Friday, December 2, 2011

ရာသီတွေ ဘယ်လိုပဲပြောင်းပြောင်း . . . .(Menstruation)

ရာသီတွေ ဘယ်လိုပဲပြောင်းပြောင်း . . . .(Menstruation)


ဒီတစ်ပတ်ဖော်ပြပေးမယ့်အကြောင်းအရာကတော့ အမျိုးသမီးရယ်လို့ဖြစ်လာရင် မဖြစ်မနေ ကြုံတွေ့လာရမယ့် ရာသီသွေးပေါ်ခြင်း အကြောင်းပဲဖြစ်ပါတယ် ။ ကျန်းမာရေးစာပေတွေ ဖတ်တဲ့အမျိုးသမီးတွေ ကတော့ ရာသီလာ ခြင်းအကြောင်းကို သိနိုင်ပေမယ့် စာဖတ်အားနည်းတဲ့အမျိုးသမီးတွေအတွက် မိမိ ခန္ဓာကိုယ်မှာ ဘာတွေဖြစ် ပျက်နေသလဲ ဆိုတာနဲ့ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်နေသလဲဆိုတာ သိရှိနိုင်ရန်ရည်ရွယ်ပါတယ် ။ တ ကယ်တော့ ရာသီလာခြင်း ဆိုတာကို အင်္ဂလိပ်လို အရတော့ Menstruation (မန်စရေးရှင်း) လို့ခေါ်ပါတယ် ။ ရာသီသွေး ဆင်းတယ်ဆိုတာဟာ သားအိမ်ရဲ့ Lining အတွင်းပိုင်းနံရံကနေ သွေးတွေ ယိုစီးကျ လာခြင်း ( shedding ) ကို ခေါ်ဆိုခြင်းဖြစ်ပါတယ် ။ မျိုးပွားနိုင်တဲ့အသက်အရွယ်မှာရှိတဲ့အမျိုးသမီးတိုင်းမှာ ပုံမှန်ကြုံတွေ့ ရမယ့် အခြေ အနေတစ်ခုဖြစ်ပါတယ် ။ ပုံမှန်ရာသီသွေးဆင်းခြင်းကို နောက်တစ်မျိုး Eumenorrhea လို့ လည်းခေါ် ပါတယ် ။ ပုံမှန်အားဖြင့်တော့ချုံကြည့်လိုက်မယ်ဆိုရင် ၃ ရက်နေ ၅ ရက်လောက်အထိကြာလေ့ရှိပြီး တချို့ဆိုရင်တော့ ၂ ရက်ကနေ ၈ ရက်အတွင်းကိုလည်း ပုံမှန် ရာသီပေါ်တယ်လို့ စဉ်းစားကြပါတယ် ။ ပုံမှန်အား ဖြင့် ပထမဆုံးရာသီသွေးစဆင်းတဲ့အချိန်ကနေစပြီး နောက်ထပ် ရာသီသွေးဆင်းတဲ့ ပထမရက် အထိ cycle တစ်ခု ကို ၂၈ ရက်ကြာမြင့်ပါတယ် ။ ဒါပေမယ့်လည်း ယေဘူယျအားဖြင့်တော့ Menstrual periods ကို ၂၁ ရက်မှ ၃၅ ရက်အတွင်းကြုံရလေ့ရှိပါတယ် ။

လစဉ်ရာသီသွေးဆင်းနေစဉ်အချိန်မှာ ကြုံရတဲ့ သွေးဆုံးရှုံးခြင်းဟာ ယေဘူယျအားဖြင့် 35 mililiters ( လက်ဖက် ရည်ဇွန်း လေးဇွန်းမှ ခြောက်ဇွန်းအထိ) ရှိပြီး ၁၀ မီလီလီတာမှ ၈၀ မီလီလီတာ အတွင်းကိုတော့ ပုံမှန်အ ဖြစ် သတ်မှတ်ကြပါတယ် ။ လူအများစုဟာ ရာသီသွေးအဖြစ် ခေါ်ဆိုကြတဲ့အတွက် Menstrual fluid ဆိုတာဟာ Menstrual flow ကို ခေါ်ဆိုခြင်းပဲဖြစ်ပါတယ် ။ ရာသီသွေးဆင်းတဲ့အခါမှာ တကယ်တော့ ပါဝင်တာတွေကတော့ သားအိမ်ခေါင်းမှ အချွဲရည်များ ၊ သွေးအချို့ ၊ မိန်းမကိုယ်မှ ထွက်သောအရည်များ နဲ့သား အိမ် တစ်ရှူးစလေတွေးပါဝင်ပါတယ် ။ ရာသီသွေးဟာ နီညိုရောင် အဆင်း ရှိပြီး သွေး ထက်စာရင် ပိုပြီးနက်မှောင်ပါတယ် ။ အမျိုးသမီးအတော်များများဟာ သွေးပေါ်နေစဉ်အတွင်းမှာ သားအိမ်ရဲ့အ တွင်းနံရံ ကနေ သွေးတွေကွာကျစီးဆင်းနေတာကို သတိထားမိတတ်ကြပါတယ် ။ သားအိမ်အတွင်း နံရံကနေ ကွာကြ တဲ့အ ရည်တွေမှာ တကယ်တော့ သွေးတွေနဲ့ ရောနှောနေတဲ့ တစ်ရှူးစလေးတွေပါဝင်ပါတယ် ။ ဒီလို တစ်ရှူး စလေးတွေကို သွေးခဲများ ( Menstrual clots) လို့ခေါ်ကြပါတယ် ။ ဆိုလိုတာ က သွေးခဲ ချည်းပဲသီးသန့်မဟုတ်ပဲ သားအိမ်အတွင်း နံရံ ရဲ့ အစိတ်အပိုင်းများပါ ပါဝင်တယ် လို့ ပြောလိုခြင်းဖြစ်ပါတယ် ။ အထူးသဖြင့် ဒီလို သွေးခဲတွေ ဆင်းတတ်တဲ့အခြေအနေမျိုးဟာ သာမန် သွေးဆင်း တဲ့အမျိုးသ မီးတွေထက် သွေးအများကြီးဆင်းတတ်တဲ့အမျိုးသမီးတွေမှာ ကြုံရလေ့ရှိပါတယ် ။



တခါတရံမှာ ဒါကို ကိုယ်ဝန်ပျက်ကျတာနဲ့မှားယွင်းပြီးတွေးတတ်ကြပါသေးတယ် ။ သားအိမ်အတွင်းနံရံထဲမှာ Plasmin လို့ခေါ်တဲ့အင်ဇိုင်းတစ်မျိုးရှိပါတယ် ။ အဲဒီအင်ဇိုင်းဟာ သွေးကို မခဲ အောင် ကာကွယ်ပေးပါတယ် ။ ဒီလိုသွေးဆုံးရှုံးမှုတွေကြောင့် သွေးမဆုံးခင်အမျိုးသမီးများ Premenopausal မှာ သံဓါတ်ချို့ တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သွေးအားနည်းခြင်းကို ကာကွယ်ဖို့အတွက် သံဓါတ်များများ ပါတဲ့အစားအသောက် များစားဖို့ လိုအပ်ပါ တယ် ။ ရာသီပျိုဖော်ဝင်ကာစ ပထမဆုံးရာသီသွေးစဆင်းတဲ့အချိန်ကာလကိုတော့ မန်နာခီ ( Menarche) လို့ခေါ် ပါတယ် ။ မန်နာခီ လို့ခေါ်တဲ့ပျိုဖော်ဝင်စအချိန် ရာသီသွေးစဆင်းတဲ့အချိန်ဟာ အသက် ၁၀ နှစ် မှ ၁၇ နှစ်အတွင်းမှာ ကြုံရလေ့ရှိပါတယ် ။ အချိန်မတိုင်ခင် သွေးဆုံးခြင်းကတော့ အမျိုးသမီးတစ်ဦးဟာ မျိုးပွားနိုင် မှု Fertility စွမ်းရည် ကျဆင်းနေမယ် နောက်ပြီး သွေးပေါ်တာကလည်း မမှန်ဘူးဆို ရင်တော့ သွေး တဲ့အချိန်အထိကို Perimenopause ကို ကြုံရနိုင်ပါတယ် ။ မန်နိုပေါ့စ် ( Menopause) ဆို ကတော့ သွေး ဆင်းခြင်းဟာ လုံးဝ ရပ်သွားခြင်းကို ဆိုလိုပြီး အဲဒီသွေးဆုံးချိန်မှာတော့အမျိုးသမီးတစ်ဦးဟာ မျိုးပွားခြင်းကို လုပ်ဆောင်နိုင်တော့မှာ မဟုတ်တော့ပါဘူး ။ သွေးဆုံးခြင်းကိုတော့ အသက် ၄၀ နဲ့ ၅၀ အတွင်းမှာ ယေဘူယျ ကြုံတွေ့ရလေ့ရှိပါတယ် ။

ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ

အမျိုးသမီးအများစုဟာ သွေးဆင်းနေစဉ်ကာလအတွင်း ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုအမျိုးမျိုးအပြင် ဟော်မုန်း level အတက်အ ကျကို ဖြစ်ပေါ်စေတာတွေ့ရပါတယ် ။ ကြွက်သားများ ကျုံ့ခြင်း ( Menstrual cramping ) မှာ ရာသီသွေးရှေ့စောေ ပ်ါခြင်းသို့မဟုတ် ရာသီသွေးပေါ်လာခြင်း စတဲ့အခြေအနေတွေ ပါဝင်ပတ် သတ်လေ့ရှိပါတယ် ။ ဒါကြောင့်သွေးဆင်းနေချိန်မှာ သားအိမ်ကိုက်ခဲခြင်းတွေ ကြုံတွေ့ရတာဖြစ်ပါတယ် ။ ဒီလိုအချိန်မှာ အမျိုးသမီးတွေဟာ ဆီးအိမ်တင်းလာမယ် လိင်အာရုံခံစား မှုပြောင်းလဲလာ မယ် မောပန်းနွမ်း နယ်ခြင်း ၊ ရင်သားများတင်း၍ နာကျင်လာခြင်း နဲ့ ပျို့ခြင်း တို့ကို ခံစားရပါတယ် ။ ရင်သား တင်းလာခြင်းနဲ့ မသက်မသာ ဖြစ်ရခြင်းဟာ တကယ်တော့ Premenstrual water retention ကြောင့်ဖြစ်ရခြင်းဖြစ်ပါတယ် ။ သတိထား ကြည့်မယ်ဆိုရင်တော့ သွေးဆင်းနေတဲ့အမျိုးသမီးအနည်းစုဟာ အစားအသောက်ကို ပြည့် တင်းအောင်သောက်ကြတာကိုတွေ့ရပါတယ် ။ အချို့သော အမျိုးသမီးတွေ မှာတော့ သွေးဆင်းနေ ချိန်မှာ ရုပ်ပိုင်း ဆိုင်ရာပြောင်းလဲမှု အနည်းငယ်ကိုသာ ကြုံရလေ့ရှိပါတယ် ။ ဒါပေမယ့်လည်း အဟာရပြည့် ၀သော အစားအသောက်များ စားသုံးခြင်း ၊ အငံဓါတ်ကိုေ လျာ့ခြင်း ၊ ကော်ဖီနဲ့အရက်ကို လျော့ခြင်း နဲ့ လေ့ ကျင့်ခန်းမှန် မှန်ပြုလုပ်ခြင်းတို့ဟာ ဒီလို ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို ကောင်းကောင်းပြီး ထိမ်းချုပ်ပေးနိုင်ပါတယ် ။ အမျိုးသမီးတစ်ဦးနဲ့တစ်ဦးကတော့ cycle တစ်ခုနဲ့တစ်ခု မတူတာနဲ့အမျှ အထက်ပါ လက္ခာတွေကြုံရတဲ့ အခြေအနေဟာလည်း ကွဲပြားခြားနားလေ့ရှိပါတယ် ။

သွေးဆင်းချိန်သားအိမ်နာကျင်ခြင်း ( Painful menstrual cramps)



အမျိုးသမီးအများစုဟာ ရာသီသွေးဆင်းနေစဉ်မှာ သားအိမ်နာခြင်း သားအိမ်ကိုက်ခြင်းကို ကြုံတွေ့ ရလေ့ရှိပါတယ် ။ သားအိမ်မှာရှိတဲ့ကြွက်သားတွေရယ် သားအိမ်ကို ၀ိုင်းရံထားတဲ့ ၀မ်းဗိုက်အတွင်းက ကြွက်သားတွေဟာ ရာသီသွေးကို သားအိမ်ကနေ အပြင်ထွက်အောင် တွန်းထုတ်ဖို့အတွက် ဆွဲဆုပ်ထားသလို ညှစ်ရ တဲ့အတွက် ဒီလို နာကျင်ရခြင်းဖြစ်ပါတယ် ။ ဒီလို သားအိမ်ကြွက်သားတွေကျုံ့ဖို့အတွက်ကိုတော့ သားအိမ် ကို ကာရံထားတဲ့ တစ်ရှူးတွေကနေလုပ်ဆောင်ပြီး ဒီလိုအချိန်မှာ ပိုလျှံနေတဲ့ fatty acids တွေဖြစ်တဲ့ Prostaglandins တွေက ကြွက်သားတွေကို သွားရောက်လှုံ့ဆော်ပြီး Contraction ကိုဖြစ်စေပါတယ် ။ ဒါကိုတော့ မူလသွေး ဆင်းစဉ်နာကျင်ခြင်း Primary dysmenorrhea လို့ခေါ်ပါတယ် ။ Primary dysmenorrhea ဟာ Menarche လာပြီး တစ်နှစ်သို့မဟုတ် နှစ်နှစ်အတွင်းမှာ စတင်လေ့ရှိပါတယ် ။ သွေးဆုံး တဲ့အ ချိန်ထိ ကြုံရလေ့ရှိပြီး အမျိုးသမီးအများစုကတော့ ဒီလို dysmenorrhea ရဲ့လက္ခဏာတွေဟာ သူတို့အသက် ၂၀ လောက်အရွယ်မှာ လျော့နည်းသွား ၊ သက်သာသွားတာကိုတွေ့ရပါတယ် ။ အကယ်၍ ဒီလို နာကျင်ခြင်းဟာ သွေးဆင်းစဉ်ကာလ Menstrual periods ကြားကာလများအတွင်းမှာ ကြုံရမယ်ဆိုခြင်း သို့မဟုတ် သွေးဆင်းပြီး ရက်အနည်းငယ်လောက်ထိ ဆက်ပြီး နာကျင်နေမယဆိုရင်တော့ ဒါကို Secondary dysmenorrhea လို့ခေါ်ပါတယ် ။

Dysmenorrhea ရဲ့လက္ခဏာတွေဟာ တချို့သောအမျိုးသမီးတွေမှာ အလွန်အမင်းဆိုးရွား အားအင်ကုန်ခမ်း သွားစေတာ ကိုတွေ့ရပါတယ် ။ ဒါဟာ တချို့တွေမှာ ဖြစ်ပြီးတ ချို့တွေမှာ တော့ဘာ လို့မဖြစ်ရသလဲ ဆိုတာ ကိုတော့ တိတိကျကျ မသိရပါဘူး ။ ပြင်းထန်တဲ့ လက္ခဏာတွေကတော့ ဒီလိုသားအိမ်ကိုက်ခဲမှုဟာ တင်ပဆုံရိုး ၊ ကျောရိုးအောက်ဖက် နဲ့ပေါင်တွေအထိပါ ပျံ့နှံ့သွားလေ့ရှိပြီး ပျို့ခြင်း မကြာခဏ ၀မ်းသွားခြင်း နဲ့ ၀မ်းချုပ်ခြင်းစ တာတွေကို ကြုံတွေ့ရနိုင်ပါတယ် ။ ကုသမှုတွေကတော့ Prostaglandin ကိုပစ် မှတ်ထား ဦးတည်ပြီး anit- prostaglandin သို့မဟုတ် သန္ဓေတားဆေး OC pills တွေနဲ့ ကုသနိုင်ပါတယ် ။ အကိုက်အ ခဲပျောက်ဆေးတချို့ဖြစ်တဲ့ Ibuprofne , naproxen , mefenamic acid စသည်တို့ဟာ ဒီလို လက္ခဏာတွေ ကို ပျောက် ကင်းစေနိုင်ပါတယ် ။ ဒါပေမယ့် အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့အတွက် ဆရာဝန်ညွှန် ကြားမှုနဲ့သောက် သုံးဖို့လိုသလို အစာအိမ်အနာ ရောဂါရှိရင်တော့ မသောက်သုံးသင့်ပါဘူး ။

စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

အချို့သောအမျိုးသမီးတွေဟာ သွေးဆင်းနေစဉ်ကာလအတွင်းမှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ကြုံတွေ့ ရလေ့ရှိပါတယ် ။ လက္ခဏာတွေကတော့ ဂဏာမငြိမ်ဖြစ်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း စတာတွေဖြစ်ပြီး စိတ်ပိုင်း ဆိုင်ရာ ခံစားမှု အနိမ့်အမြင့် အတက်အကျကိုဖြစ်စေတတ်ပါတယ် ။ ဒီလို သွေးဆင်းစဉ်ကြုံရတဲ့ လက္ခဏာတွေ Premenstual Symptoms ( PMS) ဟာ ၃% ကနေ ၃၀% အထိ ဖြစ်တာကိုတွေ့ရပါတယ် ။ စိုးရိမ်ပူပန်သော ကများခြင်း နဲ့ စိတ်ဓါတ်ကျဆင်းခြင်းတွေဟာလည်း PMS ရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ် ။ တချို့ ( ရှားတော့ရှား ပါတယ်) သောအမျိုးသမီးတွေကတော့ စိတ်ရောဂါ ဆိုင်ရာအခြေအနေ ( Psychotic episodes) တွေကြုံလေ့ ရှိပြီး သွေးဆင်းခြင်းဟာ အဲဒီအချိန်မှာ သူတို့စိတ်ရောဂါ ( menstrual pyschosis) ကို ပိုပြီးဆိုးရွား သွားစေပါတယ် ။ Premenstrual syndrome မှာ သားအိမ်ကိုက်ခြင်းသာမကပဲ ခေါင်းတစ်ခြမ်းကိုက်ခြင်း နဲ့ အလွန်အမင်း စိတ်ဓါတ်ကျဆင်းခြင်းတွေပါပါဝင်ပါတယ် ။ ဒီလို သားအိမ်ကိုက်ခြင်းဟာ ငယ်ရွယ်တဲ့ အမျိုးသမီးတွေ ( လေ့လာမှုတစ်ခုမှာဆိုရင် အမျိုးသမီး ၆၇.၂% မှာတွေ့ရလေ့ရှိပြီး အသက် ၁၃နှစ်ကနေ ၁၉ နှစ်အ တွင်းမှာ ကြုံရလေ့ရှိ ) မှာပိုပြီး အဖြစ်များတာကိုတွေ့ရပါတယ် ။ ဒီလို လက္ခဏာတွေ ပိုပိုပြီးဆိုးရွားလာခြင်းကိုတော့ Premenstural Dysphoric Disorder ( PMDD) လို့ခေါ်ပါတယ် ။

ရာသီသွေးဆင်းခြင်းမှုမမှန်မှုများ

သွေးဆင်းခြင်းမှုမမှန်မှုများဟာ တကယ်တော့  ကျယ်ပြန့်လွန်းလှပါတယ် ။ တချို့တွေမှာ ဆိုးရွားစွာေ ပြာင်းလဲ မှုတွေ ကြုံရပေမယ့်တချို့တွေကတော့ မသိလိုက်မသိဖာသာပဲ ကျော်ဖြတ်သွားတာတွေလည်းရှိပါတယ် ။ အကယ်၍ အောက်မှာ ဖော်ပြထားတဲ့ အရာတွေထဲက တစ်ခုခုကို ဆိုးရွားပြင်းထန်စွာ ကြုံနေရပြီဆိုရင်တော့ ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ရှာဖွေဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြသရမှာဖြစ်ပါတယ် ။

- သွေးဆင်းကြာချိန် (Periods) မမှန်ခြင်း = Oligomenorrhea
- သွေးနည်းငယ်သာဆင်းခြင်း သွေးဆင်းကြာချိန် တိုခြင်း = Hypomenorrhea
- သွေးခဏခဏဆင်းခြင်း သွေးဆင်းကြာချိန် မြန်ခြင်း ( ၂၁ ရက်တစ်ကြိမ်လောက်သွေးဆင်းခြင်း ) = Hypermenorrhea
- သွေးဆင်းချိန် အလွန်အမင်းကိုက်ခဲနာကျင်ခြင်း = Dysmeorrhea
- အနည်းငယ် အစက်အပျောက်လောက်သောဆင်းခြင်း အထူးသဖြင့် Period နှစ်ခုကြားတွင်တွေ့ရခြင်း ( အမျိုးသမီးအများစုမှာ ဒါဟာပုံမှန်ဖြစ်နိုင်) = Metrorrhagia
- လုံးဝ ရာသီသွေးမပေါ်ခြင်း = Ameorrhea

DUB အကြောင်းသိကောင်းစရာ

ဒီယူးဘီဆိုတာဟာ Dysfunctional Uterine Bleeding ကို ခေါ်ဆို ခြင်းဖြစ်ပြီး ဟော် မုန်းတွေကြောင့် သွေး ဆင်းခြင်းမူမမှန်ခြင်းကို ဆိုလိုပါတယ် ။ အထူးသဖြင့် DUB ကို သွေးဆုံးခါနီး အမျိုးသ မီးတွေမှာ မျိုးဥပုံမှန် မကြွေတဲ့အခါမျိုး(anovulatory) မှာ တွေ့ရလေ့ရှိပါတယ် ။ ဒီလို သွေးဆင်းမူမမှန်ခြင်းအားလုံးဟာ ဆရာဝန်နဲ့ ပြသဖို့လို အပ်ပြီး ဟော်မုန်း မညီမျှခြင်း ၊ သားအိမ်အတွင်း အလုံးအခဲများဖြစ်ခြင်း နဲ့ တခြားအကြောင်း အချက်များ စွာကြောင့်ဖြစ်နိုင်ပါတယ် ။ အကယ်၍ ကိုယ်ဝန်ဆောင်ချိန်သွေးဆင်းတယ်ဆိုရင်လည်း ဆရာဝန်နဲ့ပြ သဖို့လိုအပ်ပါတယ် ။ မျိုးပွားနိုင်တဲ့အရွယ် မှာ သွေးဆင်းခြင်းဟာ ပုံမှန် လာရမယ့်အချိန်မှာ မလာသေးဘူး ဆိုရင်တော့ အမျိုးသားနဲ့လည်းအတူနေမိတယ်ဆိုရင်တော့ (အကာအကွယ်သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ) ကိုယ်ဝန်ရှိမရှိ စစ်ဆေးဖို့လိုအပ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကိုယ်ဝန်တားဆေးတွေနဲ့တကွ မည်သည့် အကာအကွယ်သုံးခြင်းမှာမဆို ကိုယ်ဝန်ရှိသွားနိုင်ခြင်း Failure rate ဆိုတာ ရှိနေတဲ့အတွက်ဖြစ်ပါတယ် ။

Ref : http://en.wikipedia.org/wiki/Menstruation

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. ကိုယ်နဲ့တော့ မဆိုင်ပါဘူး..ဟိဟိ
    စပ်စုသွားတယ်အကိုရေ... တစ်ခုခုဆိုရင်တော့ ကိုသက်တန့်ကြောင့်ပဲ... :D :D

    ReplyDelete
  2. တိန် ဖျားဖျား ခြိမ်းခြောက်သွားပါရော့လား :P

    ReplyDelete
  3. အာဂျီးမားDecember 5, 2011 at 5:38 PM

    အမျိုးသမီးတွေအတွက်အရမ်းအရေးကြီးတဲ့ရာသီသွေးပေါ်ခြင်းကိုတင်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အမျိုးသားတွေပါ ဗဟုသုတအနေနဲ့ သိထားသင့်ပါတယ်။

    ReplyDelete
  4. ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင်
    ရာသီသွေးပေါ်သောအချိန်တွင်လိင်ဆက်ဆံမှု
    ပြုမိပါက ကိုယ်ဝန်ရနိုင်ပါသလား ...
    မည်သည့်အချိန်တွင်ကိုယ်ဝန်ရနိုင်ရန်ရာနှုန်း
    များသည်ကို ပိုစ့် တစ်ခုတင်ပြရေးသားစေချင်ပါသည်
    ကျေးဇူးတင်စွာဖြင့်

    ReplyDelete
  5. ရာသီသွေးပေါ်ချိန် လိင်ဆက်ဆံမှုပြုလုပ်ပါက
    ကိုယ်ဝန်ရနိုင်ပါသလား....
    ကိုယ်ဝန်ရနိုင်ဖို့ ရာနှုန်းများသောအချိန် နှင့် ရာသီသွေးပေါ်သောအချိန် အကြောင်း Post တစ်ခုရေးသားတင်ပြစေချင်ပါသည်
    ကျေးဇူးတင်စွာဖြင့်

    ReplyDelete
  6. ရာသီသွေးပေါ်တုန်းတော့ ဘယ်မိန်းကလေးကမှ လိင်မဆက်ဆံချင်ဘူးထင်ပါတယ်။ ဆက်ဆံမိခဲ့သော် . ရာသီပေါ်သော နေ.ရက်မှ စပြီး ရာသီပြီး ၅ ရက်လောက်အထိ က ovum ဥ က ဝမ်းထဲတွင် မရှိသောကြောင့် ကိုယ်ဝန် မရ နိုင်ပါ။

    ကိုယ်ဝန် လိုချင်သော သူများအတွက်အတော့ ရာသီစပေါ်သော နေ.မှ ၁၄ ရက် မြောက်နေ.သည် ဥဥသောအချိန် (Ovulation) (ကတော် ကတော် ဟိ) ဖြစ်၍ အဲဒီနေ.ရဲ. ရှေ ၅ရက် နောက် ၅ရက် မှာ အထူးကျိုးစား က ပို ဖြစ်နိုင်ခြေ ရှိပါတယ်။

    မှားတာ ရှိကလဲ ခွင့်လွှတ်ကြကုန် ..... OG နဲ. ကိုယ်နဲ. မဆိုင်တော့တာ ကြာခဲ့ပေါ.

    ReplyDelete
  7. ရာသီသွေးပေါ်တုန်းတော့ ဘယ်မိန်းကလေးကမှ လိင်မဆက်ဆံချင်ဘူးထင်ပါတယ်။ ဆက်ဆံမိခဲ့သော် . ရာသီပေါ်သော နေ.ရက်မှ စပြီး ရာသီပြီး ၅ ရက်လောက်အထိ က ovum ဥ က ဝမ်းထဲတွင် မရှိသောကြောင့် ကိုယ်ဝန် မရ နိုင်ပါ။

    ကိုယ်ဝန် လိုချင်သော သူများအတွက်အတော့ ရာသီစပေါ်သော နေ.မှ ၁၄ ရက် မြောက်နေ.သည် ဥဥသောအချိန် (Ovulation) (ကတော် ကတော် ဟိ) ဖြစ်၍ အဲဒီနေ.ရဲ. ရှေ ၅ရက် နောက် ၅ရက် မှာ အထူးကျိုးစား က ပို ဖြစ်နိုင်ခြေ ရှိပါတယ်။

    မှားတာ ရှိကလဲ ခွင့်လွှတ်ကြကုန် ..... OG နဲ. ကိုယ်နဲ. မဆိုင်တော့တာ ကြာခဲ့ပေါ.

    ReplyDelete