Tuesday, March 8, 2011

တနင်္ဂနွေ....ပုံပြင်

တနင်္ဂနွေ....ပုံပြင်

နွေဆိုတဲ့အတိုင်း
တနင်္ဂနွေကလည်း
ပူလောင်ပြင်းပြလို့
သူ့ရာသီကိုသူဖန်ဆင်းတယ်....
တခါတခါတော့လည်း
ပျင်းရိငြီးငွေ့မှုနဲ့
သီချင်းကြီးတစ်ပုဒ်ကိုညည်းဆိုတတ်တယ်...
တနင်္ဂနွေဟာ
ချောက်နက်နက်လား...
တယောသံစဉ်လား....
နှင်းဆီတစ်ပွင့်လား...
ကောင်မလေးတစ်ယောက်လား.....
ကျွန်တော်မသိခဲ့ဘူး
တနင်္ဂနွေတိုင်း
အရာရာဟာ အုံ့မှိုင်းတိတ်ဆိတ်လို့...
နေသားတကျဖြစ်ခဲ့တာလည်းကြာပြီ
ကဗျာတစ်ပုဒ်ရေးဖြစ်ကောင်းရေးမယ်
သစ်ရွက်ကြွေတစ်ရွက်ကိုငေးကြည့်ချင်ကြည့်မယ်
ဒါမှမဟုတ်
ကြီးကြီးကျယ်ကျယ်အတွေးတွေနဲ့
လူတွေကိုဘက်ပေါင်းစုံကကြည့်ချင်ကြည့်မယ်
သေချာတာကတော့
တနင်္ဂနွေဟာ
အုံ့ မှိုင်း တိတ် ဆိတ် လို့ . . .

သက်တန့်ချို
6 March 2011 (Sunday)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. အရမ်းကိုလွမ်းဆွတ်ရတဲ့ နေ့ လေးတနေ့ ဟာ အဲဒီတနင်္ဂနွေပဲပေါ့.....

    ReplyDelete