Saturday, March 5, 2011

အို....လမင်းငယ်

အို....လမင်းငယ်

ခါးသီးတယ်ဆိုတာထက်ပိုတယ်
မဆုံနိုင်တော့ဘူးလား လမင်းငယ်
ငါ နင့်ကိုတွေးမိတဲ့အခါတိုင်း
ကြယ်တို့အခါခါကြွေတယ်
ကြ ယ် တို့ အ ခါ ခါေ ကြွ တ ယ် . . .
မချစ်တတ်ဘူးဆိုတဲ့
နင့်စွပ်စွဲသံနောက်မှာ
ပြိုလဲခဲ့ရတဲ့ညတွေ....
ဖောက်ထုတ်ခဲ့ရတဲ့ နှလုံးသွေးတွေ
နင့်အတွက် ပြန့်ကျဲခဲ့တဲ့ ကဗျာတွေ...
တစ်သက်စာမကရှိတယ် (ကွယ်)
သူရဲဘောကြောင်သူတို့ရဲ့ထုံးစံ
နားလည်ခွင့်လွှတ်ပါလို့လည်းမပြောချင်ဘူး
ငါပေးခဲ့တဲ့ချစ်ခြင်းဟာ
ပြာလွင်လွင်နဲ့သိမ်မွေ့မနေဘူး
ပန်းနုရောင်လို ရင်ခုန်မနေစေဘူး
ငြိမ်သက်အေးချမ်းတဲ့
ဖြူလွှလွှ ချစ်ခြင်းတွေပဲဖြစ်လိမ့်မယ်....
ငါနားမလည်ခဲ့တဲ့....ဘာသာရပ်မှာ
နင်စွန့်လွှတ်သွားသည့်တိုင်
န င် စွ န့် လွှ တ် သွား သ ည့် တို င် . . .
ဟိုးအဝေးမှာ....
မြူတွေပျယ်သည်အထိ
ကြယ်တွေကြွေသည်အထိ
ရင်ထဲမှာနင်ရှိနေမယ်...
တစ်နေ့နေ့မှာပေါ့....
နင့်အတွက်စဉ်းစားပေးဆပ်ခဲ့တဲ့
ချစ်ခြင်းတွေဆိုတာ
နင်နားလည်လာလိမ့်မယ် ကွယ်....

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. ဆွေလေးမွန်March 5, 2011 at 1:47 PM

    ကဗျာဆိုတဲ့အတိုင်း ဖတ်ရတာ အရမ်းကို သိမ်မွေ့တယ်
    ပြီးတော့ ကဗျာရဲ့ စာကြောင်းလေးတွေတိုင်းမှာ ခံစားချက်တွေပါတယ်။ အထူးသဖြင့် ဒီစာပိုဒ်လေး ပိုကြိုက်တယ်..


    သူရဲဘောကြောင်သူတို့ရဲ့ထုံးစံ
    နားလည်ခွင့်လွှတ်ပါလို့လည်းမပြောချင်ဘူး
    ငါပေးခဲ့တဲ့ချစ်ခြင်းဟာ
    ပြာလွင်လွင်နဲ့သိမ်မွေ့မနေဘူး
    ပန်းနုရောင်လို ရင်ခုန်မနေစေဘူး
    ငြိမ်သက်အေးချမ်းတဲ့
    ဖြူလွှလွှ ချစ်ခြင်းတွေပဲဖြစ်လိမ့်မယ်..

    ReplyDelete
  2. ရင်နဲ့ ရေးတဲ့ ကဗျာလေးကို ခံစားဖတ်ရှုသွားပါတယ်ရှင်။ သံစဉ်ချိုချိုလေး တစ်ခုခု ပါဝင်နေတဲ့ သီချင်းတစ်ပုဒ်လို ခံစားရပါတယ်ရှင်။

    ReplyDelete
  3. မချစ်တတ်ဘူးဆိုတဲ့
    နင့်စွပ်စွဲသံနောက်မှာ
    ပြိုလဲခဲ့ရတဲ့ညတွေ....
    ဖောက်ထုတ်ခဲ့ရတဲ့ နှလုံးသွေးတွေ
    နင့်အတွက် ပြန့်ကျဲခဲ့တဲ့ ကဗျာတွေ...
    တစ်သက်စာမကရှိတယ် (ကွယ်)
    ရင်နဲ့ရေးတဲ့စားသားလေးတွေကို
    နှလုံးသားနဲ့ခံစားအားပေးလျှက်ပါအကို။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  4. ကိုကိုမောင်(ပန်းရနံ့)March 5, 2011 at 6:57 PM

    ဘယ်လို ကွန်မင့်ပေးရမှန်းတောင် မသိတော့ဘူး။ ကဗျာလေးက သိမ်သိမ်မွေ့မွေ့လေးဆိုတော့။ ကွန်မင့်ကြောင့် ကဗျာလေး ကြမ်းတမ်းသွားမှာ စိုးရိမ်မိတယ်။ ဒါကြောင့် ကွန်မင့်ပေးမသွားတော့ပါဘူး။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  5. လမင်းငယ်...
    လမင်းငယ်...
    ကြယ်တို့ အခါခါကြွေတယ်...
    ဟိုးအဝေးမှာ....
    မြူတွေပျယ်သည်အထိ
    ကြယ်တွေကြွေသည်အထိ
    ရင်ထဲမှာနင်ရှိနေမယ်...



    ဟင့်...
    ကြွေသွားပြီ...ကဗျာလေးကောင်းလွန်းလို့..။

    ReplyDelete
  6. သူငယ်ချင်းရေ
    ကဗျာလေးကို နှလုံးသားနဲ့ ခံစားသွားပါတယ်
    ကိုကိုမောင်(ပန်းရနံ့) ပြောသလိုပဲ
    ဘာပြောရမှန်းကိုတောင်မသိတော့ဘူး

    ခင်မင်စွာဖြင့်
    ညအလင်္ကာ

    ReplyDelete
  7. ချမ်းလင်းနေMarch 7, 2011 at 8:30 AM

    ကြယ်တွေ ကြွေတဲ့အထိ
    မြူတွေ ပျယ်တဲ့အထိ....
    ကဗျာလေး ကြိုက်တယ်ဗျာ။

    ReplyDelete
  8. အရမိးကောင်းတယ်

    ReplyDelete