ပတ်ဝန်းကျင်တစ်ခုလုံးက အုံ့မှိုင်းညိုမည်းကာနေ၏ ။ အနောက်တောင်ဖက်ထောင့်မှ အနီရောင်ကောင်း ကင်ကြီး က ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးတို့အား အစပြုတော့မည့်နှယ် ။ မကြာပါ ...ပင်လယ်ပြင်သည် ငြိမ်သက်နေ ရာမှ ရုတ်ခြည်းဆိုသလိုပင် လှိုင်းတံပိုးတို့က ဒေါမာန်တကြီး မြည်ဟီးလာလေ၏ ။
“ အသက်ကယ် အကျီင်္တွေ ၀တ်ထားကြဟေ့ ရေပုံးလွတ်တွေ စည်ပုံးတွေကို မြဲမြဲကိုင်ထားကြ ”
လှေဦးမှနေ၍ လှမ်းအော်လိုက်သော ဘီလူး၏ အသံကြောင့် လှေပေါ်ရှိ ရွာသူရွာသားအားလုံး ထိတ် ထိတ်ပြာပြာ ဖြင့် အသက်ကယ်အင်္ကျီများကို အလျှင်အမြန်ဝတ်ကြကုန်၏ ။ ရွာသူများ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူ ပန်သောကများ ပြည့်နှက်နေသလို ရွာသားများက မုန်တိုင်းအခြေအနေကို စောင့်ကြည့်လျှက်ရှိ၏ ။ မကြာပါချေ ...မုန်တိုင်းက ကြမ်းသထက် ကြမ်းလာချေပြီ ။
တချက်တချက် အိမ်တစ်လုံး အမြင့်ခန့်ရှိသော လှိုင်းလုံးများကြားတွင် ကျွန်ုပ်တို့ လှေကြီးကား နိမ့်ချည်မြင့် ချည်နှင့် ။
“ သူကြီးဘယ်လိုလုပ်ကြမလည်း ဒီအတိုင်းဆို လှေမှောက်သွားနိုင်တယ် ”
စိုးရိမ်တကြီးမေးလာသော ရွာသားမြင့်လွင်၏ အမေးကို ကျွန်ုပ်မှာ မဖြေအား ။ ရှေ့တည့်တည့်ပြေးဝင်လာသော လှိုင်းမောက်ကြီးအား လှေဦးနှင့်တည့်၍ ထိုးခွဲချလိုက်ရ၏ ။ ဤအတိုင်းဆိုလျှင်မလွယ် .. ကျွန်ုပ်တို့ လှေတစ်စင်း လုံး လှိုင်းတံပိုးများအောက် နစ်မြုပ်ပျောက်ကွယ်သွားနိုင်ပေသည် ။
“ ကဲ..ကိုမြင့်လွင်ရေ ရွာသားတွေကို စုပြီး ပုံးတွေနဲ့ စည်အလွတ်တွေကို ရှာခိုင်းထား ရွာသူတွေကို တန်းတွေကို မြဲမြဲကိုင်ထား ပလေ့စေ လေအားကြမ်းတော့ လွင့်ထွက်သွားနိုင်တယ်ဗျ ”
ထိုအခိုက် လှိုင်းလေကြားမှပင် ကျွန်ုပ်ဆီသို့ မျက်စိပျက် မျက်နှာပျက်ဖြင့် ကိုကြီးကျော် တစ်ယောက် ရောက်ရှိ လာလေသည် ။
“ သ..သူကြီး ..ဟိုဟို လေတိုက်လွန်းလို့...ရွာ..ရွာသူတစ်ယောက် ရေထဲ ပြုတ်...ပြုတ်ကျသွားပြီ ”
“ ဟေ ..ဟုတ်လား ဘယ်သူတုန်း ”
“ မီမီအောင်ပါသူကြီး ”
ကျွန်ုပ်ကား ဘာပြန်ပြောရမှန်းမသိလောက်အောင်ပင် ဆွံ့အသွားမိသည် ။
“ ဟူး..အခုတော့ ဘာတတ်နိုင်မလဲ ကိုကြီးကျော်ရယ်မုန်တိုင်းငြိမ်သွားတော့မှ ရေအောက်ဆင်းရှာကြတာပေါ့ ”
ရွာသူများမှာ ရှေ့တွင်တစ်ယောက် ရေထဲပြုတ်ကျသွားပြီဖြစ်သဖြင့် လှေပေါ်ရှိ တန်းများကို အမိအရ ဆုပ်ကိုင် ထားကြလေတော့သည် ။
ုမုန်တိုင်းကား ဆုတောင်းသလို လျော့ပါးမသွားသည့်အပြင် ပို၍ ကြမ်းလာသည်မှာ လှေ မှာ မှောက်မတတ် ပင်ဖြစ်နေလေသည် ။ ကျွန်ုပ်ကား ဤအတိုင်းဆို မကြာခင်လှေ တစ်စင်းလုံး လှိုင်းအောက်ရောက် သွားနိုင်မည် ကို တွေးမိ၏ ။ ထိုအခိုက် ကျွန်ုပ်၏ မြင်ကွင်းသို့ ၀ိုးတ၀ါး တိုးဝင်လာသော မြင်ကွင်းတစ်ခု ။ ထန်းပင်ခန့် အမြင့်ရှိသော ရေပြင်မှ တိုးထွက်လာသော အရာတစ်ခု ။ နီးကပ်လာလေ ပို၍ ထင်ရှားလာလေ၏ ။ ကျွန်ုပ်လည်း အသေ အချာ ကြည့်မိသောအခါ ရှေး၌နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့သော ယခုအခါ မျိုးတုန်းပျောက် ကွယ်လုနီးပါးဖြစ်နေသော “ ညံ ” သတ္တ၀ါကြီးပင်ဖြစ်နေလေသည် ။ သက်မီ ၊ အင်ကြင်းနှင့် ကြယ်ဖြူလေးတို့ အဖွဲ့မှာမူ ညံသတ္တ၀ါကြီးကို ငေးကြည့်ရင်း အကြောက်လွန်ကာ ထိတ်လန့်နေဟန်ရှိလေသည် ။ သူ ရိန်နှင့် ဝေယံတို့ နှစ်ဦးမှာမူ လှေပေါ်တွင် အသင့်ပါလာသော ငှက်ကြီးတောင်ဓါးများကိုကိုင်ကာ ရွာသူ များရှေ့မှ မားမားမတ်မတ် ရပ်တည်လျှက်ရှိကြပေသည် ။ အမှန်စင်စစ်ဆိုသော် ညံသတ္တ၀ါကြီးကား လွန်စွာကြီးမား လှကာ ကျွန်ုပ်တို့ လှေကား၎င်းနှင့် ယှဉ်လျှင် ကလေးကစားစရာအသွင်ဖြစ်နေလေ၏ ။
ညံသတ္တ၀ါကြီး၏ မျက်လုံးများမှာ ရဲရဲနီလျှက်ရှိကာ ကျွန်ုပ်တို့ လှေအား စိုက်ကြည့်လျှက်ရှိ၏ ။ မုန်တိုင်း ကလည်း လျော့သွားသည်မရှိပဲ လေအားပြင်းထန်စွာ တိုက်ခတ်လျှက်ရှိသဖြင့် ကျွန်ုပ်တို့လှေမှာ ပင်လယ်ပြင်ကြီး ထဲတွင် ဆပ်ပြာခွက်လေးသဖွယ် ရေလှိုင်းခေါ်ဆောင်ရာနောက် လိုက်နေရလေ၏ ။ တချီတွင် ညံသတ္တ၀ါကြီး၏ ဦးခေါင်းက လှေဝမ်းအတွင်းသို့ ရန်မူရန် တိုးလာရာ လှေပေါ်တွင် အော်သံများ ကမ္ဘာပျက်မတတ် ဆူညံ သွားလေ၏ ။ ဤတွင် လက်မနှေးလှသော သားပြောင်နှင့် ပြောင်ကြီးတို့မှာ ညံသတ္တ၀ါကြီး၏ ဦးခေါင်းကြီး အား ၄င်းတို့ လှံများဖြင့် အားပါးတရ ထိုးစိုက်ချလိုက်လေသည် ။ အသင့်စောင့်နေသော သူရိန်နှင့် ဝေယံတို့လည်း ၄င်းတို့၏ ငှက်ကြီးတောင်ဓါးများဖြင့် ၀င်ရောက်ခုတ်ပိုင်းကြလေသည် ။ ညံကောင်ကြီးကား အထိနာသွားဟန်ဖြင့် လူးလွန့်လျှက် ရှိရာ ရေလှိုင်းများကြွလာ သဖြင့် လှေ မှာ မှောက်မတတ် ပင်ဖြစ်သွားလေသည် ။ ညံကောင်ကြီး ကား ရေထဲပြန်လည် ငုပ်လျှိုးသွားလေ ရာ ရေပြင်မှာ သွေး များဖြင့် ချင်းချင်းနီရဲလျှက်ရှိပေ၏ ။
ထိုအခိုက် ညံကောင်ကြီးမှာ လုံးဝရေပေါ်သို့ပြန်ပေါ်မလာတော့သဖြင့် ကျွန်ုပ်မှာ ညံကောင်တို့၏ သဘောသ ဘာဝ ကို စူးစမ်းလေ့လာမိသည့်အလျှောက် လွန်စွာစိုးရိမ်သွားမိလေသည် ။ ညံသတ္တ၀ါတို့ သည် ရေပြင်တွင် အင်အား အကြီးမားဆုံးဖြစ်သည့် အလျှောက် လွန်စွာ သွေးအေးသည့် သတ္တ၀ါများ ဖြစ်ကြ၏ ။ ရှေးယခင် က ပင်လယ်ကူးသဘောင်္ကြီးများကိုပင် တိမ်းမှောက်ပစ်ခဲ့ဖူးသည့် သက်သေသာဓက များရှိ၏ ။ ၄င်းတို့ အထိနာ သွားပြီဆိုလျှင် အငြိုးတကြီး ရန်မူတိုက်ခိုက်လေ့ရှိကြ၏ ။ ယခုမှာမူ ညံကောင်ကြီးငြိမ်သက်သွားသည်မှာ ၃ မိနစ်ခန့် ရှိပြီဖြစ်၏ ။ မကြာခင် အန္တရာယ်ဆိုးကြီးကျရောက်တော့မည်မှန်း ကျွန်ုပ်တွက်ဆမိလိုက်၏ ။
“ သတိထားကြဟေ့ မြဲမြဲကိုင်ထားကြ”
ရေအောက်တွင် မူမမှန်သော အရိပ်အယောင် တွေ့၍ ကျွန်ုပ်လှမ်းသတိပေး လိုက်သော်လည်း နောက် ကျသွားချေပြီ ။ ညံကောင်ကြီးကား ကျွန်ုပ်တို့ လှေအောက်တည့်တည့်မှနေ၍ ၄င်း၏ ခန္ဓာကိုယ်ဖြင့် တွန်းပင့် တင် လိုက် ရာ လေမှာ ရေထဲသို့ တိမ်းမှောက်သွားလေတော့သည် ။ ကျွန်ုပ်မှာမူ လှေတက်မကို ကိုင်နေရင်း မှ လှေမှောက် ချိန်တွင် ရေပြင်ထဲသို့ ထိုးကျသွားသည်ကိုသာ နောက်ဆုံးမှတ်မိလိုက်လေသည် ။ ထို့ နောက် ရေထဲ အကျတွင် ခေါင်းသို့ ပြင်းစွာသော အရာတစ်ခုလာရောက်ထိခိုက်မိသဖြင့် အရာအား လုံး မှောင်အတိကျသွားလေတော့သည် ။
ဆက်ရန်။
www.thettantvillage.com မှ ရွာသူရွာသားနာမည်များယူသုံးထားပါသည် ။
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

စိတ်ဝင်စားတယ်အကိုရေ...ဆက်ရန်လေး စောင့်မျှော်နေပါတယ်ဗျို့...
ReplyDeleteကောင်းသောနေ့လေးဖြစ်ပါစေ။
တန်းလန်းကြီး...ဖတ်ဘူးးး...
ReplyDeleteစ ဆုံး ပြီးမှ ဖတ်မယ်...။
ဂျီးရေ..ဖွာချမ်းတို့ တွေ လှေကြီးနဲ့ ဘယ်ကိုသွားတာလဲဟင်..ဘင်္ဂလားကိုလား
ReplyDeleteဂျီးခေါ်လို့ သာလိုက်ရတယ်..
အိမ်ကကလေးတွေစိတ်မချဘူးတော့