Monday, February 20, 2012

သဲပြင်ပေါ်မှာရေးတဲ့စာနဲ့ကျောက်တုံးပေါ်မှာရေးတဲ့စာ

သဲပြင်ပေါ်မှာရေးတဲ့စာနဲ့ကျောက်တုံးပေါ်မှာရေးတဲ့စာ



တခါတုန်းက သူငယ်ချင်းနှစ်ဦးဟာ သဲကန္တာရ တစ်ခုထဲမှာ လမ်းလျှောက်လာကြတယ် ။ လမ်းခရီးတစ်နေရာ အရောက် မှာ သူတို့ စကားများကြပြီး သူငယ်ချင်းတစ်ယောက် နောက်တစ်ယောက်ရဲ့မျက်နှာကို လက်နဲ့ရိုက် လိုက် တယ် ။ အရိုက်ခံရတဲ့ ကောင်လေးက နာသွားပြီး ဘာမှ ပြန်မပြောပါဘူး ။ ဒါပေမယ့် သူဟာ သဲပြင်ပေါ် မှာ အောက်ပါအတိုင်းစာရေးခဲ့တယ် ။

“ ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့မျက်နှာကိုရိုက်တယ် ”

ဒီလိုနဲ့သူတို့နှစ်ဦးဟာ အိုအေစစ် ကိုရောက်တဲ့အထိ လမ်းလျှောက်လာခဲ့ကြတယ် ။ အဲဒီနေရာမှာ သူတို့ ရေ ချိုးရေကူးကြဖို့ ဆုံးဖြတ်လိုက်ကြတယ် ။ ဒီလိုနဲ့ မျက်နှာအရိုက်ခံရတဲ့ ကောင်လေးဟာ ရေချိုးနေတုန်း အိုအေစစ် ထဲမှာ နွံထဲ ဆင်းမိပြီး နွံထဲကိုတဖြည်းဖြည်းနစ်မြုပ်သွားခဲ့တယ် ။ ဒါပေမယ့် သူ့သူငယ်ချင်းက သူ့ကို အချိန်မှီ ကယ်တင်လိုက်ပါတယ် ။ နွံနစ်တဲ့ နေရာအနီးမှာ သူသတိပြန်ရလာတဲ့အခါ သူ ကျောက် တုံးတစ် တုံးပေါ် မှာအောက်ပါအတိုင်းစာရေးခဲ့တယ် ။

“ ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့အသက်ကိုကယ်ခဲ့တယ် ”

ဒီတော့ သူ့အသက်ကို ကယ်ခဲ့တဲ့သူငယ်ချင်းက မေးတယ် ။

“ ငါမင်းကို နာကျင်အောင်လုပ်တုန်းကလည်း မင်း သဲပြင်ပေါ်မှာ စာရေးခဲ့တယ် အခုငါမင်းကိုကယ်ခဲံတော့လည်း မင်းကျောက်တုံးပေါ်မှာ စာရေးခဲ့တယ် အဲဒါဘာဖြစ်လို့လဲ ”

ဒီတော့ သူကပြန်ပြောတယ် ။

“ ငါတို့ကို တစ်စုံတစ်ယောက်က နာကျင်အောင်လုပ်တဲ့အခါမှာတော့ ငါတို့သဲပြင်ပေါ် မှာပဲ ရေးပြီးမှတ် ထားသင့် တယ် ။ ဒါမှ လေတိုက်တဲ့အခါ အဲဒီစာတွေပျောက်သွားသလိုမျိုး ခွင့်လွှတ်ခြင်း က အဲဒီနာကျင်မှုကို အဝေးကိုဖယ် ရှားပေးနိုင် မှာပါ ။ ဒါပေမယ့် ငါတို့အတွက် တစ်စုံတစ်ယောက်က ကောင်းတဲ့အရာတွေ လုပ်ပေးခဲ့ရင်တော့ ငါတို့ကျောက်တုံးပေါ်မှာ ရေးမှတ်ထားသင့်တယ် ဒါမှ ဘယ်လိုလေမျိုးတိုက်တိုက် ပျောက်ပျက်မသွားရအောင်ပေါ့ ”

####################################

သင့်ရဲ့ နာကျင်မုန်းတီးမှုတွေကို သဲပြင်ပေါ်မှာပဲ ရေးမှတ်ထားလိုက်ပါ ။ လေတိုက်တဲ့အခါ အဲဒီစာတွေ လွင့်ပျောက် သွားပါစေ -----

သင့်အပေါ်ကောင်းတဲ့သူတွေကိုတော့ ကျောက်တုံးပေါ်မှာ ရေးမှတ်ထားလိုက်ပါ ။ ဘယ်လို ပဲ လေပြင်းတွေ တိုက် တိုက် မပျောက်ပျက်ပဲ အမြဲအမှတ်ရနေပါစေ-----

သက်တန့်ချို
Feb 20-2012

Sand and Stone အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. ဒီပိုစ့်လေးအရမ်းကြိုက်တယ်...
    တိုက်ဆိုင်နေတဲ့အချိန်မို့လားမသိဘူး...

    ReplyDelete
  2. အကြိုးတေးမထားတတ်တော့ တခါတခါ ကိုယ့်ကိုကိုယ် အမှတ်မရှိဖူးထင်ရတယ်

    ReplyDelete
  3. ကောင်းလိုက်တဲ့ ပို့ စ်လေး သက်တန့် ရေ

    ReplyDelete
  4. တအားကောင်းတယ် သတ်သန့်ချို ကောင်ပါ့ အဟုတ် ကျေးဇူးနော်

    ReplyDelete