Saturday, February 18, 2012

အသက်ရှိနေစဉ်မှာ အမေ့ကိုထွေးပွေ့ဖို့မမေ့ပါနဲ့

အသက်ရှိနေစဉ်မှာ အမေ့ကိုထွေးပွေ့ဖို့မမေ့ပါနဲ့



လူတစ်ယောက်ဟာကားမောင်းလာရင်း စတိုးဆိုင်တစ်ခုမှာ နှင်းဆီပန်းစီးတွေ ပို့ပေးဖို့အတွက် အော်ဒါမှာဖို့ ရပ်လိုက်တယ် ။ ဟိုး မိုင်ပေါင်း ၂၀၀ ကျော်ဝေးတဲ့အရပ်မှာ နေတဲ့ သူ့မိခင်ဆီ ပန်းစည်းပို့ပေး ဖို့အ တွက် အော်ဒါမှာမလို့ ဖြစ်ပါတယ် ။

သူ့ကားဆီကို ပြန်ရောက်တဲ့အခါ ကားနားမှာ ငိုပြီးရပ်နေတဲ့ မိန်းကလေးငယ်လေးတစ်ဦးကိုတွေ့လိုက်ရတယ် ။ သူက မိန်းကလေးကိုမေးလိုက်တယ် ။ ဘာဖြစ်လို့ငိုနေရတာလဲလို့ပေါ့ ။ ကောင်မလေးကပြန်ပြောတယ် ။ “ သမီး အမေအတွက် သမီးနှင်းဆီတစ်ပွင့် ၀ယ်ချင်လို့ပါ ဒါပေမယ့် သမီးမှာ ငွေ ငါးဆယ်ပဲရှိ ပါတယ် နှင်း ဆီတစ် ပွင့်ကို ငွေနှစ်ရာကျပါတယ် ”

အဲဒီလူက ပြုံးလိုက်ပြီးပြောတယ် “ လာလာ ဦးဦးနဲ့လိုက်ခဲ့ ဦးဦးသမီးအတွက် နှင်းဆီတစ်ပွင့်ဝယ်ပေးမယ်နော် ”

ပြီးတော့ အဲဒီကောင်မလေးကို နှင်းဆီ ပန်းရောင်းတဲ့ဆိုင် ထဲခေါ်သွားပြီး သူ့အမေအတွက် နှင်းဆီပန်းတွေ ၀ယ်ပေး လိုက်တယ် ။ အပြန်လမ်းမှာ အဲဒီလူက ကောင်မလေးကို အိမ်ကိုပြန်လိုက်ပို့ပေးရမလားလို့ မေးခဲ့တယ် ။

ကောင်မလေးက “ ဟုတ်ကဲ့ ဦးဦးကျေးဇူးပြုပြီးလိုက်ပို့ပေးပါ သမီးအမေဆီ ဦးဦးကိုခေါ်သွားပါ့မယ် ” လို့ပြန်ပြော လိုက်တယ် ။

ဒီလိုနဲ့ ကောင်မလေး သူ့ကို လမ်းညွှန်ခေါ်ဆောင်သွားတဲ့နေရာကတော့ သင်္ချိုင်းတစ်ခုထဲက အသစ်စက်စက် အုတ်ဂူ တစ်ခုဆီကိုပါပဲ ။ သူ့အမေအုတ်ဂူဆီရောက်တဲ့အခါ ကောင်မလေးက ဖြေးဖြေးလေး နှင်းဆီပွင့်လေးကို အုတ်ဂူပေါ် တင်လိုက်ပါတော့တယ် ။

###############################

အဲဒီလူဟာ နှင်းဆီပန်းရောင်းတဲ့ဆိုင်ကိုပြန်လာခဲ့တယ် ။ သူမှာခဲ့တဲ့ နှင်းဆီ ပန်းပို့ခိုင်း တဲ့ အော်ဒါ ကိုဖျက်ပြီး နှင်းဆီပန်းလှလှ တစ်စီးကိုရွေးပြီးဝယ်လိုက်တယ် ။ ပြီးတော့ မိုင်ပေါင်း ၂၀၀ ကျော်ဝေးတဲ့ သူ့အမေဆီ ကို နှင်းဆီ ပန်းစည်းလေးကိုင်ဆောင်လို့ ထွက်ခွာသွားပါတော့တယ် ။

##############################

အဖေ နဲ့ အမေ အသက်ရှိနေစဉ်မှာ ကျွန်တော်တို့ဟာ လေးနက်စွာ ပြန်လည်ဂရုစိုက်ပေးဖို့လိုပါတယ် ။ သေလွန်သွားခါမှ ပန်းစည်းသွားပေးရတာထက်စာရင် မသေသေးခင်မှာ အမေ့ကို ယုယ ပိုက်ထွေးပေးကြ ဖို့မမေ့ပါနဲ့။ မိဘတွေ ဟာ သားသမီးတွေဆီက တကယ်လိုအပ်တာ ငွေကြေးမဟုတ်ဘူး ။ တိုက်တာ အဆောက်အ အုံတွေမဟုတ်ဘူး ။ ပြန်လည်ပေးဆပ်မှုတွေလည်းမဟုတ်ဘူး ။ သင့်ကို နွေးထွေး စွာ ပွေ့ဖက် ထားချင်တဲ့ အခွင့်လေးတစ်ခုပါပဲ ။

သက်တန့်ချို
Feb 18-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. ကျွန်တော်ကံကောင်းတယ်ပြောရမှာပါပဲ
    အခုအထိကျွန်တော်အမေ့အိမ်မှာနေရုံတင်မကပဲ
    အမေ့ရင်ခွင်ထဲမှာပါနေခွင့်ရနေတုန်းပါပဲ။
    စာလေးကိုဖတ်ပြီး ကွန်ပျူတာနာကနေ အမေ့
    နားကိုပြေးသွာိးုက်မိတယ် သိလား

    ReplyDelete
  2. အမလဲ အဖေ့ကို မထွေးပွေ့ခဲ့ မနမ်းခဲ့မိလို့ နောင်တရနေခဲ့ယ်...အဖေဆုံးပြီးနောက်ပိုင်း ရန်ကုန်ပြန်တိုင်း အမေ့ကို ခဏခဏဖက်နမ်းတယ်...

    ReplyDelete
  3. ကျွန်တော်ကတော့ ထွေးပွေ့တာတင်မဟုတ်ဘူး ဖင်ပါဆေးပေးတယ်ဗျို့ အမေလေဖြန်းတုန်းကပေါ့ ၁၅၀၀ ချစ်သူနဲ့တော့မလဲနိုင်ဘူးဗျာ

    ReplyDelete
  4. ကျွန်တော်ကတော့ ထွေးပွေ့တာတင်မဟုတ်ဘူး ဖင်ပါဆေးပေးဘူးတယ်ဗျို့ အမေလေဖြန်းတော့ကပေါ့ ၁၅၀၀ချစ်သူနဲ့တော့မလဲနိုင်ဘူးဗျို့

    ReplyDelete
  5. ရင်ထဲမှာတော့ အလွမ်းတွေ အပြည့်နဲ့ပေါ့အကို... မဝေးတော့တဲ့ တစ်နေ့နေ့တော့...အိမ်ပြန်ဖြစ်မှာပါလေ...

    ReplyDelete
  6. လိုင်းမကောင်းလို့ဗျာ ၂ခါဖြစ်သွားတယ်

    ReplyDelete
  7. နင့်ခနဲပါပဲအကိုရေ.. ကျွန်တော်ကတော့ ထွေးဖက်ခွင့်ကို ဒီတစ်သက် မရနိုင်တော့ပါဘူး.. :(

    ReplyDelete
  8. ကြိုးစားနေပါတယ်အမေရောအဖေရောအသက်ရှင်နေတုံးထွေးပွေ့နိုင်ဖို့ပါ

    ReplyDelete