Wednesday, March 30, 2011

ငါတွေ့ခဲ့တဲ့...ချစ်ခြင်းတစုံတရာ


ငါတွေ့ခဲ့တဲ့...ချစ်ခြင်းတစုံတရာ

အချစ်ဆိုတာ...
ဒီလောက်တောင် လှပသတဲ့လား...
တလှပ်လှပ်...တလှပ်လှပ်နဲ့
ငါဟာ...ဆွံ့အတိတ်ဆိတ်
နင့်အရိပ်....ရှာဖွေသူ..
(ရူးတယ်ပြောပြော)
ငါ...ကြည်နူးနေတတ်ခဲ့ပြီ
ဝေးလွင့်ခြင်းအရပ်မှာ
မနက်....နေ့.......ည
နင်ဟာ...စီးဆင်းလို့
တုန်ခါနေတဲ့ ငါ့ရင်ခွင်ဟာ
ထိမ်းမနိုင်...သိမ်းမရ
လွတ်လပ်ပေါ့ပါးမှုတွေနဲ့
ငါ့ရဲ့ ဆံနွယ်ပိုင်ရှင်မလေးရယ်..
ငါဟာ...အဲဒီလို
ချစ်တတ်ခဲ့သူလည်း ဖြစ်ရဲ့
ပိုင်ဆိုင်ခွင့်လည်းမတောင်းဆိုဘူး
နင့်အချစ်တွေလည်း မမျှော်လင့်ရဲဘူး..
ငါ့..အတွက် အချစ်ဆိုတာ...
ဒီလို....ချစ်နေရင်းနဲ့သာ....။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ပိုင်ဆိုင်ခွင့်လည်းမတောင်းဆိုဘူး
    နင့်အချစ်တွေလည်း မမျှော်လင့်ရဲဘူး..
    ငါ့..အတွက် အချစ်ဆိုတာ...
    ဒီလို....ချစ်နေရင်းနဲ့သာ....။
    လှလိုက်တဲ့ ချစ်ခြင်းတစ်ခု...
    ခံစားအားပေးသွားတယ် အကိုရေ..

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete