Saturday, December 31, 2011

ကြောက်စရာလူသားများ (သို့မဟုတ်) ကျားသတ္တ၀ါများကိုကာကွယ်ပါ

ကြောက်စရာလူသားများ (သို့မဟုတ်) ကျားသတ္တ၀ါများကိုကာကွယ်ပါ



ကမ္ဘာမြေကြီးပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ သတ္တ၀ါချင်းအတူတူ ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ် မှုတွေ ဟာ နေရာတိုင်းမှာ မြင်မကောင်းလောက်အောင်တွေ့ကြုံနေရတယ် ။ ကိုယ့်ထက် အသိဥာဏ်နည်းတဲ့ ဒီလို သတ္တ၀ါတွေကို အကြောင်းမဲ့သတ်ဖြတ်ခြင်းကိုတော့ ရှောင်ရှားသင့်တယ်လို့မြင်ပါတယ် ။ မကြာခင်မှာ ကျား သတ္တ၀ါတွေမျိုးသုဉ်းပျောက်ကွယ်သွားတော့မယ့် အန္တရာယ်ကြောင့် ကျားထိမ်းသိမ်းရေး စခန်းတွေဖွင့် လှစ်နေတာ နဲ့အညီ ယခုလို ပုံပါအတိုင်းဖြစ်ရပ်မျိုးကိုတော့ ရှံ့ချရမှာဖြစ်ပါတယ် ။ ကျားဆိုတာဟာလည်း လူ သားတွေ အ တွက် ဟင်းစား အဖြစ်ကျွန်တော်ကတော့မသတ်မှတ်ပါဘူး ။ လူသားတွေအ တွက်စားသောက် ဖွယ်ရာတွေဟာ အလွန်ပဲ ပေါများလွန်းလှပါတယ် ။ ဒီတော့ ရှားပါးသတ္တ၀ါတွေ ကို ထိမ်းသိမ်းခြင်းအားဖြင့် ဂေဟ စနစ် ( Ecosystem) ကိုပါ ထိမ်းသိမ်းရာရောက်ပြီး သတ္တ၀ါတွေ မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ် ။



ဒီလို သတ်ဖြတ်မှုတွေ ကမ္ဘာမြေကြီးပေါ်မှာ နောက်ထပ် မကြုံတွေ့ကြပါစေနဲ့ ။



အရေခွံကို ဆုတ်ပြီး အသားကို ၀ိုင်းနွှာနေကြသောသူများ ။



ကျားသားကိုစားရဖို့ အလုအယက် စောင့်ဆိုင်းနေကြသူများ ။



အရိုးပါမကျန် အကုန် လုံး နွှာယူကြလေတယ် ။



ဦးခေါင်းခွံအရိုးပဲကျန်ရှိတော့တယ် ။



လူချမ်းသာတွေဆီမှာ ဒီလို အရေခွံကြီးတွေ ကို အလှဆင်ယင်ထားကြသတဲ့ သူများအသက် ကို ရင်းပြီး ကိုယ့် ကြွားဝါမှု အတွက် စတေးကြတယ် အိုမြေကမ္ဘာရေ စာနာထောက်ထားမှု ၊ ဂရုဏာ တရားနဲ့ သနားကြင် နာခြင်းတွေ ဟာ လူသားတွေဆီကနေ ဘယ်လိုပျောက်ကွယ်ကုန်ကြပါလိမ့် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. ကမ္ဘာပေါ်မှာလဲ ဒီခြေနှစ်ချောင်း၊ နားရွက်တိုတွေ ထင်သလိုကို လုပ်နေတော့တာပဲကိုး... ကိုယ်လုပ်သမျှ ခံရတဲ့ သတ္တဝါတွေကိုတော့ သနားသင့်ပါတယ်.. ဟိုတစ်ခါလည်း ခွေးသတ်တာတွေ .. ဘာမှန်းမသိ အကောင်လေးတွေသတ်တာတွေ ကြည့်ရတယ်.. ပြီးတော့ မြွေတွေ၊ငါးတွေ၊မြောက်တွေကို မသေသေးပဲ စားကြတာတွေ မြင်တွေ့နေရတာ စိတ်ကိုမချမ်းသာဘူး... ဒီလိုလုပ်ရပ်တွေကိုတော့ ရှုံ့ချပါတယ်ဗျာ...။။

    ReplyDelete
  2. ပုံတွေကမမြင်ရဖူး
    ဘာပုလို.လဲ

    ReplyDelete
  3. ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
    အေးချမ်းစွာဖြင့် လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
    မောင်သက်တန့်ရေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ပုံတွေကိုဘယ်လိုလုပ်မှကြည့်လို့ရမှာလဲ

    ReplyDelete
  5. I REALLY HATE THESE PEOPLE! THEY ALL GO TO HELL

    ReplyDelete
  6. ဟုတ်တယ်ခင်ဗျား
    လူတွေကသီဥာဏ်မဲ့ သောတရိစ္ဆှာန်တွေ့ ထက်ကောက်ကျစ်ကြ
    တယ်

    ReplyDelete
  7. ဟုတ်ပါတယ်ခင်ဗျား
    လူတွေသိဥာဏ်မဲ့ သောတိရိစ္ဆာန်တွေထက်သိဥာဏ်မဲ့ကြတယ်
    ကောက်ကျစ်ကြတယ်

    ReplyDelete
  8. ဘယ်လိုလူတွေလည်မသိတော့ဘူး လူဖြစ်ပြီးစာနာစိတ်ကိုမရှိဘူးစိတ်ပျက်ချင်စရာဘူတွေပဲဗျာ

    ReplyDelete
  9. စားဖို့၇ှင်ကြတာလားရှင်ဖို့စားကြတာလား။။။။။။။။။
    ၇ှင်ဖို့ဆို၇င်စားစ၇ာမ၇ှားပါဘူးဂျာ

    ReplyDelete