Tuesday, February 21, 2012

သစ်ခုတ်သမားနှင့်ပုဆိန်

သစ်ခုတ်သမားနှင့်ပုဆိန်



တစ်ခါတုန်းက သစ်ခုတ်သမားတစ်ဦးဟာ ကုန်သည်သူဌေးကြီးတစ်ဦးဆီမှာ အလုပ်ရဖို့အတွက် အကူအညီ သွားတောင်း တယ် ။ သစ်ခုတ်တဲ့အလုပ်ကိုသူရသွားပါတယ် ။ သူ့လုပ်ခ လစာကလည်းအရမ်းကောင်းတဲ့အတွက် သူ့အ တွက် အခြေအနေအားလုံးဟာ ကောင်းနေပါတယ် ။ ဒါကြောင့် သစ်ခုတ်သမားဟာသူအစွမ်းကုန် သူ့အလုပ် ကိုလုပ်ဖို့ဆုံးဖြတ်လိုက်တယ် ။

သူ့ သူဌေးက သူ့ကို ပုဆိန်တစ်လက်ကိုပေးပြီး ခုတ်ရမယ့်နေရာတွေကိုလိုက်ပြတယ် ။ ပထမရက်မှာတော့ သစ်ခုတ် သမားဟာ အပင် ၁၅ ပင်ကိုခုတ်နိုင်ပါတယ် ။ “ ဂုဏ်ယူပါတယ် ” လို့ သူဌေးကပြောတယ် “ အလုပ်ကို ကြိုး စားပြီးလုပ်ပါ ”

သူ့သူဌေးရဲ့အားပေးစကားကြောင့် သူအားတတ်သွားပြီးနောက်ရက်မှာလည်း အလုပ်ကို ဒီထက်ပိုကြိုးစားတယ် ။ ဒါပေမယ့်နောက်ရက်မှာ သူဟာ ၁၀ ပင်ပဲခုတ်နိုင်ခဲ့တယ် ။ တတိယရက်မှာလည်းသူဟာပိုပြီး ကြိုးစားခုတ်ခဲ့တယ် ။ ဒါပေမယ့် ၇ ပင်ပဲခုတ်နိုင်ခဲ့တယ် ။ နေ့ရက်တွေကြာလာတာနဲ့အမျှ သူဟာ အပင်တွေကိုလျော့လျော့ပြီးပဲ ခုတ်နိုင် ခဲ့တယ် ။

“ ငါ့စွမ်းအားတွေကျဆင်းနေပြီ ” လို့ သစ်ခုတ်သမားကတွေးထင်လိုက်တယ် ။ ဒါနဲ့သူဟာ သူ့သူဌေးဆီကိုသွားပြီး သူ ဘာကြောင့် ဒီလို အပင်တွေ ကိုကြိုးစားခုတ်ပေမယ့်လည်းလျော့ပြီးပဲ ခုတ်နိုင်ရသလဲ ဆိုတာ နားမလည် တဲ့အကြောင်းမေးမြန်းခဲ့တယ် ။

“ သင်ဟာ ဘယ်အချိန်တုန်းက သင့်ပုဆိန်ကိုသွေးခဲ့သလဲ ” လို့ သူဌေးကမေးတယ် ။ “ သွေးရမယ် ဟုတ်လား ကျွန်တော် ဟာ အပင်တွေကို ခုတ်ဖို့အလုပ်များနေတဲ့အတွက် ပုဆိန်ကိုသွေးဖို့ အချိန်မရှိခဲ့ပါဘူး ” လို့ သစ် ခုတ်သ မားက ပြန်ဖြေရှင်း သူ့လိုအပ်ချက်ကို သူ ရှင်းရှင်းလင်းလင်းသိသွားခဲ့တယ် ။

############################

ကျွန်တော်တို့အများစုဟာ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်တတ်မြောက်မှု Skills တွေကို ဘယ်တော့မှ Update မလုပ်မိကြ ဘူး ။ ကျွန်တော်တို့ သင်ယူခဲ့တာ သင်ယူနေတာ တတ်ထားတာလေးတွေဟာ ဘ၀အ တွက်ပြည့်စုံ လုံလောက်နေပြီလို့ပဲ ထင်နေမိတတ်ကြတယ် ။ Good ဆိုတဲ့စကားလုံးနဲ့မလုံလောက်သေးပါဘူး Better ဆိုတဲ့စကားလုံးရအောင်ကြိုးစားရဦးမှာပါ ။ ကိုယ်တတ်မြောက်ထားတဲ့အရည်အသွေးတွေကို ထက်မြနေအောင် အချိန်တိုင်းသွေးထားမှသာ ကျွန်တော်တို့လိုချင်တဲ့ Success ဆိုတဲ့ အောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ် ။

သက်တန့်ချို
Feb 21-2012

Busy စာစုအား Vangeepuram ရေးသားသည်အား ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. ဒီပုံပြင်လေးကို ကြားဖူးခဲ့တယ်... အရမ်းကောင်းတယ်....

    ကိုယ်တတ်မြောက်ထားတဲ့အရည်အသွေးတွေကို ထက်မြနေအောင် အချိန်တိုင်းသွေးထားမှသာ ကျွန်တော်တို့လိုချင်တဲ့ Success ဆိုတဲ့ အောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ် ။

    ဓါးသွေးဖို့ မမေ့ကြပါနဲ့နော်.......

    ReplyDelete