Friday, February 10, 2012

ပေးဆပ်အချစ်

ပေးဆပ်အချစ်



တခါတုန်းက မျက်မမြင် ကောင်မလေးတစ်ယောက်ရှိတယ် ။ သူ့စိတ်ထဲမှာ အရာအားလုံးကို အထင်သေးမှုတွေ မလိုမုန်း တီးမှုတွေ စက်ဆုပ်မှုတွေနဲ့ ပြည့်နေလေ့ရှိတယ် ။ သူမမှာ သူငယ်ချင်း များများစားစားမရှိဘူး ။ သူ့ကို တခြား သူတွေမချစ်နိုင်တဲ့အချစ်မျိုးနဲ့ နက်ရှိုင်းစွာချစ်တဲ့ ကောင်လေးတစ်ယောက် ပဲ ရှိတယ် ။ မျက်မ မြင်ကောင် မလေးက ကောင်လေးကို အမြဲပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ် ။

“ ငါ့မျက်လုံးတွေ ပြန်မြင်ရတဲ့တစ်နေ့ နင့်ကိုလက်ထပ်မယ် ” တဲ့ ။ ဒီလိုနဲ့ တစ်ရက်မှာ သူ့အတွက် မျက်လုံး တစ်စုံလှူမယ့် လူတစ်ယောက်ပေါ်လာခဲ့တယ် ။ နောက်ဆုံးမှာ သူမမျက်လုံးတွေပြန်မြင်ပြီး သူ့ကောင်လေး ကို လည်း မြင်ခွင့်ရခဲ့တယ် ။ အဲဒီအချိန်မှာ သူမ အလွန်အံ့အားသင့်သွားခဲ့တယ် ။ ဘာကြောင့်လည်းဆိုတော့ သူမ ကောင်လေးကလည်း သူမလိုပဲ မျက်မမြင်တစ်ယောက်ဖြစ်နေလို့ပါပဲ ။

ကောင်လေးကမေးတယ် ။ “ နင်အခု ငါ့ကိုမြင်ရပြီမဟုတ်လား ငါတို့လက်ထပ်ကြမလားဟင် ”

ဒီတော့ကောင်မလေးကပြန်ပြောတယ် ။ “ အို.. ဘယ်လိုဖြစ်နိုင်မှာပလဲ ငါတို့ဘယ်တော့မှ ပျော်ရမှာမဟုတ်ဘူး အခု ငါ့မျက် လုံးတွေပြန်မြင်နေရပြီလေ ဒါပေမယ့် နင်ကတော့ အခုထိ ကန်းနေတုန်းပဲ ဒါကြောင့် စိတ် မကောင်း ပါဘူး ငါတို့ မဖြစ်နိုင်ဘူး ” တဲ့ ။

ကောင်လေးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တစ်ပေါက် စီးကျလာတယ် ။ ပြီးတော့ ကောင်လေး က ကောင် မလေးကိုပြုံးပြပြီး “ ငါနားလည်ပါတယ် ငါက နင့်ကိုပျော် ရွှင်စေချင်ခဲ့ယုံသက်သက်ပါ ကျေးဇူးပြုပြီး နင့်ကိုယ် နင် ဂရု စိုက်ပါ ပြီးတော့ငါ့မျက်လုံးတွေကိုလည်းဂရုစိုက်ပေးပါ ”

ပြီးတော့ကောင်လေး က ကောင်မလေးရှေ့ကနေ လှည့်ထွက်သွားခဲ့တယ် ။

###############################################

တကယ်တော့အချစ်ဆိုတာ အမြင်သဏ္ဍာန်ပေါ်မူတည်ပြီးပြောင်းလဲတတ်တာမျိုးမဟုတ်ပါဘူး ။ မြင်နေ ရ သည် ဖြစ်စေ မမြင်ရသည်ဖြစ်စေ ရင်ခုန်သံချင်းနားလည်နေဖို့သာလိုတာပါ ။ ကောင်မလေးဟာ ရဲ့အချစ်ဟာ အမြင် သဏ္ဍာန်ပေါ်မူတည်ပြီးပြောင်းလဲသွားခဲ့တယ် ။ လောကကြီးမှာ အချစ်ဆိုတာဟာလည်း အဲဒီလို အသွင် သဏ္ဍာန် နဲ့ အခြေအနေ ၊ အချိန်အခါပေါ်မူတည်ပြီးပြောင်းလဲတတ်ပါသလား လို့ ကောင်လေး စိတ်ထဲ တွေးနေ မိမှာပါပဲ ။

သက်တန့်ချို (Feb-3-2012)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. အချစ်ဆိုတာဟာလည်း အဲဒီလို အသွင် သဏ္ဍာန် နဲ့ အခြေအနေ ၊ အချိန်အခါပေါ်မူတည်ပြီးပြောင်းလဲတတ်ပါသလား
    ခုခေတ်ကတော့ အဲလိုတွေ များနေပါပြီ မျက်စိမမြင်တဲ့လူ မပြောပါနဲ့ လူကောင်းတွေ တောင် အကုန်ပြောင်းလဲတတ်ကြတာကိုး

    ReplyDelete
  2. ဟတ်ထိတယ်

    ReplyDelete
  3. လွှမ်းမိုးသူApril 19, 2013 at 7:46 AM

    flowerpoemပြောတာထောက်ခံတယ်

    ReplyDelete