Tuesday, May 9, 2017

နာကျင်ခံစားနေရတဲ့အခိုက်အတန့်မှာ


နာကျင်ခံစားနေရတဲ့အခိုက်အတန့်မှာ

ကိုယ့်လို တွေးနေမလားလို့မစဉ်းစားပါနဲ့
ကိုယ်က ကိုယ် သူက သူပါ ။

ကိုယ့်လို ခံစားနေမလားလို့ မစဉ်းစားပါနဲ့
ကိုယ်က ကိုယ် သူက သူပါ။

ကိုယ့်လို ၀မ်းနည်းနေမလားလို့မစဉ်းစားပါနဲ့
ကိုယ်က ကိုယ် သူက သူပါ ။

ဘယ်အရာဖြစ်ဖြစ် ကိုယ့်နေရာကို တစ်ပါးသူအနေနဲ့ ၀င်ဝင်ခံစားစေတာဟာ
သိပ်ကို မှားယွင်းတဲ့အယူအဆဖြစ်ပါတယ် ။

ကိုယ်ဝမ်းနည်းနေတဲ့အချိန်
တစ်ဖက်သားက ပျော်ချင်ပျော်နေမယ်

ကိုယ် အားငယ်ခေါင်းငုံ့နေတဲ့အချိန်
တစ်ဖက်သားက အားတက်ခေါင်းမော့နေချင်နေမယ်

ကိုယ်သတိရလွမ်းမောနေတဲ့အချိန်
တစ်ဖက်သားက လစ်လျှုရှုသတိမေ့ချင်မေ့နေမယ်

မတူညီတဲ့ စိတ်ခံစားမှုကို ထပ်တူလိုက်စဉ်းစား နေတာကိုက
သင်ကိုယ်တိုင် မှားယွင်းနေတာပါ ။

#သက်တန့်ချို
9.5.2017 #ttclifequote

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment