Thursday, February 2, 2012

လူသေမိန်းကလေးကိုလက်ထပ်ခဲ့သောအမျိုးသား

လူသေမိန်းကလေးကိုလက်ထပ်ခဲ့သောအမျိုးသား




ထိုင်းနိုင်ငံမှ အမျိုးသားတစ်ယောက်ဟာ အချစ်အတွက် သူပေးထားတဲ့ကတိကို တည်ဖို့အ တွက် သေ ဆုံးနေပြီဖြစ်တဲ့ အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ် ။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ Sarinya Kamsook နဲ့ သူမရဲ့ ချစ်သူ ကောင်လေးအသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ Chadil Deffy ဆို့ဟာ ယခုနှစ်ထဲမှာ လက်ထပ်ကြဖို့ အစီအစဉ် ရှိထားပြီးသားဖြစ်ပါတယ် ။ မမျှော်လင့်ပဲ ရုတ်တရက် Sarinya Kamsook ဆိုသူကောင်မလေးဟာ ကားတိုက် မှုဖြစ်ပြီး သေဆုံးသွားခဲ့တယ် ။ ဒီလို မင်္ဂလာပွဲမကျင်းပမီ ရက်အနည်းငယ်အလိုမှာပေါ့ ။ Deffy ဟာ သူတို့နဂို ကတိပေးစီစဉ်ထားခဲ့တဲ့အတိုင်း သူ့အချစ်ကို သက်သေပြနိုင်ဖို့အတွက် သူမ ( လူသေ ) ကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။



ကားတိုက်မှုဖြစ်ခဲ့တုန်းက Sarinya ဟာ အပြင်းအထန်ဒါဏ်ရာတွေရခဲ့တယ် ။ သူမကို အရေးပါ် ကုသမှုတွေနဲ့ အသက်မှီတယ်ဆိုယုံကလေး ကုသပေးနိုင်ခဲ့တယ် ။ ဒါပေမယ့် ဆရာဝန်တွေက ပြည့်ကျပ်ညပ်နေတဲ့အရေးပေါ် အခန်းထဲ ကနေ ဆေးရုံကို လွှဲပေးဖို့အတွက် ၆ နာရီလောက်ကြာမြင့်ခဲ့တယ် ။ ဒါဟာလည်း လူဦးရေပြည့် ကျပ်ညပ်နေတဲ့ အရေးပေါ်ကုသခန်းရဲ့အခြေအနေတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ် ။ အဲဒီအချိန်မှာပဲ သူမဟာ ရရှိခဲ့တဲ့ဒါဏ်ရာတွေကြောင့်ပဲ သေဆုံးသွားရရှာပါတယ် ။



ထိုင်းနိုင်ငံ Surin မှာ လုပ်ခဲ့တဲ့ သူမရဲ့ ဈာပန မှာ Chadil Duffy ဟာ သူ့ဇနီးလောင်းရဲ့လက်မှာ လက်ထပ် လက်စွပ်ကလေးဝတ်ဆင်ပေးခဲ့တယ် ။ ဒါကြောင့်ဒီပွဲလေးကို ထိုင်းနိုင်ငံမှာ နာရေး-လက်ထပ်ပွဲ အဖြစ် တင် စားခေါ်ဝေါ်ကြပြီး ကမ္ဘာပေါ်မှာ အလွန်ရှားတဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ခဲ့ပါတယ် ။



ငါတို့ သေသည်အထိ မခွဲခွာကြဘူး --------။

မူရင်း-A man in Thailand Married a dead girlfriend to fulfill his promise of love.

29-year old Sarinya Kamsook and her 28-year-old boyfriend, Chadil Deffy, were to be married this year. Sarinya Kamsook unfortunately died in a car crash, just day before the big event, Deffy decided to go on with their wedding as planned and married her.

Sarinya was involved in a car crash, leaving her severely injured. She still could have been saved with timely medical attention. However, the doctors made her wait for 6 hours due to an overcrowded ICU instead of transferring her to another hospital. During this time, she succumbed to her injuries and passed away.

During her funeral in Surin, Thailand, Chadil Duffy placed a ring on his deceased bride’s finger. It thus turned out a wedding/funeral ceremony, one of the rare events in the world.

Till death do us apart...

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

16 comments:

  1. စိတ်မကောင်းလိုက်တာ ဆုတောင်းများမှားခဲ့ကြလေသလားး(((

    ReplyDelete
  2. စိတ်မကောင်းလိုက်တာနော်.... :(

    ReplyDelete
  3. သိပ်ချစ်ကြတဲ့ချစ်သူနှစ်ယောက်ကဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့ကြတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ဘ၀ဆက်တိုင်းဒီလိုအဖြစ်မျိုးနဲ့မကြုံပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်....:(

    ReplyDelete
  4. ကတိတည်တာကောင်းပါတယ် အားလုံးအတွက်ပေါ. .......

    ReplyDelete
  5. ဒါမျိုးတွေမခံစားနိုင်ဘူး...၇င်ထဲမကောင်းဘူး...

    ReplyDelete
  6. အိုလူသားသင်ဟာသိပ်ကိုကြင်နာတတ်တဲ့အချစ်မျိုးကိုပိုင်ဆိုင်ထားတယ်ဆိုတာငြင်းစရာမရှိလောက်အောင်တိကျလွန်းနေပါတယ်....အိုလူသားသင်နောက်ထပ်ဒီလိုအဖြစ်ဆိုးတွေထပ်မကြုံပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  7. I WISH ONE DAY MY BOYFRIEND KNOW PROMISE MEANS

    ReplyDelete
  8. ဘာပဲဖြစ်ဖြစ် ရင်ထဲက ပါမှပါ။ နာမည်ကြီးချင်လို့လုပ်တာဆိုရင် ဘယ်လိုလုပ်မလဲ?

    ReplyDelete
  9. ဟုတ်ပါတယ်...... တကယ်စိတ်မကောင်းပါဘူး

    ReplyDelete
  10. သတင်းလေးဖတ်ရတာစိတ်မကောင်းဘူးဗျာ..

    ReplyDelete
  11. သူ့ချစ်သူကောင်မလေးတော့ စိတ်ချလက်ချနဲ့ သွားနိုင်ပြီပေါ့နော် သူ့ကောင်လေးက နောက်ဆုံးအချိန်ထိ ကတိသစ္စာတည်မြဲခဲ့တာဆိုတော့ သူဘယ်ဘ၀ရောက်ရောက် ပျော်နေမယ်နဲ့တူပါတယ်

    ReplyDelete
  12. ကောင်မလေးအတွက် အရမ်းအားကျပိတိဖြစ်မိတယ်။ တကယ်ပါ။ ကောင်မလေး အရမ်းကံကောင်းတယ်လို့ ခံစားရပါတယ်။ ကျန်ခဲ့တယ် ကောင်လေးအတွက် စိတ်မကောင်းပါဘူး

    ReplyDelete
  13. သူ့ချစ်သူကောင်လေး သစ္စာရှိတဲ့အတွက် သူအရမ်းပျော်နေမှာပါ..
    ဘေးကကြည့်တဲ့ ဒို့တောင်မှ သူ့တို့အချစ်အတွက် ကျက်သီးထမိပါတယ်

    ReplyDelete
  14. ထပ်တူစိတ်မကောင်းပါဘူး

    ReplyDelete
  15. လွှမ်းမိုးသူApril 19, 2013 at 7:56 AM

    စိတ်မကောင်းဖြစ်မိတယ်ဗျာ

    ReplyDelete