ငါကံဆိုးလိုက်တာလို့ တွေးမိရင်
ခင်ဗျားရော ကျွန်တော်ရော တခါတလေ ငါ ကံဆိုးလိုက်တာလို့ မွေးမိဖူးကြမှာပါ
လုပ်သမျှ အလုပ်တွေ မအောင်မြင် ၊ အရှုံးတွေ ခဏခဏတွေ့ပြီး
ဘ၀ဆိုတာ နေလို့မကောင်းလိုက်တာလို့ တွေးမိရင် အောက်ကစာလေးကို ခဏလာက်အချိန်ပေးပြီး ဖတ်ကြည့်ပါဦး
====================
အလုပ်ကိစ္စတစ်ခုနဲ့ အိန္ဒိယကို ခဏရောက်နေတဲ့ ကျွန်တော်ဟာ မနက်ခင်းတစ်ခုမှာ သူငယ်ချင်းဖြစ်သူနဲ့ချိန်းဆိုထားတဲ့ နေရာကို ထွက်လာခဲ့တယ် ။ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့နေရာမို့ တနည်းအားဖြင့် ဆင်းရဲသားတွေနေတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးကို ဖြတ်သွားရတာမို့ ခြေလျင်သွားခြင်းကိုသာ ကျွန်တော်ရွေးချယ်ခဲ့တယ် ။ ဒီလိုနဲ့ လမ်းခုလတ်တစ်နေရာအရောက်မှာ ထူးဆန်းမင်သက်ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုကို ကျွန်တော်မြင်ခဲ့ရတယ် ။ ကလေးငယ်တစ်ယောက်ကို မိခင်ဖြစ်သူက အိမ်ရှေ့ကို တရွတ်တွဲပြီးခေါ်လာတဲ့မြင်ကွင်းပါ ။ ကြည့်နေတုန်းမှာပဲ အမေလုပ်သူက ကလေးရဲ့လက်ကို ဓါးနဲ့ ခုတ်လိုက်တာကို ထိတ်လန့်စရာ မြင်ခဲ့ရတယ် ။
ဘေးနားကလူတွေကလည်း ကလေးကို မငိုဖို့ ချော့မော့ကြပြီး ပြတ်သွားတဲ့လက်ကို သွေးတိတ်ဖို့ အ၀တ်ခပ်နွမ်းနွမ်းစည်းပြီး အထဲကို ပြန်ခေါ်သွားကြတယ် ။ အချိန်တော်တော်ကြာ ဆွံ့အနေခဲ့တဲ့ ကျွန်တော်ဟာ လောကကြီးနဲ့အဆက်ပြတ်သွားသလိုပါပဲ ။
ဘာလို့လဲ ? ကလေးလက်ကို မိခင်ဖြစ်ရဲ့သားနဲ့ ဘာလို့ဖြတ်ရတာလဲ ? ကလေးက ခွင့်မလွှတ်နိုင်တဲ့အရာတစ်ခုခုကို လုပ်မိလို့လား ဒါမှမဟုတ် ကလေးမှာ ကူးစက်နိုင်တဲ့ ရောဂါတစ်ခုခုဖြစ်နေလို့လား သို့လောသို့လောအတွေးတွေနဲ့ဖြစ်ရပ်အမှန်ကို ကျွန်တော်စုံစမ်းကြည့်ပါတော့တယ် ။ တကယ့်အဖြစ်မှန်ကတော့ အဲ့ဒီရပ်ကွက်ဟာ သူဖုန်းစားတွေ ချည်းနေတဲ့ရပ်ကွက်ဖြစ်ပြီါ် ကလေးဟာ ကိုယ်လက်အဂါင်္အစုံရှိနေရင် တောင်းရမ်းစားသောက်ဖို့မလွယ်လို့ ကလေးလက်ကို ဖြတ်ပစ်လိုက်ရခြင်းဖြစ်ပါတယ်တဲ့ ။ ဒီရပ်ကွက် ဒီပတ်ဝန်းကျင်မှာ မွေးဖွားလာတဲ့ကလေးတော်တော်များများ မှာ ဒီလိုအဖြစ်ဟာ ကြုံရလေ့ရှိပြီး ဖြစ်ရိုးဖြစ်စဉ်ပါလို့ ရှင်းပြကြတယ် ။ စိတ်မကောင်းခြင်းကြီးစွာနဲ့ လျောက်လာခဲ့တဲ့ခြေလှမ်းတိုင်းဟာ ကျွန်တော့်အဖို့ အတွေးပေါင်းများစွာနဲ့ လေးလံနေစေခဲ့ပါတယ် ။
ဒီလိုနဲ့ ချိန်ထားတဲ့ နေရာရောက်တော့ အဲ့ဒီအကြောင်းကို ကျွန်တော့်မိတ်ဆွေကိုပြောပြခဲ့တယ် ။ သူ.. ထိတ်လန့်အံ့သြစွာ နဲ့လက်ထဲက စားလက်စ ပေါင်မုန့်ဟာ မြေပေါ်ကျသွားခဲ့တယ် ။ အဲ့ဒါကိုလှမ်းမြင်လိုက်တဲ့ကလေးတစ်သိုက်ဟာ သူ့ဆီက ကျသွားတဲ့ပေါင်မုန့်အပိုင်းအစကို အလုအယက် လုကြပြီး ထွက်ပြေးသွားကြတော့တယ် ။ ငူငူငိုင်ငိုင်ကြီးကျန်နေခဲ့တဲ့ကျွန်တော့်မိတ်ဆွေဟာ ကျွန်တော်နဲ့အတူ အဲ့ဒီနားမှာရှိတဲ့ ပေါင်မုန့်ဆိုင်ကို လိုက်ရှာကြတယ် ။ ဒေသတစ်ခုလုံးမှာ ပေါင်မုန့်ဆိုင် ၂ ဆိုင်ပဲရှိပါတယ် ။ ၂ ဆိုင်လုံးက ပေါင်မုန့် အလုံး ၄၀၀ ကျော်ကို ကျွန်တော်တို့ဝယ်ခဲ့ကြတယ် ။
ဒေါ်လာ ၂၀၀ တောင်မကျခဲ့ဘူး ။ ပေါင်မုန့်တစ်လုံးဟာ ၂၅ ပြား တောင်မပေးရပဲ ဈေးသက်သာပါတယ် ။ ဒီလိုနဲ့ ကလေးတွေအတွက်လိုအပ်တဲ့ ပစ္စည်းတွေအသုံးအဆောင်တွေ ကို နောက်ထပ် ဒေါ်လာ ၃၀၀ ဖိုးကျွန်တော်တို့ထပ်ဝယ်ခဲ့ကြတယ် ။ ပြီးတော့ သူဖုန်းစားရပ်ကွက်ထဲက ကလေးငယ်တွေကို ကျွန်တော်တို့ ၂ ယောက် ဝေပေးခဲ့ကြတယ် ။ အလုအယက် နဲ့ မျက်ရည်တွေ အံ့သြမင်သက်ခြင်းတွေနဲ့သူတို့ မျက်နှာတွေကို ကျွန်တော်အခုအချိန်ထိမေ့မရနိုင်ခဲ့ဘူး ။ အရှုံးတွေ စိတ်ပျက်မှုတွေကြုံလာရတာတောင် ငါကံကောင်းနေသေးတာပဲလို့ ကျွန်တော်တွေးတောတတ်လာပါတယ် ။
============================
ခင်ဗျားတို့ရော ဘ၀မှာ သိပ်ကံဆိုးလှပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကို တွေးမိကြလား အဲ့ဒီလို တွေးမိတဲ့အခါမျိုးမှာ လမ်းပေါ်မှာပိုက်ဆံတောင်းရမ်းဖို့အတွက် ကိုယ့်လက်ကိုယ်အဖြတ်ခံလိုက်ရတဲ့ ဘာမှမသိနားမလည်သေးတဲ့ကလေးအရွယ်လေးတွေ ကမ္ဘာရဲ့ ထောင့်တစ်နေရာမှာ ရှိနေသေးတယ်ဆိုတာ ပြန်တွေးကြည့်စမ်းပါ ။ ၂၅ ပြားတောင်မတန်တဲ့ပေါင်မုန့်တစ်လုံးအတွက် အလုအယက် သဲပေနေတဲ့ စားစရာတစ်ခုကို ၀ိုင်းလုနေကြတဲ့ ကလေးငယ်တွေ ရှိတယ်ဆိုတာ တွေးကြည့်စမ်းပါ ။
ခင်ဗျား သူတို့လောက်ကံမဆိုးသေးပါဘူး ။ တခါတရံ ရှုံးနိမ့်ခြင်း ၀မ်းနည်းခြင်း ပူဆွေးခြင်း တွေဟာ ကံဆိုးခြင်းမဟုတ်သေးပါဘူး ။ လောကကြီးမှာ ရှိတဲ့ပြဿနာတွေဟာ နေ့စဉ် ဒုနဲ့ဒေးပါ ။
ကျွန်တော်တို့ဘ၀တွေက အဲ့ဒီလောက်ကံဆိုးကြလို့လား ?
#သက်တန့်ချို
16.5.2017 #ttcinspirationalstories
Source : Be Content About Your Life
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
No comments:
Post a Comment