Friday, March 25, 2011

အချစ်သင့်သူ


အချစ်သင့်သူ

ချစ်တတ်ဖို့ မကြိုးစားခဲ့ပေမယ့်
ဖျက်ကနဲ...မင်းပုံရိပ်တွေ
အရာရာ....အရာရာဟာ..
ဆို့နင့်လို့.....
ဘာကြောင့်များ ဆုံတွေ့ပေးခဲ့ရသလဲ
ခပ်နုံနုံ ကံကြမ္မာက
လှောင်ရယ်ရက်လွန်းတယ်
စနစ်တကျ...နဲ့
သွန်းလောင်းထုဆစ်ပြီးခါမှ
ခွဲခွာဖို့ ဆိုတဲ့ ခေါင်းစဉ်တပ်
ခပ်ထက်ထက်ဓါးနဲ့ စိုက်ခဲ့တယ်
ပြဇတ်လည်းမဆန်ခဲ့ဘူး
လွမ်းခန်းလည်းမရောက်ခဲ့ဘူး
စကတည်းက ပြီးခဲ့တဲ့ဇတ်လမ်းမှာ
အချစ်ဆိုတာ...တရားခံများလား ??
ဆွေး စမ်း ကွယ် ......
အရိုးထဲထိတိုင်အောင်
ငါ့..အတွက်နေခြည်ဟာ
ကမ္ဘာမြေရဲ့.....ဟိုးအဝေးမှာ...

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. အဖြူရောင်နတ်သမီးMarch 27, 2011 at 4:34 PM

    အဝေးက နေခြည်...
    အကြောင်း ခပ်ဆွေးဆွေးလေး ဖတ်သွားပါတယ်..။

    ReplyDelete
  2. မရိုးနိုင်ဘူး..ဖတ်မိနေတာ အကြိမ် ၁၀၀ လောက်ရှိနေပြီ ...ခုမှရေးဖြစ်တာ...အရမ်းကြိုက်လို့ ...

    ReplyDelete