Friday, May 12, 2017

အမှိုက်တွေလို စွန့်ပစ်လိုက်ပါ

ကိုယ့်အတွက် အဆင်သင့်ဖြစ်နေတဲ့အရာမှန်သမျှ အပေါ်
မသာယာမိပါစေနဲ့
နောင်တချိန် ဘယ်အရာမှ အဆင်သင့်မဖြစ်တဲ့အခါ
ကိုယ်ပဲနောင်တရလိမ့်မယ် ။

စကားလေးတွေဟာ  ပန်းနဲ့တူသလို အဆိပ်နဲ့လည်းတူတယ်
အဆိပ်လိုမျိုး ကြမ်းတမ်းနှိမ်ချ မောက်မာတဲ့စကားလုံးတွေကြောင့်
တစ်ပါးသူကို မနာကျင်မိပါစေနဲ့
ကိုယ်ပြောလိုက်တဲ့ စကားတိုင်း ပန်းရနံ့တွေသင်းနေသလို
ချိုသာသိမ်မွေ့ပါစေ ။

လူတွေရဲ့ စိတ်ဟာ သမုဒ္ဒရာနဲ့တူတယ်
ကျယ်ပြန့်တယ် အဆုံးမရှိဘူး တခါတခါ သိမ်မွေ့တယ် တခါတခါ မုန်တိုင်းထန်တယ်
ဘယ်သူ့စိတ်ကိုမှ မခန့်မှန်းပါနဲ့
ကိုယ့်စိတ်ကိုယ်သာ ထိမ်းနိုင်အောင်ကြိုးစားပါ ။

ကိုယ့်ဘ၀ ထဲကို ပေါပေါပဲပဲ ၀င်လာတဲ့အရာမှန်သမျှကို
စွန့်ပစ်ရမယ့်အမှိုက်လို သဘောထားပြီးစွန့်ပစ်ပါ
အမှိုက်တွေ များလာရင် ကိုယ်တန်ဖိုးထားတဲ့အရာတွေ ထားဖို့
နေရာလွတ်တွေနည်းသွားပါလိမ့်မယ် ။

#သက်တန့်ချို
12.5.2017 #ttclifequote

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment