန်တိုင်းပါ ပါမဲ့ပုံဘဲ။ ဖြစ်လာရင်တော့ မိုးပြိုအများဘဲ မတတ်နိုင်ဘူး
    ဆောင်း

    ReplyDelete
  4. အဖြူရောင်နတ်သမီးMarch 19, 2011 at 1:40 AM

    အင်း..
    သဘာဝဘေးအန္တရာယ်ဆိုတော့လည်း သတ္တဝါတခု ကံတခုပဲပေါ့..။

    ReplyDelete