Monday, May 15, 2017

စိတ်ကူးအိပ်မက်

လူတစ်ယောက်

နေ့တိုင်းစုတ်ပြတ်နေလို့ရတယ်
ဒါပေမယ့် တစ်ရက်လောက် မျှော်လင့်ချက် မရှိလို့မဖြစ်ဘူး

နေ့တိုင်းဆင်းရဲနေလို့ရတယ်
ဒါပေမယ့် တစ်မိနစ်လောက် စိတ်ကူးအိပ်မက်မရှိလို့မဖြစ်ဘူး

ဆင်းရဲစုတ်ပြတ်ပြီး မွေးလာတာ ဘယ်သူ့အပြစ်မှမဟုတ်ဘူး
ဆင်းရဲစုတ်ပြတ်ပြီး သေသွားရင်တော့ ကိုယ့်အပြစ်ဖြစ်သွားပြီ

၃ နှစ်အရွယ်တုန်းက မြင်းစီးသူရဲကောင်းလုပ်မယ်လို့ စိတ်ကူးယဉ်တယ်
၁၀ နှစ်အရွယ်တုန်းက စက်ရုပ်သူရဲကောင်းလုပ်မယ်လို့စိတ်ကူးယဉ်တယ်
၁၆ နှစ်အရွယ်မှာ လေယာဉ် ပိုင်းလော့လုပ်မယ်စိတ်ကူးတယ်
၃၂ နှစ်အရွယ်မှာတော့ ကိုယ်ပိုင်ခြံလေး အိမ်လေးနဲ့စာတွေဖတ်မယ်စိတ်ကူးတယ်

နေ့တိုင်း မျှော်လင့်ခြင်း စိတ်ကူးအိပ်မက်အလင်းရောင်ကို ထွန်းညှိပါ

စိတ်ကူးအိပ်မက်မရှိတဲ့သူထက်စာရင်
စိတ်ကူး အိပ်မက်ရှိတဲ့လူရဲ့နောက်မှာ
မျှော်လင့်ချက်ဆိုတာ အမြဲရှိပါတယ်

#သက်တန့်ချို
15.5.2017 #ttclifequote
Photo : The Sun Daily
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment