Wednesday, February 15, 2012

လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီးဂူသွင်းတဲ့ဓလေ့

လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီးဂူသွင်းတဲ့ဓလေ့



ရှားတော့ရှားသွားပြီဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာတော့ ယနေ့ထက်တောင်ရှိနေဆဲပါပဲ ။ အင်ဒိုနီးရှားနိုင်ငံ Toraja ဟာ လူသေကောင်ကို ဖုတ်သွင်းပြီး သူမြေမြုပ်ခံရမယ့် ဂူထဲကိုသွားစေပါတယ် ။ လူသေကောင်ဟာ ရုတ်တ ရက် လမ်းလျှောက်ပြီး ဂူထဲကို လမ်းလျှောက်လာပါတယ် ။ ရှားတော့ရှားပေမယ့် ကျွန်တော်တို့အနေနဲ့ သိပ္ပံပ ညာနဲ့ နေရာတကာမှာ ချိန်ထိုးပြီး မျက်စိစုံမှိတ်ငြင်းဆန်နေလို့မဖြစ်သေးပါဘူး ။



လူသေကောင်ကို ဖုတ်သွင်းတဲ့ ဓလေ့ကိုတော့ မှော်နက် ( Black magic ) အောက်လမ်းနည်း စသဖြင့် အမျိုး မျိုးခေါ်ဆိုကြပါတယ် ။



ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတော့ Toraja မှ ဂူတွေဟာ ထုံးကျောက်တွေနဲ့ တောင်နံရံတွေမှာ တည်ဆောက် ထားတာဖြစ်ပြီး သူတို့ကို သယ်ဆောင်ဖို့မလွယ်ကူပဲ သူတို့ဘာသာ လမ်းလျှောက်ဝင်မှသာ အဆင်ပြေနိုင်မှာပါ ။



လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီး သူ့အနောက်မှာတော့ ဖုတ်သွင်းသူ မှော်ဆရာက လမ်း ညွှန်ပေးရပါတယ် ။ ဒါပေမယ့်အဲဒီအချိန်မှာ ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေရပါတယ် ။ အကယ်၍ လူသေကောင်က တခုခုကို သတိထားမိသွားမတယ်ဆိုရင် ဖုတ်က ပြန်ထွက်သွားပြီး လူသေကောင်ဟာ အဲဒီနေ ရာမှပဲ လဲကျသွားမှာဖြစ်ပါတယ် ။



ကမ္ဘာမြေကြီးမှာ ကျွန်တော်တို့ သိပ္ပံပညာနဲ့ အဖြေရှာမရတဲ့ ပုစ္ဆာပေါင်းများစွာ ဟာ ယနေ့ထက် တိုင်အောင် ရှိနေဆဲပါပဲ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

15 comments:

  1. အဲဒီလူသေကောင်ပုံလုပ်ထားတာက ဓါတ်ပုံကို ပြန်ပြင်ပြီး ထဲ့ထားတာ။ အောက်ဆုံးပုံမှာ ဆံပင်နဲ့ နောက်ခံ ပုံတွေကို ကြည့်ရင် ဆံပင်က တအားကို ညီညာပြီး အပြင်ဘက်ကို ဖွာနေတာမျိုးမရှိဘူး။ အဲဒီအောက်ဆုံးပုံက လူသေကောင် ရဲ့ ပုခုံးဆိုညီညာပြီး တအားကို တိကျနေတယ်။ အပေါ်ဆုံးပုံမှာလည်း ဒီအတိုင်းဘဲ လူသေကောင်ရဲ့  ညာဘက်လက်မောင်းကညီညာပြီး တိကျနေတယ်။အပေါ်ဆုံးက ပုံနဲ့ အောက်ဆုံးကပုံ ကလူသေကောင်က အတူတူဘဲ ဒါပေမယ့်အကျီ င်္လယ်ပင်း ဘယ်ဘက်ဟိုက်ထားတာနဲ့  ညာဘက်ဟိုက်ထားတါဘဲ ကွာတာ။ အဲဒီပုံတပုံထဲကို ဘဲ mirror လုပ်ပြီး ပြန်ပြင် ထဲ့ထားတာ။

    ReplyDelete
  2. စိတ်ဝင်စားစရာဘဲ..
    တစ်ခါတော့ကြည့်ဖူးချင်တယ်..
    toraja တောင် ပုံစံတူလေးတစ်ခု ခြံထဲမှာရှိတယ်..
    ပုံစံငယ်လေးတွေလဲရှိတယ်.. အင်ဒိုနိုင်ငံကိုယ်စားပြု ခြံ ထဲမှာ ဆောက်ထားတာ...

    ReplyDelete
  3. အာဂျီးမားFebruary 15, 2012 at 5:42 PM

    ကြောက်တယ်ဗျို့ ....

    ReplyDelete
  4. တကယ်ဆိုရင် အံ့သြစရာ
    ကြောက်လဲကြောက်စရာကြီးပဲဗျာ့


    မောင်ဘကြိုင်

    ReplyDelete
  5. ဟန်ကြည်February 15, 2012 at 6:55 PM

    ပုံကို ဖိုတိုရှော့ပ်နဲ့ ပြင်ထားတာတော့ ငြင်းစရာမရှိပါ...ဒါပေမယ့်လည်း ဒီဘက်ခေတ်မှာ အဲဒီဓလေ့ တိမ်ကောသွားတာကြောင့် ဆောင်းပါးရေးတဲ့နေရမှာ သရုပ်ဖော်ပုံဖြစ်ဖို့ ဖိုတိုရှော့ပ် သုံးထားတယ်လို့ ယူဆမိပါတယ်...

    ReplyDelete
  6. ကိုသက်တန့်ချိုကတော့ လုပ်လိုက်၇င် အတည်ပေါက်။ လင့်လေးဘာလေး၇နိုင်၇င် သွားဖတ်ချင်သားဗျာ။

    ReplyDelete
  7. တခါမှမကြားဖူးပါဘူးဗျာ.. Traceable Data လည်းထဲ့ပေးဦးလေ။

    ReplyDelete
  8. စိတ်ဝင်စားတယ်.. ဒါပေမယ့် ညည အိပ်မက်တွေ မကောင်းလို့ ပုံကို ရဲရဲ ကြည့်မသွားဘူုး... :)

    ReplyDelete
  9. ကိုသက်တန့်ချိုရေ.. အဲဒီအကြောင်းစိတ်ဝင်စားလို့ မနေ့က အင်ဒိုသူငယ်ချင်းတစ်ယောက်ကိုမေးကြည့်တယ်။ သူပြောပြမှပိုတောင်ကြောက်ဖို့ကောင်းလာတယ်။
    အခုချိန်ထိ ဆူလာဝေဆီ မှာဒီနည်းအတိုင်းသုံးနေတုန်း ဘဲတဲ့။ သူတို့က လူသေကောင်တွေကို တောင်နံရံမှာ လေးထောင့်ပုံထွင်းပြီး ထည့်ထားပြီး သေသွားတဲ့ အမျိုးဆွေတွေကိုလေးစားသမှုပြုတဲ့အနေနဲ့ထားတာတဲ့။ တောင်နံရံပေါ်အလောင်းကောင်သွားထည့်ဖို့မလွယ်ဘူး ဒါကြောင့်အဲဒီနည်းနဲ့ဘဲ အလောင်းကောင်တွေကို သူ့ဘာသူပေးဝင်တာပါတဲ့။ သူလဲခဏခဏတွေ့ဖူးတယ်ပြောတယ်။ သေတဲ့ သူရဲ့ကို ၇ ရက် တစ်ချို့ဆို ၁ လလောက်ထိထားပြီး မှာ အခေါင်းကိုဖွင့် အလောင်းကောင်ကို သူ့ဘာသူထ လမ်းလျှောက်စေပြီး တောင်နံရံနားအရောက်မှာ အပေါ်ကိုလွှားကနဲ့ခုန်တက်စေတယ်ပြောတယ်.. သူတို့အတွက်လုပ်ထားတဲ့ လေးထောင့်အကွက်လေး ထဲကို သူတို့ဘာသာသူတို့ဝင်သွားတယ် လို့ ပြောပြတယ်။
    အနောက်ကနေဆရာ ကတော့ လက်နဲ့ညှို့လိုက်ထိမ်းပေးတယ်လို့ပြောပြပါတယ်။
    ကူးကူးတောင်စိတ်ဝင်စားလို့ ဒီတစ်ခေါက် အင်ဒို ရောက်ဖြစ်ရင် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီ။း)

    ReplyDelete
  10. သန်းထွန်းFebruary 16, 2012 at 8:27 PM

    မြတ်စွာဘုရားလက်ထက်မတိုင်မှီ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတည်းက အိန်ဒိယ(india) မှာ အဲဒီနည်းကိုပဲသုံးခဲ့တယ်လို့ဆိုပါတယ်။ ဖုတ်သွင်းတယ်ဆိုတာက မြေဘုတ်ဘီလူးကို ဆိုလိုတာပါတဲ့။ မြေဘုတ်ဘီလူးကို ဘူတ လို့ခေါ်ပါတယ် ပါဠိလို။ နောက်တော့ ဘူတနေ ဘုတ်ဖြစ်တယ် နောက်ပိုင်းတော့ဖုတ်ဆိုပီးတော့ပြောင်းသွားတာ။ ဒီနည်းကအိန်ဒိယကနေ အင်ဒိုကို ကုန်သည်တွေကနေတဆင့် ရောက်သွားတယ်လို့ဆိုပါတယ်။ ဖုတ်သွင်းသဂြိုလ်တယ်လို့ပြောကြတာပေါ့ မြေဘုတ်ဘီလူးကို တစ်ခါသုံးရင် ပိုင်ရှင်ကိုပိုက်ဆံ ကျွဲနွားပေးရပါတယ်။ ဘီလူးကိုလဲ မသာထဲဝင်နေတုန်း ကျွေးရပါတယ်တဲ့။ မြေဘုတ်ဘီလူးဝင်နေတဲ့မသာကောင်ကြီးရဲ့မျက်မျက်စိနှစ်ဖက်မှာ မိမိတို့အဆင့်တန်းအလိုက်ပိုက်ဆံထည့်ပေးရတယ်။ ကူးတို့ခ(သို့) မသာပို့ခပေါ့။ အဲဒါကို မြေဘုတ်ဘီလူးပိုင်ရှင်ရတာပါ။ အခုခေတ်လဲစမ်းလို့ရပါသေးတယ်တဲ့။ မကြောက်ရင် လုပ်ကြည့်ပေါ့။ ဒို့တော့ စမ်းရဲပေါင်

    ReplyDelete
  11. During "ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေရပါတယ်" then how မှော်ဆရာ guides လူသေကောင် ???

    "လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီး သူ့အနောက်မှာတော့ ဖုတ်သွင်းသူ မှော်ဆရာက လမ်း ညွှန်ပေးရပါတယ် ။"

    "ဒါပေမယ့်အဲဒီအချိန်မှာ ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေရပါတယ် ။"

    ReplyDelete
  12. ကြောက်စရာကြီးနော်...........ဟီးဟီး

    ReplyDelete
  13. ဒါကဘုရားမကြိုက်တဲ့အလုပ်တွေ သေတာတောင်ကောင်းကောင်းမသေရဘူး

    ReplyDelete
  14. သွားပီပဲကြည့်ချင်တဃ်..လုံးဝမကျေနပ်တာတော့အမှန်ပဲဗျာ

    ReplyDelete