Saturday, May 13, 2017

ကလေးငယ်နဲ့ချိုချဉ်တစ်လုံး


ကိုယ်သိပ်ကြိုက်မိတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိတယ်

------------------------------------------

အလွန်ချမ်းသာတဲ့သူဌေးကြီးတစ်ဦးဟာ
ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာ ၀ါသနာကြီးပါတယ်
သူ့အခန်းထဲမှာလည်း ရှေးဟောင်းပစ္စည်းတွေ အများကြီးပေါ့ ...

သူဌေးကြီးမှာ သူအလွန်ချစ်ရတဲ့ သားငယ်တစ်ယောက်ရှိတယ်
တစ်နေ့တော့ အလွန်အဖိုးတန်တဲ့ ရှေးဟောင်းပန်းအိုးကြီးထဲမှာ
သူ့သားငယ်ရဲ့ လက်ဆွဲထုတ်မရဖြစ်နေတာကို တွေ့ခဲ့တယ် ..
နည်းအမျိုးမျိုးသုံးပြီး အိမ်ကလူတွေ ကြိုးစားကြပေမယ့် ပန်းအိုးထဲကနေ
ကလေးရဲ့လက်ကို ဆွဲမထုတ်နိုင်ခဲ့ကြဘူး

နောက်ဆုံး နှမျောတသစွာနဲ့ သူဌေးကြီးဟာ ကလေးအနာတရမဖြစ်အောင်
သူအလွန်တန်ဖိုးထားရတဲ့ ရှေးဟောင်းပန်းအိုးကြီးကို
ခွဲပစ်လိုက်ရပါတယ် .. အဲ့ဒီအခါ ကလေးရဲ့လက်ထဲမှာ
ချိုချဉ်လေးတစ်လုံးကို တင်းတင်းဆုပ်ကိုင်ထားတာတွေ့လိုက်ရတယ်

ကလေးငယ်ရဲ့ချိုချဉ်ကို တင်းတင်းဆုပ်ကိုင်လက်မလွှတ်ချင်တဲ့စိတ်ကြောင့်
တန်ဖိုးကြီးတဲ့ ရှေးဟောင်းပန်းအိုးကိုဖျက်ဆီးခဲ့ရတယ် ..

================================

သင်တို့ရော ...
ကိုယ်တင်းတင်းဆုပ်ကိုင်ထားမိတဲ့ အရာ ၊ ယုံကြည်ချက် ၊ စိတ်ခံစားမှု တွေကြောင့်
ကိုယ့်ပတ်ဝန်းကျင်
ကိုယ့်မိဘ
ကိုယ့်မိသားစု
ကိုယ့်အသိုင်းအ၀ိုင်းသူငယ်ချင်း
ကိုယ့်အချိန်
ကိုယ့်ကျန်းမားရေး ကို လဲလှယ်မိနေပြီလား ?

#သက်တန့်ချို
13.5.2017 #ttcinspirationalstories
Credit to mybetter.cn/engtranslate
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment