Tuesday, December 13, 2011

Woo !! ထူးဆန်းအံ့ဖွယ်စားသောက်ဖွယ်ရာများ

Woo !! ထူးဆန်းအံ့ဖွယ်စားသောက်ဖွယ်ရာများ

စာကလေး တုတ်ထိုးသီတံ



စာကလေးကင်တွေဆိုတာကတော့ လူကြိုက်များတဲ့ လမ်းဘေးအစားအစာ တစ်ခုဖြစ်ပါတယ် ။ တုတ်ချောင်းလေးတွေ နဲ့သီ လို့ ရောင်းချတဲ့ စာကလေးကင်ကို လူတွေက နှစ်ခြိုက်စွာ စားသုံးကြ တာကို လည်းတွေ့ရတယ် ။ တခါတရံ လမ်းကြားတွေကြားမှာ ဘီယာလေးတွေစုပ်ရင်း စာကလေးကင်နဲ့ မြည်းစမ်း တတ်ကြသေးတယ် ။ ကြွတ်ပြီးလတ်ဆတ်တဲ့အရသာရှိသလို တရုတ်ပြည်ရဲ့လမ်းမတွေမှာ အလွယ်တ ကူ ရရှိနိုင်တဲ့အစားအစာတစ်ခုဖြစ်တယ် ။

အင်းဆက်တုတ်ထိုးသီတံ



ကင်းမြီးကောက်တွေ ၊ ပိုးဟပ် တွေ ၊ ပိုးတောင်မာ ၊ ပိုးခြည်ထုတ်သည့်ပိုးကောင် ၊ ပိုးတုံးလုံး စတဲ့အကောင်တွေ ကို တုတ်နဲ့သီ ပြီး ကင်ရောင်းတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ် ။ တရုတ်ပြည်မှာ ထင်ရှားတဲ့ လမ်းဘေးအစား အစာတစ်မျိုးဖြစ်ပြီး တခါတရံ လူတွေက စားပွဲတွေနဲ့ ညစာစားပွဲတွေမှာပါ ဒီလိုအစားအစာတွေကို ထည့်သွင်း ဧည့်ခံလာတာကိုတွေ့ရပါတယ် ။

ငှက်သိုက်စွပ်ပြုတ်



အဓိကကတော့ ဇီဝစိုးးငှက်ရဲ့ အသိုက်ကို စွပ်ပြုတ်အဖြစ် ပြုလုပ်ထားတာဖြစ်ပါတယ် ။ ဇီဝစိုးငှက်တွေ ကတော့ အရှေ့တောင်အာရှရဲ့ လှိုဏ်ဂူတွေမှာ အဓိကနေထိုင်လေ့ရှိပါတယ် ။ ဇီဝစိုးငှက်တွေဟာ အ သိုက်ဆောက် တဲ့အခါ သူ တို့ရဲ့အန်ဖက် တံတွေးစသည်တို့နဲ့ပြုလုပ်လေ့ရှိပြီး ဒီလိုလုပ်တဲ့ငှက်ဆိုလို့ ဒီငှက်တွေ ပဲရှိပါတယ် ။ ငှက်သိုက်တွေကို ခွာယူတဲ့နေရာမှာ ကျွမ်းကျင်မှုရှိရမှာဖြစ်ပြီး ၀ါးလုံးရှည်တွေနဲ့ မှောင်မည်းနေတဲ့ လှိုဏ်ဂူအ တွင်းသို့ ဟန်ချက်ညီအောင်ထိုးသွင်းပြီး ကုပ်တွယ်ယူရခြင်းဖြစ်ပါတယ် ။ ပင်လယ် သခွားမွှေး လိုမျိုးငှက် သိုက်ဟာ အလွန်အရသာရှိလှပါတယ် ။ ကျန်းမာရေးအတွက်အားဖြည့်အစားအစာအနေနဲ့ အသုံးပြု တဲ့အတွက် ငှက်သိုက် ဟာ အတော်လေး ကိုရေပန်းစားလာခဲ့ပါတယ် ။

ခွေးဦးနှောက်စွပ်ပြုတ်



တရုတ်ပြည်မှာ တခြား ထင်ရှားတဲ့အစားအစာကတော့ ခွေးဦးနှောက်စွပ်ပြုတ်ဖြစ်ပါတယ် ။ ခွေးဦးနှောက်ဟာ ပရိုတိန်းတွေပြည့်ဝပြီး ခန္ဓာကိုယ်ကို ပူနွေးစေတယ်ဆိုတဲ့ အယူအဆရှိကြပါတယ် ။ ခွေးဦးနှောက်သာမက တခြား အဂါင်္အစိတ်အပိုင်းတွေကိုပါ တရုတ်ပြည်မှာ ပေါများစွာ စားသုံးကြပါတယ် ။

ခရုခွံအကာကျက်



ခရုခွံတွေကို တ၀က်တပျက် ပြုတ်ထားပြီး အထဲက အသားကို အချဉ်နဲ့စားသုံးရတဲ့အစားအစာဖြစ်ပါတယ် ။ ချော မွတ်ပြီး အရသာရှိတယ်လို့ စားဖူးသူတွေကပြောပါတယ် ။ အခွံထဲကနေ အသားကို သတ်သတ် စုပ်ယူစား သုံးတတ် ဖို့တော့ လိုပါလိမ့်မယ် ။

ပုဇွန်ရှင် နှင့်အချဉ်



အိုး ဒါကတော့တကယ့်ကို ဆိုးပါပေတယ် ။ ဒီလို အညိုရောင် အချဉ်ရည်ထဲမှာ ပုဇွန်ရှင်တွေကို စားဖို့က တကယ့် ကို မလွယ်ကူပါဘူး ။ သင့်ပါးစပ်ထဲကို လှုပ်ရှားရုန်းကန်နေတဲ့ပုဇွန်ရှင်တွေ ထည့်ဖို့ သင်စဉ်း စားကြည့် ပါဦး ဒီလိုလုပ်ရမှာ စားရမယ်ဆိုရင် သင်လုပ်နိုင်ပါ့မလား ။

ဝက်ဦးနှောက်ဟင်း



လူကြိုက်များတဲ့ ဟင်းမဟုတ်ပေမယ့် တရုတ်ပြည်မှာတော့ ဒါကို ပုံမှန်အစားအစာ မူနူးတွေမှာ တွေ့လာရပါပြီ ။ စားချင်တဲ့သူတွေစားနိုင်အောင် ၀က်ဦးနှောက်ဟင်းကို စားသောက်ဆိုင်တွေမှာ ရရှိနိုင်အောင် စီစဉ်ထား ပါတယ် တဲ့ ။

တိရိစ္ဆာန် အမြီးဟင်းများ



ဒါကလည်း ကတယ့်ကို ဆိုးပါပေတယ်ဗျာ ဒီလိုစားအစာတွေကို ဘယ်လိုစားသောက်ရပါ့မလဲနော် တိရိစ္ဆာန်တွေ ရဲ့အမြီးတွေကို ခုတ်ပိုင်းပြီးတော့ ကင်ထားတာပါတဲ့ ။

မြွေခုတ်သားနှင့်အကင်



မြွေကို ကင်ပြီးစားတာကတော့ တရုတ်ပြည်မှာ အလွန်ကိုရေပန်းစားပါတယ် ။ အရင်ဆုံးမြွေကို ကင်လိုက်တယ် အရေခွံ မနွှာဘူးနော် ပြီးတော့ အပူပေးတယ် ။ စားဖူးတဲ့လူတွေပြောတာကတော့ အရသာအရှိဆုံး နတ်သဒ္ဓါ့ပါတဲ့ ကဲ ကိုယ်မှမစားဖူးတာ ဘယ်သိမလဲနော် ။

ကြွက်ပေါက် ကိတ်



အားလား လား ကိတ်ရဲ့ပုံသဏ္ဍာန်ကိုလည်းကြည့်လိုက်ပါဦး ဒါကို စားဖို့ သင် သတ္တိအတော်မွေးရလိမ့်မယ် ။ ဒီအရသာက ဘယ်လိုနေမလဲမသိပေမယ့် ပုံသဏ္ဍာန်ကို ကြည့်ယုံနဲ့ အတော်ပျို့အန်ချင်မိတယ် ။ ဘယ်လို လူတွေ စားကြတာပါလိမ့်နော် ။ ကြွက်ပေါက်လေးတွေကို မွေးမွေးပြီးချင်း ဒီလို ကိတ်ထဲမှာ အလှဆင်စား သုံးကြတာပါတဲ့ ။

တိရိစ္ဆာန် လိင်တံဟင်း



တရုတ်ပြည်မှာ ရေပန်းအစားဆုံးဖြစ်သတဲ့ အရပ်ကတို့ရေ ။ အရင်တုန်းကတော့ ဒီလိုအစာတွေကို ချက်ပြီးမှသာ ရနိုင်ပေမယ့်အခုတော့ ရှော့ပင်းမောလ်တွေမှာ တိရိစ္ဆာန် လိင်တံတွေ ၀ယ်လို့ရနေပါပြီတဲ့ ။ စားဖို့အတွက် ချက်ပြီး သားနဲ့မချက်ရသေးခင် အနေအထားတွေကို သေချာထုပ်ပိုးပြီးရောင်းတာပါတဲ့ ။

ခွေးသားအလိပ်



ခွေးသားဟာ လူစားများတဲ့အစားအစာအဖြစ် စားသောက်ဆိုင်တွေမှာ ရရှိလို့နေပါပြီ ။ အခုတီထွင် လိုက်တာ ကတော့ခွေး သားကို အရွက်တွေနဲ့လိပ်ပြီး ခွေးသားအလိပ်ဖြစ်သတဲ့ ဗျာ ။ တခါတရံ ခွေးလေးတွေကို စားသောက် ဆိုင် အပြင်ဖက်မှာ ပြသထားပြီး ခွေးသား အစစ်ဖြစ်ကြောင်း လတ် ဆတ်ကြောင်း ကြော်ငြာရောင်း ပါသ တဲ့ ။ ခွေးလေးတွေရဲ့ မျက်ဝန်းက ကြောက်လန့်မှုတွေနဲ့ ၀မ်းနည်းပူဆွေး ရိပ်တွေကို ကိုယ့်လူတို့ မြင်ယောင် ကြည့်လိုက်ကြစမ်းပါ ။ အိုး ဆိုးလိုက်တဲ့ လူတွေဗျာ ။

သက်တန့်ချို ရှာဖွေစုစည်းသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. ကြောက်စရာကြီးကွယ်

    ReplyDelete
  2. ဟား ကိုသက်တန့်ရယ် ရှာတင်နိုင်တဲ့သူကိုလည်းတကယ်ချီးကျူးတယ်
    စားတဲ့တရုတ်တွေကိုလည်းတကယ်လက်လန်တယ်
    ဒါကြောင့်သူတို့ချည်းမဟုတ်တရုတ်သေနေတာနေမှာ
    အောင်မလေး ထမင်းစားမကောင်းပါဘူးဆိုနေမှ ဆရာသက်တန့်ရယ်း(

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  3. အီးးးးးးးးးးးးးးးးးးးးးးဘယ်လိုများ အရသာခံစားကြပါလိမ့်.. မစားရဲပေါင်

    ReplyDelete
  4. OMG, they eat everything, recently seen on the news they also eat dead child in order to enhance sex power, ridiculous , sick sick sick

    Mya Nandar

    ReplyDelete
  5. ဘယ်လိုသတ္တိတွေနဲ့များ ဒီလိုအစားသောက်တွေကို စားနေကြပါလိမ့် ...နော်...

    ReplyDelete
  6. တယုတ် ဆိုတဲ့အတိုင်း..............

    ReplyDelete
  7. တရုတ်တွေမစားတာဆိုလို့ မြေပြင်မှာခုတင်နဲ့  ဝေဟင်မှာလေယဉ်ပဲရှိတယ်.....

    ReplyDelete
  8. သနားစရာကောင်းလိုက်တာ...ဘာလို့ဒီလောက် အစားပက်စက်ရတာလဲနော်....ကြင်နာမှု့မရှိလိုက်ကြတာ...အစားတလုတ်အတွက် :(

    ReplyDelete
  9. နည်းနည်းပါးပါး ​လောက်​​တော့မြီးချင်​တယ်

    ReplyDelete