Tuesday, May 23, 2017

မိဘတွေသတိထားနိုင်ဖို့


 တစ်ခါတုန်းက သားငယ်ဖြစ်သူက မိခင်ကိုမေးတယ်

“ မေမေ ... တခါတလေမှာ မေမေါပိုက်ဆံအိတ်ထဲ လက်ဝတ်ရတနာတွေအပြည့်နဲ့ပိုက်ဆံအပြည့်ထည့်ပြီး အိမ်ဖော်နားမှာ ထားခဲ့တတ်သလားဟင် ”

မိခင်ကဖြေတယ်

“ ဟင့်အင်း ... ဘယ်တုန်းကမှ မထားခဲ့ဘူး သား .. မေမေက အိမ်ဖော်ကို မယုံကြည်ဘူးလေ ”

သားဖြစ်သူကပြန်မေးတယ်

“ ဒါဆို မေမေဘာလို့ သားကို အိမ်ဖော်နဲ့ထားခဲ့တာလဲဟင် ”

================

ဖြူစင်ရိုးရှင်းတဲ့ ကလေးငယ်ရဲ့အတွေးဖြစ်ပေမယ့်တော်တော်လေးစဉ်းစားဖို့ကောင်းတဲ့အချက်ပါ
မိခင်တချို့က အလုပ်ကိစ္စတွေ ငွေရှာ၇တဲ့ကိစ္စတွေနဲ့ အိမ်ဖော်တွေနဲ့ပဲ သားသမီးတွေကို ထိမ်းခိုင်းထားခဲ့လေ့ရှိတယ်
ကိုယ်လက်ဝတ်ရတနာပစ္စည်းတွေကိုတောင်အိမ်ဖော်ကိုမယုံကြည်လို့ မထားခဲ့သေးတာ
လက်ဝတ်ရတနာတွေထက်တန်ဖိုးရှိတဲ့ ရင်သွေးကို ဘယ်လို ယုံကြည်စိတ်ချလို့ အိမ်ဖော်တွေနဲ့ထားခဲ့တာပါလိမ့်လို့ ကျွန်တော်လည်းတွေးမိပါတယ် ။

ဒါကြောင့်ပြောပါတယ် ..
“ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးတဲ့ ဂရုစိုက်ခြင်းဆိုတာ .. ငွေနဲ့ပေးဝယ်တိုင်းမရဘူး ” ဆိုတာကိုပေါ့ ..
တခါတလေ သားသမီးတွေလိုချင်တာက
တစ်နေကုန် အိမ်ကနေထွက်စီးပွားရှာနေပြီး
အိမ်ပြန်လာမှ အားလုံးဖြည့်ဆည်းပေးတတ်တဲ့မိဘတွေထက် ..
ကိုယ်နဲ့နာရီဝက်လောက်အတူရှိနေပေးမယ့် မိဘတွေကို ပိုလိုလားတာများဖြစ်နေသလား ။

မိဘတွေ သတိထားပြီးစဉ်းစားဖို့ကောင်းတဲ့အချက်တစ်ချက်ပါပဲ ။

#သက်တန့်ချို
23.7.2017 #ttcrepost 


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment