Saturday, May 13, 2017

အိပ်မက်

ငယ်ငယ်တုန်းက လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြတယ်
ကျွန်တော်လည်းအပါအ၀င်ပေါ့

တချို့က အောင်မြင်ခြင်းအိပ်မက်
တချို့က ပျော်ရွှင်ခြင်းအိပ်မက်
တချို့က ချမ်းသာခြင်းအိပ်မက်
တချို့က ကျော်ကြားခြင်းအိပ်မက်

လူတိုင်းမှာ အိပ်မက်ကိုယ်စီမက်ခွင့်ရှိကြတယ်
ဒါပေမယ့် အိပ်မက်က နိုးလာခဲ့ရင်တော့
လက်တွေ့ဆန်တတ်ဖို့လည်းလိုတယ်

လောကကြီးထဲမှာ မှာတော့ ဘယ်သူကမှ ဇာတ်လိုက်မဟုတ်သလို
ဘယ်သူကမှ ဇာတ်ပို့လည်းမဟုတ်ကြဘူး

ရုပ်ရှင်တွေထဲကလို ဇာတ်လိုက်ဘေးမှာ ဇတ်ပို့တွေ ၀ိုင်းနေမှာလည်းမဟုတ်ဘူး
ရုပ်ရှင်တွေထဲကလို မင်းသားနဲ့မင်းသမီးလည်း သီချင်းနောက်ခံလေးနဲ့ကခုန်နေမှာမဟုတ်ဘူး
ရုပ်ရှင်တွေထဲကလို ကိုယ်ငိုရင် ဘေးကနေ စာနာချော့မော့ပေးနေမှာလည်းမဟုတ်ဘူး

လူတိုင်းက ကိုယ့်ဘ၀နဲ့ကိုယ်
ကိုယ့်အခြေအနေနဲ့ကိုယ်
ကိုယ့်အတိုင်းအတာနဲ့ကိုယ်

တခါတလေ စိတ်ကူးယဉ်အိပ်မက်ဆိုတာ အိပ်မက်ထဲမှာပဲထားခဲ့တာကောင်းပါတယ်
ကိုယ့်ဝမ်းနာ ကိုယ်သာသိ
ပကတိကိုယ့်အခြေအနေမှာ ကိုယ့်ဘာသာ နေသားတကျ
လက်ခံ ကျော်ဖြတ်နိုင်ဖို့ပဲအရေးကြီးပါတယ် ။

#သက်တန့်ချို
13.4.2017  #ttclifequote


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment