Monday, May 15, 2017

လူတစ်ယောက်ကောင်းတယ်ဆိုးတယ်ဆိုတာ

တစ်ခါတုန်းက လူတစ်ယောက်ဟာ သူ့အိမ်ရှေ့မှာ အလှပန်းစိုက်ဖို့ မြေဆွေးသွားဝယ်တယ်
ဆိုင်တစ်ဆိုင်မှာ သူ နှစ်သက်တဲ့ မြေဆွေးတချို့ကို တွေ့ခဲ့တယ်
ဆိုင်ရှေ့ရောက်ကတည်းက အဲ့ဒီမြေဆွေးကနေ နှင်းဆီရနံ့တွေ ထွက်နေတာကြောင့် သူ ၀ယ်ခဲ့တယ်

ဒီလိုနဲ့ သူ့အိမ်ကို မြေဆွေးတွေ သယ်လာတဲ့ လမ်းတလျောက်မှာ သူကမေးတယ်
" တခြားမြေဆွေးတွေနဲ့မတူပဲ ဘာလို့ နှင်းဆီရနံ့ရနေတာလဲ တမင်ဖန်တီးထားတာလား ဒါမှမဟုတ်
မိုးပေါ်ကနေကျလာတာများလား "
မြေဆွေးကပြန်ဖြေတယ်
" ရိုးရိုးမြေဆွေးပါပဲ  တန်ခိုးလည်းမရှိပါဘူး မိုးပေါ်က ကျလာတာလည်းမဟုတ်ပါဘူး
ဒါပေမယ့် နှင်းဆီ စိုက်ခင်းထဲမှာ နှစ်ပေါင်းများစွာ နေလာခဲ့ဖူးတဲ့အတွက်ဖြစ်ပါတယ် " တဲ့

===============================

ကိုယ်နဲ့အနီးကပ် နေတဲ့လူ အပေါင်းအသင်း နဲ့ပတ်ဝန်းကျင်က အကျင့်တွေ ကိုယ့်ဆီမှာလည်းရှိနေတတ်ပါတယ်
တချို့လူတွေက ယဉ်ကျေးတယ် တချို့က ရိုင်းစိုင်းတယ်
တချို့လူတွေက သည်းခံတယ် တချို့က မောက်မာတယ်
လူတစ်ယောက် ကောင်းတယ်ဆိုးတယ်ဆိုတာ အကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူး
ပတ်ဝန်းကျင်ရိုက်ခတ်မှုနဲ့ သူဖြတ်သန်းလာခဲ့တဲ့ ဘေးနားကလူတွေရဲ့ အကျင့်တွေကြောင့်လည်းပါတယ်

#သက်တန့်ချို
15.5.2017 #ttcinspirationalstories
Source : soil under the rose 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment