Wednesday, March 30, 2011

ဟန်နီ (သို့ ) ကြွေရုပ်ကောင်းကင်


ဟန်နီ (သို့ ) ကြွေရုပ်ကောင်းကင်

ဟန်နီ......
ကြယ်တွေ ကြွေနေလိုက်တာ..
ဟိုး...အဝေး ကောင်းကင်ကြီးပေါ်
လင်းလင်းလက်လက်တောက်ပလို့...
ငါ့...သမိုင်းကတော့ မခမ်းနားခဲ့ဘူးကွယ်
ကွဲအက်တိတ်ဆိတ်တဲ့ အခန်းငယ်ထဲ
ဂစ်တာတစ်လက်ကို အဖော်ပြုရင်း
နေခြည်ကို မျှော်ခဲ့ဖူးတယ်..
အေးစက်အဖော်မဲ့ခြင်းဆိုတာ
မနက်ဖြန်ပေါင်းများစွာပေါ့..
ဟန်နီ.......
ဆောင်းညတစ်ညမှာ..နှင်းတွေပွင့်တယ်
ရေးခဲ့တဲ့ကဗျာတွေ..
အမှောင်အခန်းငယ်ထဲ...ပြန့်ကျဲလို့
ဟိုတစ်စ...ဒီတစ်စ
ဒါဟာ...ငါ့နှလုံးသွေးစက်တွေ
အရာရာဟာ..အေးစက်ကိုက်ခဲလွန်းခဲ့တယ်
ဟန်နီ........
ငါ့ရင်ခွင်ကို ကြည့်လှည့်
မာနနဲ့ အတ္တကင်းစင်တဲ့
အဖြူရောင် လွင်ပြင်တစ်ခု
မြင့်မြတ်တဲ့ တစုံတရာဟာ
ဘယ်ဖက်ရင်အုံမှာ ပဲ့တင်တုန်ခတ်လို့....
အဲဒီတစ်ညမှာ...
နင်ဟာ....ငါ့ သူရဲကောင်းမလေးဖြစ်တယ်..
ဟန်နီ......
နင့်အတွက်...“ .....” မဖြစ်နိုင်တော်
နွေးထွေးတဲ့...
ကဗျာဆက်သူဖြစ်ပါရစေ..
ငါ့အတွက် အကြီးကျယ်ဆုံးဆုလာဘ်တစ်ခု
အိပ်မက်တို့ ခမ်းနားတယ်
အတွေးတွေ ပေါင်းစုလို့ ....
ကောင်းကင်ပြာကို မော့ကြည့်တဲ့အခါ
နင့်ရဲ့ မျက်ဝန်းလှလှများစွာ..
အရာရာဟာ...
အ ရာ ရာ ဟာ . . . . မှာ
နင်ဟာ....ငါ့ ရဲ့ ကဗျာ ......။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. အဖြူရောင်နတ်သမီးMarch 30, 2011 at 6:57 PM

    နွေးထွေးတဲ့...
    ကဗျာဆက်သူဖြစ်ပါရစေ..

    ကောင်းကင်ပြာကို မော့ကြည့်တဲ့အခါ
    နင့်ရဲ့ မျက်ဝန်းလှလှများစွာ..
    အရာရာဟာ...
    အ ရာ ရာ ဟာ . . . . မှာ
    နင်ဟာ....ငါ့ ရဲ့ ကဗျာ ......။


    ....................
    စားတယ်ကွာ..
    တချက်ထဲနဲ့ကို ငြိမ်ကျသွားတာပဲ...

    ReplyDelete
  2. မာနနဲ့ အတ္တကင်းစင်တဲ့
    အဖြူရောင် လွင်ပြင်တစ်ခု
    မြင့်မြတ်တဲ့ တစုံတရာဟာ
    ဘယ်ဖက်ရင်အုံမှာ ပဲ့တင်တုန်ခတ်လို့....
    .....ခံစားအားပေးသွားတယ် အကိုရေ..
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete