Friday, May 12, 2017

စောင့်ထိမ်းတဲ့ ကတိသစ္စာ


သွေးကြောလေးတစ်ချောင်းက နှလုံးသားချင်းတိုက်ရိုက်ဆက်သွယ်ထားတယ်
ကမ္ဘာပေါ်မှာ သူရှိနေတယ်ဆိုတဲ့ အသိက ခန္ဓာကိုယ်ကို နွေးထွေးစေတယ်
အကြည့်တစ်ချက် က အရာရာကို ဆွံ့အသွားစေတယ်

တန်ဖိုးထားကြသူအချင်းချင်းဟာ ကတိသစ္စာတွေအကြိမ်ကြိမ်ပေးနေစရာမလိုပါဘူး

ချစ်နေကြတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်တန်ဖိုးထားပြီး
တစ်နေ့တာကို နောက်ဆုံးရက်ချစ်ရသလိုမျိုးသတ်မှတ်ပြီးချစ်ကြမယ်
အေးအတူပူအမျှ လက်ချင်းတွဲထားနိုင်သမျှ
အသက်တွေ ဘယ်လောက်ကြီးကြီး
ရုပ်ရည်ဘယ်လောက်ပဲ အိုမင်းရင့်ရော်နေပါစေ
ကိုယ့်မှတ်ဥာဏ်ထဲ ချစ်ရသူသာ စွဲမြဲ ထင်ဟပ်နေမယ်ဆိုရင်

ဒါဟာ ကိုယ်စောင့်ထိန်းတဲ့ ကတိ သစ္စာပါပဲ ။

#သက်တန့်ချို
12.5.2017 #ttclovequote

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment