Tuesday, May 30, 2017

မသိုးသော ထမင်းကိုသာစားပါ

သိုးနေတဲ့ ထမင်းဟင်းကို
လှပတဲ့ ပန်းကန်အသစ်ထဲ ပြောင်းထဲပေမယ့်
ထမင်းသိုးဟင်းသိုးဆိုတဲ့ ဂုဏ်သတ္တိမပြောင်းလဲသွားနိုင်သလို
အရသာလည်းမကောင်းလာနိုင်ပါဘူး

အဲ့ဒီလိုပဲ ကိုယ်ကျင့်တရားယိုယွင်းပျက်စီးနေတဲ့လူတစ်ယောက်ကို
ဘယ်လိုပဲ လှပတဲ့ ဂုဏ်ဒြပ်တွေနဲ့ စည်းစိမ်တွေနဲ့ကာရံထားပါစေ
မကောင်းတဲ့ ကိုယ်ကျင့်တရား သိက္ခာတရားက မပြောင်းလဲသွားနိုင်သလို
ပိုပြီးလည်း ဖြူစင်မလာနိုင်ပါဘူး

ဟောင်းနွမ်းနေတဲ့ပန်းကန်နဲ့စားနေရပါစေ
မသိုးသော ထမင်းဟင်းကိုသာ စားပါ
စည်းစိမ်နဲ့ဂုဏ်ဒြပ်တွေ မရှိပါစေ
ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူကိုသာ ရွေးချယ်ပါ ။

#သက်တန့်ချို
30.5.2017  #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment