Wednesday, May 24, 2017

ရိုးသားစွာ ရှင်သန်ပါ


တခါတလေ အမှန်တရားကို ခါးသီးစွာလက်ခံလိုက်တာက
အမှားတွေထဲမှာ ချိုမြိန်စွာ ပြုံးပျော်နေတာထက်
လိပ်ပြာပိုသန့်ပါတယ်

တခါတလေ အထီးကျန်မှုမှာ တိတ်ဆိတ်စွာ နေလိုက်ခြင်းက
ဟန်ဆောင်မှုတွေထဲမှာ ဟန်ပြပျော်ရွှင်နေရတာထက်
လိပ်ပြာပိုသန့်ပါတယ်

တခါတလေ  ၀မ်းနည်းမှုတွေကို အားပါးတရ ငိုချလိုက်ခြင်းက
ဝမ်းသာဟန်ဆောင်ပြီး ကိုယ့်စိတ်ကို ချုပ်တည်းထားတာထက်
လိပ်ပြာပိုသန့်ပါတယ်

ရိုးသားစွာ ရှင်သန်ပါ
သန့်ရှင်းစွာ ပျော်ရွှင်ပါ
ဘ၀ က .. သိပ်ကို တို ပါတယ် ။

#သက်တန့်ချို
24.5.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment