Thursday, May 4, 2017

လက်မလွှတ်ပါနဲ့

လက်မလွှတ်ပါနဲ့

ကိုယ့်အနားမှာ ဘယ်သူမှ မရှိတဲ့အချိန်
ကိုယ်နဲ့အတူ အမြဲ ရှိနေတဲ့သူကို လက်မလွှတ်ပါနဲ့

ကိုယ်ဝမ်းနည်းနေတဲ့အချိန်
ကိုယ့်မျက်ရည်တွေ အမြဲသုတ်ပေးနေတဲ့သူကို လက်မလွှတ်ပါနဲ့

ကိုယ်နာကျင်နေရချိန်
ကိုယ့်သောကတွေကို အမြဲ ဖေးမစာနာပေးနေသူကို လက်မလွှတ်ပါနဲ့

ကိုယ်က နားလည်မပေးနိုင်တဲ့အချိန်တွေမှာတောင်
ကိုယ့်ကို နှစ်နှစ်ကာကာချစ်နေပေးတဲ့သူကို လက်မလွှတ်ပါနဲ့

#သက်တန့်ချို
4.5.2017 #ttclovequote

No comments:

Post a Comment