Monday, February 13, 2012

ထူးဆန်းလှသော Antarctica မှ သွေးစီးချောင်းကြီး

ထူးဆန်းလှသော Antarctica မှ သွေးစီးချောင်းကြီး



Anarctica မှာ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့နေရာတွေအများကြီးထဲကမှ ဒီနေရာလေးဟာ တစ်ခုအပါအ ၀င်ဖြစ်ပါ တယ် ။ ၁၉၁၁ ခုနှစ်ထဲက ရှာတွေ့ခဲ့ကြပေမယ့် အခုအချိန်အထိကို ဒီသွေးစီးချောင်းဟာ ဒဏ္ဍာရီသဖွယ် ဖြစ်နေ တုန်းပါပဲ ။



ရေခဲတောင်ကနေ ထွက်လာတဲ့ သွေးစီးချောင်းကြီးကို မြင်ရတော့ သင်ဘယ်လိုတွေးထင်မိပါသလဲ ။ ထူးဆန်း မနေဘူးလား ။ အကြောင်းရင်းအမှန်ကို သင်စုံစမ်းချင်တယ်ဆိုရင်တော့ အေးခဲနေတဲ့ Antarctica မှ Taylor Glacier ကို အလည်အပတ်သွားရောက်ဖို့တော့လိုပါတယ် ။ ပထမတော့ သိပ္ပံပညာ ရှင်တွေတွေး ထင်တာ ကတော့ ဒီလို အနီရောင်သွေးစီးကြောင်းတွေရှိဖြစ်နေခြင်းဟာ ရေခဲပြင်အောက်က အနီရောင်ရေ ညှိတွေကြောင့် ဖြစ်ပါလိမ့်မယ်လို့ ယူဆခဲ့ကြတယ် ။



ဒါပေမယ့် နောက်ထပ်လေ့လာသူတွေရဲ့ပြောဆိုချက်အရတော့ ဒီလို သွေးအရာင်တွေဖြစ်နေ ရခြင်းဟာ နောက် ထပ် အံ့သြ ဖွယ်ရာတစုံတရာ ရှိနေသေးတယ်လို့ဆိုပါတယ် ။



ဘာကြောင့် အနီရောင်သွေးစီးချောင်းကြီးဖြစ်လာသလဲဆိုတာကို သိပ္ပံနည်းကျ တွေးဆထားကြပုံပါ ။

ဒီ Antarctica မှာ ဒဏ္ဍာရီ တစ်ပုဒ်ရှိပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း 2 million လောက်တုန်းက Taylor Glacier ရဲ့အောက် မှာ ရေကန်သေးသေးလေးဟာ ရေခဲတွေနဲ့ ပိတ်ဆို့ခြင်းခံခဲ့ရတယ် ။ အိုး ..အံ့သြဖို့မကောင်းဘူးလား အဲဒီက တည်းက ရှိနေတဲ့ ရေကန်ထဲမှာ အသက်ရှင်နေတဲ့ အလွန်ရှေးကျတဲ့ ရေသတ္တ၀ါတွေလည်းရှိနေခဲ့တယ် ။ ဒီလို မမြင်ရတဲ့ အကောင်တွေဟာ အောက်ဆီဂျင်မရှိပဲ ၊ အလင်းရောင်မရှိပဲ ၊ အပူချိန်မရှိပဲ အသက် ရှင်နေကြတယ် ။



တဖြည်းဖြည်း ကမ္ဘာမြေအပူချိန်ရလာတဲ့အခါ ဒီကောင်တွေဟာ ကမ္ဘာဦးကတည်ူးက ဒီရေကန်ထဲကနေ တဖြည်းဖြည်း စိမ့်ထွက်လာကြပြီး ကမ္ဘာတ၀ှမ်းက သက်ရှိသတ္တ၀ါတွေဖြစ်ကုန်ကြတယ်လို့ဆိုပါတယ် ။



စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒီသွေးစီးချောင်းကြီးဟာ Red Algae တွေကြောင့်မဟုတ်ဘူးဆိုရင် ဘယ်လို ကြောင့် သွေးတွေ ဟာ အဖြူရောင်ရေခဲပြင်တွေအပေါ် စီးဆင်းနေရပါသလဲ ။ ယနေ့ထက်တိုင် သိပ္ပံပညာ ရှင်တွေ တိတိကျကျ အဖြေမထုတ်နိုင်ကြသေးပါဘူး ။

သက်တန့်ချို
Feb 13-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. အဲဒီ သွေးတွေကို လိုအပ်နေတဲ. လူတွေကို
    ထည်.ပေးလိုက်လို.ရဖူးလား
    အဲလိုရရင်တော. အရမ်းအကျိုးရှိပေဖူးလား
    ဟိဟိ

    ReplyDelete
  2. အာဂျီးမားFebruary 13, 2012 at 3:35 PM

    သွေးတွေနဲ့တော့သိပ်မတူဘူး။ ထူးဆန်းတာတော့အမှန်ပဲ...

    ReplyDelete
  3. လာလေ့လာသွားပါတယ်

    ReplyDelete
  4. အံ့သြကုန်နိုင်ဖွယ်တွေပါပဲမောင်သက်တန့်ရေ။
    အောက်ကပို့စ်မြွေတွေမြင်တာနဲ့တင်
    ဆက်မဖတ်ဖြစ်တော့ပါဘူးး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ထူးဆန်းလိုက်တာ ကိုသက်တန့်ရေ

    ReplyDelete
  6. The reddish deposit was found in 1911 by the Australian geologist Griffith Taylor, who first explored the valley that bears his name. The Antarctica pioneers first attributed the red color to red algae, but later it was proven to be due only to iron oxides.(From Wikipedia)

    ReplyDelete
  7. အယုံဘူးကွာ ဘာဖြစ်လဲ

    ReplyDelete