Thursday, May 4, 2017

ကြောက်ရွံ့ရှောင်ပြေးနေစရာမလိုပါဘူး


ကွယ်ရာမှာ အတင်းအဖျင်းဘယ်လောက်များများ
ကိုယ်လျောက်ရမယ့်လမ်းရဲ့ အစိတ်အပိုင်းတစ်ခုလောက်ပါပဲ

ဘ၀မှာ ဘယ်လောက် နာကျင်ဝမ်းနည်းပါစေ
ကိုယ်ပျံသန်းရမဲ့နယ်ပယ်ရဲ့အစိတ်အပိုင်းတစ်ခုလောက်ပါပဲ

ခွဲခွာစွန့်လွှတ်ခြင်းတွေ ဘယ်လောက်များများ
ကိုယ်သွားရမယ့်ခရီးရဲ့အစိတ်အပိုင်းတစ်ခုလောက်ပါပဲ

ဘ၀ကို အားငယ်အရှုံးပေးခြင်းနဲ့မတည်ဆောက်ပါနဲ့
အစိတ်အပိုင်းတစ်ခုလောက်ကို ကြောက်ရွံ့ရှောင်ပြေးနေစရာမလိုပါဘူး ။

#သက်တန့်ချို
5.5.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment