Thursday, May 11, 2017

တန်ဖိုးရှိခြင်း တန်ဖိုးမဲ့ခြင်းဆိုတာ

ယောက်ျားတစ်ယောက် ဘယ်လောက်ပဲ ရုပ်ဖြောင့်နေပါစေ
စာရိတ္တမကောင်းရင် တန်ဖိုးမဲ့တာပါပဲ ။

မိန်းမတစ်ယောက် ဘယ်လောက်ပဲ ရုပ်ချောနေပါစေ
စောင့်ထိန်းမှုမရှိရင် တန်ဖိုးမဲ့တာပါပဲ ။

ယောက်ျားတစ်ယောက် ဘယ်လောက်ပဲ ၀င်ငွေကောင်းနေပါစေ
သိက္ခာမရှိဘူးဆိုရင် တန်ဖိုးမဲ့တာပါပဲ ။

မိန်းမတစ်ယောက် ဘယ်လောက်ပဲ သိမ်မွေ့နေပါစေ
နှုတ်စည်းမစောင့်ဘူးဆိုရင် တန်ဖိုးမဲ့တာပါပဲ ။

ယောက်ျားတစ်ယောက် ဘယ်လောက်ပဲ ချစ်တတ်ပါစေ
သစ္စာ မရှိဘူးဆိုရင် တန်ဖိုးမဲ့တာပါပဲ ။

မိန်းမတစ်ယောက် ဘယ်လောက်ပဲ အချစ်ခံရပါစေ
ရိုးသားမှုမရှိဘူးဆိုရင် တန်ဖိုးမဲ့တာပါပဲ ။

#သက်တန့်ချို
11.5.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment