Thursday, March 10, 2011

နွေရာသီ ၊ ကျန်းမာရေးနှင့် သင်္ကြန်

နွေရာသီ ၊ ကျန်းမာရေးနှင့် သင်္ကြန်

နွေဥတုထဲ သိသိသာသာ ရောက်ပြီမို့ ရာသီဥတုက တစ်စထက်တစ်စ ပူပြင်းကာနေ၏ ။ နေ့လည်ပိုင်း အချိန်များ တွင် အပူ ချိန်များပြီး ညလယ်ပိုင်းအချိန်များတွင်မူ အေးမြနေတတ်၏ ။ရာသီ ဥတု ပြောင်း လဲနေသော ကာ လဖြစ်သောကြောင့် ကျန်းမာရေးကို အထူးဂရုပြုရန်လိုပေသည် ။ မကြာခင်လည်း မဟာသင်္ကြန် ကျရောက်တော့ မည်ဖြစ်သောကြောင့်ကျန်းမာပျော်ရွှင်စွာ ရေကစားနိုင်ရန်နှင့် နေပူရှိန်ထဲတွင် ဆောင်ရန်ရှောင်ရန်များကိုလည်း သိရှိရန်လိုအပ်ပေသည် ။ မိုးဥတုတွင်သာ တုပ်ကွေးဖျားနာများ များတတ်သည်မဟုတ် ။ နွေရာသီ တွင်လည်း သတိမမူပဲ ကျန်းမာရေးကို ဂရုမစိုက်ပါက ရောဂါပေါင်းစုံဝင်ရောက်တတ်ပေသည် ။ ထို့ကြောင့် နွေရာ သီနှင့် ကျန်းရေးဆိုင်ရာ ဆက်နွယ်နေသော အချက်အလက်များကို ဖော်ပြပေးလိုက်ပါသည် ။

၁ ။ နွေရာသီနှင့် အာဟာရ


နွေရာသီမှာ အာဟာရဓါတ်ကို ညီညွှတ်မျှတစွာ စားသုံးဖို့လိုအပ်ပါတယ် ။ အထူးသဖြင့်ရေ ဓါတ်အမြဲ ဖြည့် တင်းပေး ရန် လိုပါတယ်။ နွေအပူရှိန်ထဲမှာ ချွေးထွက်များတဲ့အတွက် ရေဓါတ်နဲ့ဓါတ်ဆား ( electrolyte) များဆုံး ရှုံးပြီး ရေဓါတ်ခမ်းခြောက်ခြင်း (Dehydration) ကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် နေအပူရှိန်ထဲမှ ပြန် လာပြီး ချွေးထွက်များသောသူများ (ဥပမာ ဂေါက်ရိုက်သများများ ၊ ဘောလုံးသမားများ ) ဓါတ်ဆား ၊ အချိုရည် ၊ ရေနဲ့အရည်ရွှမ်းသော သစ်သီးများကိုစားသုံးရန်လိုအပ်ပါတယ် ။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေနဲ့ ပန်းသီး ၊ လိမ္မော်သီး ၊ သစ်တော်သီး ၊ ရှောက်ချိုသီး ၊ စသည်တို့ကို သင့်တင့်မျှတစွာ စားသုံးပေးရန်လိုအပ်ပါတယ် ။

၂ ။ နွေရာသီနှင့်အားကစား


နေအရမ်းပူတဲ့ နေ့လည်နေ့ခင်းအချိန်များမှာ အားကစားပြင်းထန်စွာလုပ်ခြင်းမှ ရှောင်ရှားသင့်ပါတယ် ။ နေ့ လည်နေ့ ခင်းအချိန်များမှာ ထီး ၊ ဦးထုပ်မပါပဲ နေပူထဲကိုမထွက်သင့်ပါဘူး ။ အပူချိန်လျော့နည်းတဲ့ နံနက်ခင်း နဲ့ ညနေစောင်း အချိန်များတွင်သာကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်သင့်ပြီး နေ့လည်အချိန်များမှာတော့ အရိပ် ရ တဲ့ သစ်ရိပ် ၊ ၀ါးရိပ်နဲ့ အိမ်အတွင်းပိုင်းနဲ့အေးမြသောနေရာများတွင်သာ အေးအေးလူလူ အနားယူရန် လိုအပ် ပါ တယ် ။ မဖြစ်မနေ ကိုယ်လုပ်လှုပ်ရှားဖို့ လိုရင်လည်း ရေကို ခဏခဏသောက်ဖို့မမေ့ပါနဲ့ ။

၃ ။ နွေရာသီနှင့် နေထိုင်မှုပုံစံ


နေ့လည်နေ့ခင်း အပြင်ကိုထွက်တဲ့အခါတိုင်း ချည်ထည်ပွပွ လက်ရှည်နဲ့ အဖြူဖျော့ဖျော့များကိုသာ ၀တ်ဆင် သင့်ပါတယ် ။ အဖြူရောင်ဟာ အပူချိန်ကို တန်ပြန်နိုင်စွမ်းရှိပြီး အမည်းရောင်ကတော့အပူချိန်ကို စုပ်ယူထား တဲ့အတွက် ခန္ဓာကိုယ်အပူချိန်တက်စေပြီး ချွေးထွက်များစေပါတယ် ။ အပြင်ကိုထွက်တဲ့အခါတိုင်း ထီး၊ဦး ထုပ်ဆောင်းပါ ။ နိုင်လွန်ကဲ့သို့အကျီင်္များ ကိုယ်ကြပ်အကျီင်္များ ဘောင်းဘီများ ၀တ်ဆင်ခြင်း ကိုတတ်နိုင် သမျှ ရှောင်ကြဉ်ပါ ။ နေပူထဲမှပြန်လာပြီးရေချက်ချင်းချိုးတတ်တဲ့အကျင့်ကို ရှောင်ပါ ။ ရေတ၀သောက် ပြီး ချွေးတိတ် မှသာ ရေချိုးသင့်ပါတယ် ။ ချွေးမတိတ်သေးခင် နေပူထဲမှ ချက်ချင်းပြန်လာပြီး ချက်ချင်းရေချိုးပါက အပူရှပ်ပြီး heat stroke ရနိုင်ပါတယ် ။ အသားအရည်ထိမ်းသိမ်းဖို့အတွက်နေပူထဲထွက်တော့မယ်ဆိုရင် Ultraviolent Ray (UV) ကိုကာကွယ်ပေးနိုင်တဲ့ cream တစ်မျိုးမျိုးလိမ်းထားနိုင်ပါတယ် ။ နေပူထဲမှ ပြန် လာပြီး ရေခဲရေနှင့် မျက်နှာသစ်ခြင်း ၊ ရေခဲရေနှင့် ရေချိုးခြင်းတို့ကိုမှု လုံးဝရှောင်ရှားရပါမယ် ။

၎ ။ နွေရာသီနှင့်သင်္ကြန်



မကြာခင် သင်္ကြန်ကျရောက်တော့မှာဖြစ်တဲ့အတွက် ကျန်းမာရေးဆိုင်ရာ ဂရုစိုက်စရာအချက်အလက်တွေ အ များကြီး ရှိနေပါတယ် ။ နေပူကြီးထဲမှာ တစ်နေကုန်ရေပက်သူတွေ ၊ ရေပက်ခံထွက်သူတွေအတွက် အပူအအေး မမျှ တပဲ ဖျားနာဖို့လွယ်ကူပါတယ် ။ နေပူထဲ ရေပက်ခံထွက်တော့မယ်ဆိုရင်တော့ တစ်နေ ကုန် ရေစိုပြီး ချမ်းအေးခြင်းကို ကာကွယ်နိုင်ဖို့အတွက် အကျီင်္ထူထူ ၀တ်ဆင်ပါ ။ Sun block cream များလိမ်းပါ ။ ဘီယာ အရက်တို့ကို တတ်နိုင်သမျှ သောက်ခြင်းမှ ရှောင်ကြဉ်ပါ ။ ဘီယာသောက်မှ အရက်သောက် မှမူးပြီးပျော် စရာကောင်း တာမဟုတ်ပါဘူး ။ မြန်မာ့ရိုးရာသင်္ကြန်ဆိုတာ ဒီအတိုင်း ကြည်ကြည် လင်လင်လေးနဲ့လည်း ချမ်းမြေ့ကြည်နူးဖွယ် ပျော်ရွှင်ဖွယ်ကောင်းလှပါတယ် ။ သင်္ကြန်မျာဖြစ်တဲ့ ရန်ပွဲတော်တော် များများရဲ့ အစဟာ အရက်သေစာသောက်စားခြင်းကြောင့်ဖြစ်ရတာပါဆိုရင် သင်ငြင်းနိုင်ပါသလား ။ ဒါကြောင့် သင်္ကြန်အ တွင်းမှာ အရက်ကို အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ရှားစေလိုပါတယ် ။

ဒါ့အပြင်လမ်းဘေး စာတွေဖြစ်တဲ့ အချဉ်ပေါင်းထုပ်များနဲ့ သရက်သီး ၊ မရမ်းသီး စတာတွေကိုလည်း မစားသင့်ပါဘူး ။ လူထူထပ် တဲ့အတွက် ရောဂါပိုးပေါင်းစုံပျံ့နှံ့ပြီး ၀မ်းရောဂါဖြစ်ပွားနိုင်ပါတယ် ။ စားချင် တယ်ဆိုရင် မိမိအိမ်မှာ လတ်လတ် ဆတ်ဆတ် ပြုလုပ်ပြီး ယူဆောင်သွားခြင်းက ပိုပြီးသင့်တော်ပါတယ် ။ ယခုနောက်ပိုင်းသင်္ကြန်တွေမှာ သိမ်မွေ့နူးညံ့မှုတွေပျောက်ဆုံး နေပြီဆိုတာ သင်လည်းသတိထားမိမှာပါ ။အနောက် တိုင်းဆန်ဆန် ပူလောင်တဲ့ ၀တ်စားဆင်ယင်မှု (ခါးပေါ် ၊ ရင်ပေါ် ၊ တင်ပေါ် ) နဲ့ မိန်းကလေးတွေ သရုပ်ပျက် ကခုန်နေခြင်းဟာလည်း ကမ္ဘာ့အလယ်မှာ ဒါငါတို့ရိုးရာမဟာသင်္ကြန်လို့ ၀င့်ကြွားရမှာတောင် ရှက်ဖွယ်အတိဖြစ်နေပါတယ်။အချိန်မှီမပြင်ဆင်ကြရင်ဖြင့် နောင်နှစ်တွေနှစ်တွေမှာ နောင်လာနောက်သားတွေ
အဖို့ သင်္ကြန်ဆိုတာ ဒီလိုဝတ်ရစားရ ဒီလိုကခုန်ရ ဒီလိုမူးရူးရတဲ့ ပွဲပါလားလို့ ထင်မှတ်သွားရင်ဖြင့် တစ်မျိုးသား လုံး အတွက် ရင်လေး စရာဖြစ် ရပ်ကြီးပဲဖြစ်ပါတယ် ။ သပြေခက်နဲ့ငွေဖလားနဲ့ နံ့သာ ရည်နဲ့ ရေမ ပက်နိုင် ရင်တောင် ခွက်စောင်းခုတ်ခြင်း ၊ ကြမ်းတမ်း စွာ ရေကစားခြင်းနဲ့ နှမသားချင်း မကြားဝံ့မ နာသာ စနောက်ခြင်း များကို တို့မြန်မာတွေ ရှောင်ရှားဖို့ လိုလာပါပြီ ။

ယနေ့ခေတ်ကြီးဟာ သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ စီးဆင်းနေတာနဲ့အမျှ မဟာသင်္ကြန်ရဲ့ ပုံရိပ်တွေဟာ လည်း အချိန်နဲ့တပြေးညီ အင်တာနက်ပေါ် ၊ ဘလော့တွေအပေါ် ၊ Social network တွေအပေါ်နဲ့ Facebook အစရှိတဲ့ လူသုံးများ Network တွေအပေါ် ရောက်ရှိမှာအမှန်ပါပဲ ။ ရှက်ဖွယ်အတိဖြစ်တဲ့ အနောက် တိုင်းဆန်ဆန် မလုံမခြုံ ၀တ်ဆင်ခြင်းများ နဲ့ လမ်းသရဲပုံစံများကိုရှောင်ရှားပြီး မြန်မာဆန်တဲ့ အမျိုးသား အမျိုးသမီးလေးများ ပုံစံ ယဉ်ကျေးသိမ်မွေ့စွာ ၀တ်ဆင်ြ့ပြီး အတာသင်္ကြန်ကို ဆင်နွှဲကြမယ်ဆိုရင်ဇြင့် “ ကမ္ဘာ့ အလယ်မှာ ဒါတို့ရိုးရာ မဟာသင်္ကြန်ဟေ့ ” လို့ ဂုဏ်ယူဝင့်ကြွား သံတွေညံနေမှာဖြစ်ကြောင်း တင်ပြ ရင်း နွေရာသီ ၊ ကျန်းမာရေးနှင့် သင်္ကြန် ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ် ။

စာဖတ်သူပရိတ်သတ်များ နှစ်သစ်အခါသမယမှာ စိတ်၏ ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံ ပြီး အေး ချမ်းသာယာ ရှိကြပါစေ ။

သက်တန့်ချို
10th March 2011

(ပုံများအား Google Image Search မှယူပါသည်)


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. သက်တန့်ရေ အပြင်သွားရင် ထီးဆောင်းဆိုလို့ ဗဟုသုတ နည်းနည်းမျှလိုက်ချင်တယ် ရတယ်မလား ဒီလိုပါ ဦးဇင်းတို့ငါးပါးက ကျောင်းသွားတာ၊ အပြင်သွားတာ ထီးဆောင်းသွားတယ်၊ ဒီအိန္ဒိယကလူတွေက ထီးမဆောင်းကြဘူး၊ တော်တော်အပူခံနိုင်ကြတယ်၊ ဘာလို့ထီးမဆောင်းကြလဲလို့မေးတော့ ဒီအိန္ဒိယမှာက အမျိုးသားတွေထီးမဆောင်းကြဘူး၊ အမျိုးသမီးတွေတောင် အမျိုးသမီးကြီးတွေပဲ ဆောင်းကြတယ်တဲ့....ဟာ...ဒါဆို တို့တွေက...
    ခင်မင်တဲ့
    တောက်ပကြယ်စင်

    ReplyDelete
  2. ကျန်းမာရေးသူတတွေအတွက်
    ကျေးဇူးပါအကို။
    စာဖတ်ရင်းရောက်ခဲ့ပါတယ်။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  3. ဖြစ်ရလေ ဦးဇင်းရယ် သူ့နေရာနဲ့သူ သူ့ဒေသနဲ့သူတော့ အယူအဆ အလွဲလေးတွေ ရှိနေတာပဲနော့်း)

    ReplyDelete
  4. မိုးယံMarch 13, 2011 at 1:40 AM

    လူလိုသိတတ်တဲ့အရွယ်ကတည်းက သင်္ကြန်ကို အမြင်ကတ်တာကြာပေါ့ အခုလည်း အမြင်ကတ်တုံးပဲ.. ကိုယ်ကမှ အေးချမ်း သာယာတဲ့သင်္ကြန်ကို မကြုံဖူးတာကိုး။ အရက်သမား၊လူရမ်းကားနဲ့ မိန်းမပျက်များ(အများစု) လမ်းပေါ်ထွက်တဲ့ပွဲလို့ ပြောရင်လည်းကိုယ့်အမျိုးတွေပါ ပါလာဦးမှာ...တော်ပြီ တစ်ယောက်ထဲပဲ အ ကုသိုလ်ပွားနေတော့မယ်။

    ReplyDelete
  5. snwchitthu88@gmail.comMarch 28, 2012 at 5:36 PM

    ကိုသက်တန့်ရေကျမ်းမာရေးဗဟုသုတတွေဖတ်လိုက်ပါတယ်သင်္ကြန်အတွက်ဝတ်စားဆင်ယင်မှုတွေကိုလည်းမှတ်သွားပါတယ်နော်

    ReplyDelete